Chapter 23

9.4K 430 49
                                    

~ Fall again ~

💜 Unicode 💜

ကောင်းပြီ.....ကိုယ်ထွက်သွားပါ့မယ်။ "

ရုန်းရင်းဆန်ခတ်အခြေအ​အနေမှာ သူ့ကလေးငယ် လန့်သွားမှာဆိုးလို့ နေရောင်တစ်ယောက် သူကိုယ်တိုင်ပဲ နောက်ဆုတ်ပေးလိုက်ရပါလေသည်။ ခြေလှမ်းတွေနောက်ပြန်ဆုတ်ပြီး တံခါးဆံလက်လှမ်းဖွင့်လိုက်တော့ အပြင်ဘက်အပေါက်ဝတည့်တည့်မှာရပ်နေတဲ့ မထင်မှတ်ထားစရာ လူတစ်စုကြောင့် နေရောင်တစ်ယောက် တံခါးဝမှာတင် ကြောင်တောင်တောင်နဲ့ရပ်နေမိသည်။

အဲ........ဘာလို့....ဒီလိုကြီး..... "

နေရောင်ရဲ့စကားသံမှာ အငယ်လေးကပါအလန့်တကြားနဲ့ တံခါးဝဘက်ကိုလှည့်ကြည့်တယ်။ မမမိုင်ဦးဆောင်တဲ့ မိတ်ကပ်နဲ့Stylist တစ်စုသာ။ သို့ပေမယ့် ​ရှေ့ကတစ်အုပ်ကတော့ သူ့ကိုမြင်ဟန်မပေါ်။ အငယ့်အခန်းထဲကထွက်လာတဲ့နေရောင်ကို သရဲတွေ့သလိုလန့်နေကြခြင်းသာ။

ငနေ....လဒ.....နင်.....နင်...ငါ့ကလေးအခန်းထဲဘာဝင်လုပ်နေတာလဲ။ "

ဘယ်သူကနင့်ကလေးလဲ "

အဲ့တာအရေးကြီးလို့လား။ အခုနင်က မိန်းကလေးအဝတ်လဲခန်းထဲ ဘာဝင်လုပ်နေတာလဲ။"

သူပြောကာမှ ကိုယ့်ကိုယ်ကိုသတိထားမိတဲ့နေရောင်တစ်ယောက် အခုတော့ ရှင်းရခက်ပြီ။ နောက်ကသူ့ကိုစိတ်ကောက်နေတဲ့ ပေါက်စလေးကလဲ ဝင်ရှင်းပေးမှမဟုတ်တာမို့ သူ့ခမျာဘာအကြောင်းပြရမှန်း စဥ်းစားရချေပြီ။

အဲ.....ဟို........အဲ့တော့ကာ....ငါက....ငါ...ဘာဝင်လုပ်တာလဲဆိုတော့....."

စီနီယာကအလုပ်လုပ်ရင် သူ့ပုံစံနဲ့မကိုက်မှာဆိုးလို့ ကျမနဲ့လာညှိတာပါ။ သူကအသစ်တွေကို သိပ်ပြီးစိတ်မရှည်တတ်ဘူးလေ။"

ဖြတ်ခနဲဝင်ပြောလိုက်တဲ့ အငယ့်စကားမှာ ​ရှေ့ကမမတစ်စုက နေရောင့်လက်မောင်းအောက်ကနေငုံ့ပြီး အငယ်လေးကို လှမ်းချောင်းကြည့်ကြတယ်။

Verro......"

မိုင်ကနေရောင့်လက်ကို တွန်းတိုက်ပုတ်ထုတ်ပြီး ချက်ချင်းပဲအခန်းထဲပြေးဝင်ကာ အငယ့်နားကိုလျှောက်သွားလိုက်တယ်။

မချိုပေမယ့်...မခါးပါဘူးWhere stories live. Discover now