Chapter 116
အဓိကအခမ်းအနားပြီးနောက် ထောင်လောင်ရယ်သည် ခန်းမအောက်ထပ်ရှိ အခန်းတစ်ခန်းတွင် အနားယူရန် ထွက်သွားခဲ့သည်။ ထောင်ယန်သည် ချိုးရှင်းနှင့် ကျယ်ယန်အား အောက်ထပ်သို့ခေါ်ဆောင်သွား၍ အခန်းတံခါးရှေ့တွင်ရပ်ကာ အခန်းကတ်ဖြင့် တံခါးဖွင့်လိုက်ပြီး သူတို့အား အထဲသို့ကြွရန် ဖိတ်ခေါ်လိုက်သည်။
“အဖိုးက ညာဘက်က စာကြည့်ခန်းထဲမှာပါ။ ဥက္ကဋ္ဌချိုး ကြွပါ။”
ချိုးရှင်း မလှုပ်ရှားဘဲ ခေါင်းလှည့်ကာ ကျယ်ယန်အား ကြည့်၍ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကျယ်ယန်က ချိုးရှင်း၏ပုခုံးကိုပုတ်ကာ “သွားပါ။ ကျွန်တော် အဆင်ပြေပါတယ်။”
ချိုးရှင်း ထောင်ယန်အား ထပ်မံကြည့်လိုက်ပြီး အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားသော်လည်း ဘာမှမပြောဘဲ ငုံ့ကိုင်းကာ ကျယ်ယန်၏နှဖူးထပ်သို့ အနမ်းခြွေ၍ ပြောလိုက်သည်။ “ကိုယ် မကြာခင် ပြန်ထွက်လာခဲ့မယ်။”
ကျယ်ယန် ခေါင်းငြိမ့်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးအတွင်း ထောင်ယန်သည် ယဉ်ကျေးစွာပင် မျက်လွှာချကာ ဘေး၌ရပ်နေပြီး နှစ်ယောက်သား ပြောလို့ဆိုလို့ပြီးမှသာ ခေါင်းပြန်မော့၍ စာကြည့်ခန်းနားသို့ ချိုးရှင်းနှင့်အတူ လျှောက်သွားကာ ချိုးရှင်းအား အခန်းတံခါး ဖွင့်ပေးလိုက်သည်။
ချိုးရှင်း စာကြည့်ခန်းထဲဝင်သွားပြီးနောက် ထောင်လောင်ရယ်အား ပြုစုစောင့်ရှောက်နေသော သူနာပြုသည် ပါးနပ်စွာပင် ထွက်လာခဲ့သည်။ ထောင်ယန်သည် သူ့(သူနာပြု)အား အဝေးပို့လိုက်ပြီး ထို့နောက် ကျယ်ယန်ဘက်လှည့်ကာ မေးလိုက်သည်။ “ကျွန်တော်တို့တွေ ဒီမှာပဲ ပြောကြမလား?”
ကျယ်ယန်လည်း ချိုးရှင်းနှင့်ဝေးရာသို့ ထွက်မသွားလိုသဖြင့် ခေါင်းငြိမ့်လိုက်သည်။
နှစ်ယောက်သား ဆိုဖာတွင်ထိုင်လိုက်ကြသည်။ ထောင်ယန်က ကော်ဖီစားပွဲပေါ်ရှိ လက်ဖက်ရည်အိုးအစုံကိုယူကာ လက်ဖက်ရည်ပြင်ရန်လုပ်နေရင်း မေးလိုက်သည်။ “ဒုဥက္ကဋ္ဌကျယ်က ဘာများပြောချင်လို့ပါလဲ?”
YOU ARE READING
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
