Chapter 20

10.4K 415 86
                                    

~ Without you,I'm nothing ~

💜 Unicode 💜

အငယ်လေးတစ်ယောက် အခန်းထဲတံခါးထောင့်လေးကိုမှီပြီး ငြိမ်ငြိမ်ကြီးထိုင်နေမိတယ်။ တံခါးအပြင်ဘက်က နေရောင်ကတော့ သူ့ကလေးမကအခန်းတံခါးမဖွင့်ပေးတာမို့ အခန်းဝမှာတင် တံခါးလက်ရန်းလေးကိုင်ပြီး ရပ်နေရပါလေသည်။

အငယ်....အငယ်ထွက်ခဲ့လေကွာ.......ကလေး....မင်းရှိနေတာကိုယ်သိတယ်နော်။ ကိုယ်တို့ စကားပြောရအောင်လေကွာ။ နော်....ငယ်....ထွက်ခဲ့ပါဦးကွာ။"

သူဘယ်လောက်ခေါ်ခေါ် အငယ်လေးက လုံးဝတံခါးမဖွင့်ပေးတာမို့ နေရောင်တစ်ယောက် အခန်းရှေ့မှာ နံရံကိုမှီပြီး ထိုင်ချပစ်လိုက်သည်။ အခုပဲ အင်တာဗျူးအခန်းအနားကပြန်လာလို့ ပင်ပန်းနေတဲ့စိတ်တွေက သူ့ကလေးမကိုတွေ့လိုက်ရလို့ အတော်လေးပြေပျောက်သွားပေမယ့် ဒီကလေးကသူ့ကို ဒီလိုကြီးရှောင်နေတော့ ယောကျ်ားရင့်မာကြီးဖြစ်တဲ့ဒီကောင်က ငိုချင်လာရပြီ။ နံရံကိုမှီတွယ်ရင်း သူ့မျက်နှာချင်းဆိုင်က ပိတ်ထားတဲ့တံခါးလေးကို ပွင့်လာမလားဆိုပြီး ထိုင်ကြည့်နေမိတယ်။

ဒီကလေးမရဲ့အထိအတွေ့တွေ အပွေ့အဖက် အငွေ့အသက်တွေသူလိုအပ်တယ်။ အချိန်တိုင်းမှာ အငယ်ကသူ့အတွက်အရေးကြီးတယ်ဆိုတဲ့ အဲ့ဒီအကြည့်နွေးနွေးတွေ သူလိုအပ်နေတယ်။ သူအနားကပ်လာတိုင်း မော့မော့ကြည့်တတ်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ သူလွမ်းတယ်။ သူ့ဂရုစိုက်မှုတွေကို အသားကျနေတဲ့ကလေးမကိုလဲ လွမ်းတယ်။ သူ့မှာ ဒီနှစ်တွေအတွင်း ရူးခါလောက်အောင်လွမ်းနေပေမယ့် ဒီကလေးမကတော့ သူ့ကိုသူစိမ်းဆန်နေပြီ။ ဘာကြောင့်လဲဆိုတဲအချက်ကို သူမသိပေမယ့် သူသိတာကတော့ ဒီကလေးအများကြီးပြောင်းလဲသွားပြီဆိုတာပဲ။

ကိုယ်မင်းကိုလွမ်းတယ်ငယ်။ ကိုယ့်ကိုခဏလောက် ထွက်တွေ့ပါဦးလားကွာ။ "

ဒီချိန်မှာသူ့ရှေ့တံခါးထောာင့်မှာ မှီပြီးထိုင်နေတဲ့ကလေးမက သူပြောသမျှကိုအကုန်ကြားပါတယ်။ ဒါပေမယ့် သူတုတ်တုတ်မျှမလှုပ်သလို ပြန်လဲမထူးနိုင်ဘူး။ အငယ့်စိတ်ထဲဒီချိန်ရှိတာဆိုလို့ လူကြီးလောက်နီးနီး နာမည်ကြီးလာအောင် ကြိုးစားဖို့ပဲ။ အငယ်လုပ်နိုင်တာကိုလုပ်မယ်။ ရောက်တဲ့နေရာကစမယ်။ ရှိတဲ့အစွမ်းအစကိုသုံးမယ်။ လျှောက်တဲ့ခြေလှမ်းတွေများလာရင် တနေ့တော့ခင်ဗျားနဲ့နီးမှာပါ။ ဒါပေမယ့်အခုချိန်မှာတော့ အငယ်ခင်ဗျားဆီထပ်မပြိုလဲနိုင်ဘူး။ တက်သစ်စဆိုတဲ့အမည်ခံနဲ့ ခင်ဗျားဆီလာရမှာ အငယ်ရှက်တယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now