Chapter 115

765 99 1
                                        

Chapter 115

ကျယ်ယန်သည် ဖုန်တျန်အား အပေါ်အောက်စုန်ဆန်ကြည့်လိုက်သည်။ 

ဖုန်တျန်တွင် သာမန်မျက်နှာသွင်ပြင်ရှိပြီး မနိမ့်မမြင့်အရပ်နှင့် အရွယ်တင်ပုံပေါ်သည်။ သူ့မျက်နှာသွင်ပြင်များထဲတွင် မျက်ဝန်းများက ​အထင်းဆုံးဖြစ်ကာ သိမ်မွေ့ညင်သာ၍ ဖော်ရွေဟန်ရှိသည်။ ထို့ကြောင့် မနှစ်မြို့ဖွယ် အမူအရာပြုထားလျှင်တောင်မှ မသတီဖွယ်ဖြစ်မနေသဖြင့် သူ့အတွက် လူကြီးလူကောင်းတစ်ယောက်သဖွယ် ဟန်ဆောင်ရန်လွယ်ကူ​လှသည်။ 

ဖုန်ချင်းလင်၏ မျက်ခုံးမျက်လုံးများက ချိုးရှင်းနှင့်တူညီနေသဖြင့် ပို၍နှစ်လိုဖွယ်ကောင်းသည်ဟု ကျယ်ယန် ရုတ်တရက် ခံစားလိုက်ရသည်။ 

ဖုန်တျန်သည် အကြည့်ခံလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်သည်။ “ဘာလာကြည့်​နေတာလဲ?”

ချိုးရှင်းသည် ကျယ်ယန်ထပ်နောက်ကျ​ပြီးမှ ရပ်လိုက်ပြီး ဖုန်တျန်ကို ပြန်လှည့်ကြည့်တော့မည်ပြုစဉ် ကျယ်ယန်က လက်ကိုမြှောက်ကာ ချိုးရှင်း၏မျက်နှာကိုထိလိုက်ပြီး ခေါင်းမလှည့်လာအောင် တားလိုက်သည်။

ကျယ်ယန်၏အကြည့်များက ဖုန်တျန်အပေါ်တွင် ရှိနေသေးဆဲဖြစ်ပေမယ့် ချိုးရှင်းအား စကားလှမ်းပြောလိုက်သည်။ သူ့အသံမှာ မတိုးလှပေ။ “အားရှင်း၊ ခေါင်းမလှည့်လိုက်နဲ့။ ဟိုနားမှာ မသန့်ရှင်းတဲ့အရာတစ်ခုရှိ​နေတယ်။ ခင်ဗျားမျက်လုံးတွေ ထိခိုက်လိမ့်မယ်။” 

လူတိုင်းမင်သက်သွားသည်။ 

ဒီလူငယ်လေးက ချိုးရှင်းကို ဘယ်လိုတောင်ခေါ်လိုက်တာ? အားရှင်း? ပြီးတော့ သူ ခုနက မသန့်ရှင်းတဲ့အရာလို့ ပြောလိုက်သလားလို့?

ချိုးရှင်း ရပ်သွားပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ အေးစက်မှုများ ပျောက်ကွယ်သွားသည်။ သူပြုံးကာ ကျယ်ယန်၏လက်ကို ဆွဲချ၍ ဆုပ်ကိုင်လိုက်ပြီး ဖုန်တျန်အား သာမန်ကာလျှံကာ တစ်ချက်ကြည့်၍ ပြောလိုက်သည်။ “ရပါတယ်။ ​နှစ်​တော်တော်ကြာ​အောင် မြင်နေခဲ့ရတော့လည်း အကျင့်ဖြစ်နေပါပြီ။”

ကျွန်တော့် ယောက်ျား ရောဂါသည် (ကျွန်တော့ယောက်ျားရောဂါသည်)Tempat di mana cerita hidup. Terokai sekarang