Chapter 117

842 80 6
                                        

Chapter 117

“ဒါပေမယ့် ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာပဲလေ။ ခင်ဗျားနဲ့တန်တယ်။”

ကျယ်ယန်သည် မလှုပ်ရှားဘဲ တံခါးနားရှိချိုးရှင်းအား ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။ “အရင်က ခင်ဗျား အခွင့်အရေးတွေအများကြီး ရခဲ့ရဲ့သားနဲ့၊ လက်လျှော့ပစ်တာလေ။”

ချိုးရှင်းမှာ စိတ်ဆိုးလွန်းလို့ မွန်း​ကြပ်သွားရသည်။

“တစ်ခါက ခင်ဗျားရဲ့လက်တွေ ကျွန်တော့်အင်္ကျီအတွင်းထဲရောက်သွားခဲ့ပေမယ့် ခင်ဗျားက ငြင်းပယ်ပြီး ပြန်ဆွဲထုတ်ပစ်လိုက်တာလေ။”

ချိုးရှင်း၏အမူအရာမှာ စတင်ပြောင်းလဲလာပြီး ကျယ်ယန်ထံမှ အကြည့်လွှဲလိုက်ရင်း စောစောတုန်းက ရန်လိုမှုများမှာ မရှိတော့ပေ။

“နောက်တစ်ခါကျတော့ ကျွန်တော့်ဘက်ကအစပြုပြီး ကိုယ့်အဝတ်တွေကိုယ်ချွတ်ခဲ့ပေမယ့် ခင်ဗျားကပဲ ​ပြန်ဝတ်ပေးခဲ့တာလေ။” 

ချိုးရှင်း၏မျက်နှာမှာ ကျောက်တုန်းကဲ့သို့ တောင့်တင်းသွားကာ လေသံမှာလည်း ဖျော့တော့သွားသည်။ “ရပြီ။ မပြောနဲ့တော့။”

ကျယ်ယန် ဆက်ပြောလိုက်သည်။

“တလောတုန်းက ဘွဲ့နှင်းသဘင်အခမ်းအနားတက်တဲ့နေ့ကဆို ကျွန်တော်က ခင်ဗျားရှေ့မှာ အဝတ်ချွတ်လဲခဲ့ပေမယ့် ခင်ဗျားဘာသာ ခေါင်းကိုတစ်ဖက်လှည့်ပစ်ပြီး မကြည့်ဘဲနေခဲ့တာလေ။”

ချိုးရှင်း လုံးဝမနေနိုင်တော့ဘဲ အခန်းထဲ မြန်မြန်လျှောက်၍ဝင်လာသည်။ 

ကျယ်ယန်သည် ရယ်ချင်စိတ်ကိုဖိနှိပ်ကာ တမင်တကာ ဆက်ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားကို ရေအတူတူချိုးဖို့ဖိတ်ခေါ်ခဲ့တာလည်း အခေါက်ပေါင်းမနည်းဘူး။ ဒါပေမယ့် ခင်ဗျားက အမြဲတမ်း……”

ချိုးရှင်းသည် ဆိုဖာနားတွင်ရပ်လိုက်ကာ ကိုယ်ကိုကိုင်းလိုက်ပြီး ကျယ်ယန်၏မျက်နှာလေးကိုကိုင်၍ သူ့ခေါင်းကို ငုံ့ချလိုက်သည်။ 

ကျယ်ယန်သည် တည်ငြိမ်လျက်ရှိပြီး နီးကပ်လာသောချိုးရှင်း၏မျက်နှာအား ကြည့်ကာ သူ့လက်မောင်းများဖြင့် ချိုးရှင်း၏လည်တိုင်တစ်ဝိုက်ချိတ်တွယ်၍ မျက်လုံးများမှိတ်လိုက်သည်။ 

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Where stories live. Discover now