Chapter 47

5.4K 227 30
                                    

~ The Guests ~
💜 Unicode 💜

အင်တာဗျူးအတွက် အခန်းအနားပြင်ဆင်လို့အပြီးမှာ မိုင်တစ်ယောက်အပြေးအလွှားနဲ့ရောက်လာလေသည်။ နိုအဲကပြေးလာနေတဲ့ သူ့မမလေးကိုတွေ့တာနဲ့ ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်လိုက်မိတယ်။ ဂွမ်းလုံးလေးလိုပဲ ။ အပေါ်ထပ်ကို ခပ်ထူထူနဲ့ခပ်ရှည်ရှည်ကုတ်အကျီဆင်ဆွယ်ရောင်လေးနဲ့ ပုံမှန်ထက်ထူတဲ့ Style pant ဆင်ဆွယ်ရောင်လေးနဲ့ ဖိနပ်တောင်မှ ခြေစွပ်သုံးရတဲ့ leather Bootအတို လေးနဲ့ လည်ပင်းမှာလဲ ပဝါနီနီလေးနဲ့ တကယ့်ဂွမ်းလုံးလေးလိမ့်လာသလိုပဲ။

ဘုရားရေ....ဒီလူတကယ်ကြီး နွေးတာတွေသပ်သပ် ကိုဆင်ပေးလိုက်တာပဲ။ အေးတယ်ဆိုတာသိပေမယ့် ဒါကြီးကအလွန်အကျွံကြီးမဟုတ်ဘူးလား။ "

နိုအဲ....နိုအဲ "

ဟုတ်မမလေး "

နန်းမေရော "

သခင်မကြီးက နားနေခန်းမှာ ရောက်နေပါပြီမမလေး။ သူ့အမျိုးသားနဲ့အတူလာတာပါ။ အင်တာဗျူးအတွက်အကုန်ပြင်ဆင်ပြီးပါပြီ။ အင်တာဗျူးမယ့်လူကတော့ မမလေး ရွေးထားတဲ့အတိုင်းပါပဲ။ ခဏနေစတော့မယ်။

အိုခေ....တော်တယ်....ငါနန်းမေဆီအရင်ပြေးလိုက်ဦးမယ် "

မိုင်ကသူ့အမရှိရာနားနေခန်းဆီ အမြန်ပြေးပြီးသွားလေတော့ ကျန်ခဲ့တဲ့နိုအဲကရယ်လေသည်။

ဒီညီအမတွေက မတွေ့ရရင်ကိုမနေနိုင်ကြပါလား။ "

ဒေါက်ဒေါက်ဒေါက်....

ဝင်ခဲ့ပါ"

မေတစ်ယောက် သူ့အမျိုးသားလေးကို နက်ကတိုင်လေးသေချာပြင်ပေးနေတုန်း နောက်လှည့်ကြည့်မိတော့ ဝင်လာတဲ့ ဇွန်လာမိုင်ကြောင့် မျက်လုံးလေးတွေလက်ခနဲ....

မိုင်!"

သူ့ကိုတွေ့တာနဲ့ မိုင်က တံခါးဝနားလေးကနေရပ်ပြီး လက်လေးကမ်းလေတော့ မေတစ်ယောက် ချက်ချင်းထကာကဆုန်ပေါက်ပြေးလာ၍ မိုင့်ကိုပြေးဖက်လေသည်။

အိုး.....လွမ်းလိုက်တာ....ဒေါ်နန်းမေတို့ လာလည်ဖော်လေးတောင်မရဘူးနော်။ အင်တာဗျူးဖို့သာ မဖိတ်လိုက်ရင် ဘယ်အချိန်မှတွေ့ရပါ့တော့မလဲ.... မွ......။ "

မချိုပေမယ့်...မခါးပါဘူးTempat cerita menjadi hidup. Temukan sekarang