Chapter 114
နောက်တစ်နေ့ ထောင်*လောင်ရယ်၏ မွေးနေ့ပါတီသို့သွားရာလမ်းတွင် ကျယ်ယန်သည် ပျင်းရိကာ weibo အား လိုက်လံကြည့်ရှုနေစဉ် သူ hot Search ပေါ် နောက်တစ်ကြိမ်ထပ်ရောက်နေပြန်ပြီဖြစ်ကြောင်း မမျှော်လင့်ဘဲတွေ့လိုက်ရသည်။ (TN-*သခင်ကြီး)
ဤတစ်ခေါက်တွင်တော့ hot search တွင် အလွန်အပြုသဘောဆောင်သည့် သတင်း- #ကျယ်ယန်၏ ရင်ဖိုဖွယ်အခိုက်အတန့်# ဟူသောခေါင်းစဉ်ကို တွေ့လိုက်ရသည်။ သတင်းအား ဝင်ကြည့်လိုက်သောအခါ ‘ကျယ်’ဖန်တစ်ဦးမှတင်ထားသည့် video post တစ်ခုကို တွေ့လိုက်ရသည်။
ပန်းတိုင်ဆီသို့ရွက်လွှင့်မယ်: အားအားအား၊ ယန်ယန်က အပြင်မှာ ဓာတ်ပုံထဲကထက်ပိုချောတယ်! အသားအရည်လေးကအရမ်းကောင်း! မျက်တောင်လေးတွေကလည်း ရှည်လျားကော့ညွတ်လို့! ဝူးဝူးဝူး၊ ငါတော့ အရမ်းမနာလိုတာပဲ။ အရပ်ကတို့ရေ ဒီပုံလေးကို လာရောက်ရှုစားကြည့်ကြပါဦးလို့! ဒါက ဒီနှစ်ရဲ့ ရင်ဖိုစိတ်လှုပ်ရှားစရာအကောင်းဆုံးအခိုက်အတန့်လေးပဲ! စာကြွင်း: ယန်ယန်ရဲ့ချစ်သူကောင်လေးကလည်း အရမ်းကိုမှ ခန့်ညားချက်နော်။ သူက ယန်ယန့်အပေါ်လည်း အရမ်းကောင်းတာပဲ။ ယန်ယန့်ကို အမြဲတမ်းဂရုတစိုက်ကာကွယ်နေတာ။ (ပြီးတော့ ငါတော့ သူ(ချိုးရှင်း)က ငါတို့ဖန်တွေကို J ဝင်နေတယ်လို့ ခံစားနေရတယ်။ ဟားဟားဟား ။ တစ်ယောက်ယောက်ကများ ယန်ယန်ကို သဘောကျတယ်လို့ ဖွင့်ပြောလာတိုင်း သူက အေးတိအေးစက်မျက်နှာကြီးနဲ့ လှမ်းလှမ်းကြည့်လိမ့်မယ်။ သူ့မှာ ဒေါသထွက်ချင်နေပေမယ့် ထိန်းချုပ်နေရတယ်) ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါ့ကတော့ သူတို့အတွဲကို ထောက်ခံတယ်ဟေ့! သော့ခတ်ထားလိုက်ပြီ! ကျေးဇူးပြုပြီး ချက်ချင်းသာ လက်ထပ်လိုက်ကြပါတော့!
ထိုပို့စ်အား ငါးစက္ကန့်ကြာဗီဒီယိုတစ်ခုဖြင့် တွဲတင်ထားသည်။
ကျယ်ယန် ဗီဒီယိုကို နှိပ်၍ တစ်ချက်ကြည့်လိုက်ရာ ၎င်းဗီဒီယိုမှာ သူ့ရိုက်ကူးရေးပြီးဆုံးသည့်အကြောင်း မည်သို့သိသွားသနည်းဟု ဖန်များအား ခေါင်းမော့၍ မေးလိုက်သည့်အခိုက်အတန့်ကို ရိုက်ထားသည့်ဗီဒီယိုဖြစ်ကြောင်း မထူးဆန်းစွာပင် သိလိုက်ရသည်။ ၎င်းဗီဒီယိုတွင် သူ၏အမူအရာကိုသာမက ချိုးရှင်း၏ဘေးတိုက်ပုံရိပ်ကိုပါ အသေအချာ ရိုက်ကူးနိုင်ခဲ့သည်။
STAI LEGGENDO
ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)
Fantasyစာဖတ်သူပါ။ ဘာသာပြန်သူကို စောင့်ရင်း ဆက်ဖတ်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ဖတ်ဖို့ပြန်ဖြစ်တာ တင်ပေးတာပါ။ တစ်ချို့နေရာများ ရွှီးထားပါသည်။ အမှားပါက ဖြည့်တွေးပေးပါ။ ဝေဖန်ထောက်ပြလို့ရပါသည်။ permission ဘာညာ မရှိပါ။ ငပျင်းတစ်ယောက်ဖြစ်သောကြောင့် Update သည် တစ်ပတ် နှ...
