အပိုင်း (၂၁- ပထမပိုင်း)
'သူမက*စန်းကူးတဲ့လား...လုကျဲ့ထျန်းရဲ့ ခေါင်းဆောင်ဟောင်းရဲ့ ညီမပေါ့...
(*T.N_ 姑{ကူး} ဆိုတာ အဖေဘက်က ဆွေးမျိုးတော်တဲ့ အဒေါ်ကိုခေါ်တာပါ။ 三 {စန်း}ကတော့ တတိယဖြစ်ပါတယ်)
ချင်ရှီးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
'ဇာတ်ကြောင်းက အတော့်ကို စိတ်ပျက်စရာကောင်းတာဘဲ။ ဆွေမျိုးရင်းချာတွေရှိနေသေးတာတောင် လုကျဲ့ထျန်းက (အကျိုးအကြောင်းသင့်) ဆင်ခြင်ဉာဏ်လွတ်သွားပြီး နဂါးနဲ့ဖီးနစ်အမြွှာတွေကို မွေးစားဖို့ ပြန်ခေါ်ဆောင်သွားခဲ့ရသေးတယ်တဲ့လေ'
တကယ်တော့ ကိုယ်တိုင်မွေးစားဖို့ မတတ်နိုင်ရင်တောင် တစ်စုံတစ်ယောက်ကို ရှာတွေ့ဖို့ ကူညီပေးနိုင်သေးသည်။ သို့သော် လုကျဲ့ထျန်းသည် အံ့သြစရာကောင်းလောက်အောင် ကလေးများကို အိမ်သို့ အမြန်ခေါ်ယူမွေးစားခဲ့သည်။
ကံကောင်းထောက်မစွာ ယခုအခါ သူက ဇာတ်ကြောင်းထိန်းချုပ်မှုမှ နိုးလာပြီဖြစ်သည်။ မဟုတ်ရင် ချင်ရှီးဟာ ခေါင်းကိုက်ပြီး သေသွားရလိမ့်မည်။
"မင်းတို့ သူမနဲ့ ရင်းနှီးလား"
ချင်ရှီးက အမြွှာနှစ်ယောက်ကို အသံတိုးတိုးဖြင့် မေးသည်။
အန်အန်း : "တစ်ခါဘဲ မြင်ဖူးတယ်"
ဖျင်ဖျင်ကလည်း ခေါင်းညိတ်သည်။
ချင်ရှီးက မျက်ခုံးပင့်ကာမေးသည်။
"သူမ ဒီကို ဘာအတွက်ကြောင့်လာလဲဆိုတာရော သိလား"
အမြွှာနှစ်ယောက်စလုံး ခေါင်းယမ်းလိုက်ကြသည်။
ချင်ရှီးက တံခါးကို စိုက်ကြည့်နေတဲ့သူကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပြီး မျက်နှာကို အနည်းငယ်ပြုံးပြကာ အပေါက်ဝမှာ ရပ်လိုက်ပြီးမေးသည်။
"မင်းဘယ်သူကို ရှာနေတာလဲ"
ဝမ်ရှို့ရှို့က ချင်ရှီးကို ထူးဆန်းသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
"မင်းကဘယ်သူလဲ"
ချင်ရှီးက သူမမျက်နှာမှာ ပြုံးပြနေပေမဲ့ စိတ်ထဲကနေ ရယ်မောနေခဲ့သည်။ ဒီလူက သူဘယ်သူလဲဆိုတာကို မိတ်ဆက်မပြောခဲ့သလို သူမကို ဘယ်သူလဲလို့ဘဲ ဆက်တိုက်မေးနေသည်။ ဧည့်သည်က ကြင်နာတတ်မည့်ပုံမရှိပါ။
"မင်း အဆင်ပြေလား။ ဘာမှလုပ်စရာမရှိရင် ငါသွားတော့မယ်။ ငါအလုပ်ရှုပ်နေတယ်"
ချင်ရှီးက သူမကို စကားပြောဖို့ စိတ်မ၀င်စားပါ။
ဘာဘဲဖြစ်ဖြစ် ချင်ရှီးက သူမကို မသိသလို သူမ ဘာကြောင့်လာတယ်ဆိုတာကိုလဲ ရှင်းမပြခဲ့တော့ သူမကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုရင်တောင် တခြားသူတွေက ဘာမှမပြောနိုင်ဘူးမလား။
စကားပြောပြီးသောအခါ ချင်ရှီးသည် နောက်ပြန်လှည့်ကာ ပြန်သွားတော့မည်ဖြစ်သည်။
"ဟေး… မသွားနဲ့ဦး ငါ့အတွက် တံခါးဖွင့်ပေး"
ဝမ်ရှို့ရှို့က အလျင်အမြန်အော်လိုက်သည်။
"ငါက ဖျင်ဖျင်နဲ့အန်အန်းရဲ့ တတိယအဒေါ်ပါ"
ချင်ရှီးက ရပ်လိုက်ပြီး ဝမ်ရှို့ရှို့ကို သူမရဲ့ အကြည့်ခပ်ထက်ထက်တွေနဲ့ ပြန်ကြည့်လိုက်သည်။
"ကျဲ့ထျန်းရဲ့ မိသားစုမှာ ညီမလေးတစ်ယောက်ဘဲရှိတယ်။ တတိယအဒေါ်ဆိုတာ ဘယ်ကရောက်လာတာလဲ"
ချင်ရှီးသည် လုံးဝအပြစ်ကင်းစင်ဟန်ဖြင့် သူမ၏မျက်လုံးများကို ရှင်းရှင်းလင်းလင်းတည့်တိုး ကြည့်နေသည်။ သူမသည် ချင်ရှီး၏အကြည့်ကို ရှောင်ရှားကာ ခြံဝင်းအတွင်းရှိ ဟင်းသီးဟင်းရွက်ခင်းဘေးဘက်က အမြွှာများကို ကြည့်လိုက်သည်။
"ဖျင်ဖျင် အန်အန်း၊ မြန်မြန်လာ စန်းကူးက မင်းတို့ကို အသီးအနှံတွေ ယူလာပေးခဲ့တယ်"
အမြွှာများက ဤလူသည်စန်းကူးဟုခေါ်ကြောင်း သိသော်လည်း သူမသည် အကျည်းတန်ရုပ်ဆိုးသည့်အပြင် မသပ်မရပ်နှင့် ညစ်ညစ်ပတ်ပတ်နေတတ်သောကြောင့် သူမကို မကြိုက်ကြပေ။
အန်အန်းသည် ရုတ်တရက် ဖျင်ဖျင်ကို ဖမ်းကိုင်ကာ အိမ်ထဲသို့ ပြေးသွားသည်။ “အဖေက သူလာတဲ့အခါ သူ့ကို လျစ်လျူရှုထားဖို့ ပြောတယ်”
ဖျင်ဖျင်းကလည်း ဝင်ပြောလိုက်သေးသည်။
“ဟုတ်တယ်”
အမြွှာနှစ်ယောက် ပြေးသွားသည်ကိုမြင်တော့ ချင်ရှီးသည် ဝမ်းသာပီတိဖြစ်သွားပြီး တကယ်ကို လိမ္မာပါးနပ်သည်ဟုတွေးလိုက်သည်။
"ကလေးတွေက မင်းကိုမသိဘူး။ ကျေးဇူးပြုပြီး ပြန်သွားပေးပါ"
ချင်ရှီးက ဧည့်သည်ကိုပြောလိုက်သည်။
ဝမ်ရှို့ရှို့က သူမလက်ထဲက အိတ်ကိုချလိုက်ပြီး ချင်ရှီးကို စိုက်ကြည့်သည်။
" မင်းက ရှောင်လုရဲ့ မိန်းမ မဟုတ်လား။ ရောက်လာတာ ရက်ပိုင်းဘဲ ရှိသေးတယ်။ ကလေးတွေကို လူတွေကို မမှတ်မိအောင် သင်ပေးခဲ့တာလား"
"မင်းဘာတွေပြောနေတာလဲ"
အဒေါ်ကျောင်းက တံခါးပေါက်ကနေ ရုတ်တရက်ထွက်လာပြီးပြောသည်။
"ဘယ်သူလဲ။ မင်းဘာတွေလာအော်နေတာလဲ။ အိမ်က ကလေး နိုးကုန်ပြီ"
အနှောက်အယှက်ဖြစ်သွားရသော ဝမ်ရှို့ရှို့သည် နံရံနိမ့်လေးတစ်ဖက်ရှိ အဒေါ်ကျောင်းကို စိုက်ကြည့်ရင်း သူမကို လျစ်လျူရှုကာ ခေါင်းကိုလှည့်၍ ချင်ရှီးကို ဆက်လက်စိုက်ကြည့်နေသည်။
"ငါ့အတွက် တံခါးမြန်မြန်ဖွင့်လိုက်။ ငါဝင်ကြည့်ချင်တယ်။ မင်း ကလေးတွေကို အနိုင်ကျင့်မလားဆိုတာ ဘယ်သူသိမလဲ။ ငါ ကြည့်ရမယ်"
ချင်ရှီးက စကားမပြောခင် အန်တီကျောင်းကရယ်လိုက်ပြီး နံရံဆီလျှောက်လာရင်း ခေါင်းပြူကြည့်လိုက်သည်။
"ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ။ မင်းက ဘယ်သူမို့လို့လဲ။ ဒီကလေးက ငါ့ချွေးမဘဲ။ ဘာမှလုပ်စရာမရှိတဲ့ တတိယအဒေါ်မဟုတ်ဘူး။ မင်း ကလေးတွေကို မခြောက်မိအောင်နေဖို့ သတိထားဦး"
ချင်ရှီးက ခေါင်းညိတ်သည်။
"ငါ မင်း မပြန်ရင် အစောင့်တွေကို ခေါ်လိုက်တော့မယ်။ နားမလည်နိုင်တဲ့ ဒီလူက ငါ့အိမ်တံခါးဝမှာ အော်နေတာလို့ပြောရင် သူတို့က ဒီလူကဘာလဲဆိုတာ စုံစမ်းဖို့ လူကို ခေါ်သွားပစေ"
ဝမ်ရှို့ရှို့သည် အလွန်ထိတ်လန့်သွားသည်။ သူမက တပ်နယ်မြေထဲကို လုကျဲ့ထျန်းနှင့် အမြွှာများအမည်ဖြင့် ဝင်လာခဲ့ခြင်းဖြစ်သည်။
ချင်ရှီးက သူမကို အသိအမှတ်မပြုဘူး။ အစောင့်တွေက သူမကို သေချာပေါက် မောင်းထုတ်လိမ့်မည်။ သူမ ပြန်သွားပြီးရင်လည်း နောက်တစ်ကြိမ် ထပ်ရိုက်နှက်ခံရမှာ သေချာသည်... ဝမ်ရှို့ရှို့ဟာ ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခံရမည့်အကြောင်း တွေးမိတဲ့အခါ တုန်လှုပ်ချောက်ချားသွားသည်။ ထို့နောက် "ငါက ကလေးတွေရဲ့ တတိယအဒေါ်" ဟုပြောကာ လှည့်ထွက်သွားသည်။
ထိုလူ ထွက်ပြေးသွားသည်ကိုမြင်တော့ အန်တီကျောင်းက ချက်ချင်းပြုံးလိုက်သည်။
"ဟေ့ မင်းက ဉာဏ်ကောင်းတုန်းဘဲ။ မင်းပြောတာကိုကြောက်လို့ ထွက်ပြေးသွားတာ"
ချင်ရှီးက ပြုံးပြီး မေးသည်။
"အန်တီကျောင်း သူ့ကိုသိလား"
အန်တီကျောင်းက နှာခေါင်းရှုံ့သည်။
"သိတာပေါ့။ သူမနောက်ဆုံးတစ်ခေါက်လာတုန်းက တွေ့ဖူးတယ်။ သူမက အန္တရာယ်ကင်းပြီး အဆင်ပြေတဲ့ တတိယအဒေါ်ပါ။ ဒါပေမဲ့ ရှောင်လုက ကလေးမွေးစားဖို့ သဘောတူပြီးတဲ့အခါ သူမမှာ ကလေးကို ထိန်းသိမ်းဖို့ အခွင့်အရေးမရှိဘူး။ ကလေးတွေကလည်း လုမိသားစုဝင်ဖြစ်သွားပြီ"
"ကလေးတွေက တစ်ဖက်မိသားစုနဲ့ လုံးဝ ခွဲထွက်ပြီးပြီဆိုတာ တပ်က ကြေငြာထားပြီးပြီ။ အုပ်ထိန်းမှုကလည်း ရှောင်လုနဲ့ဘဲ ဆိုင်တယ်။ အဖြူအမည်းကို ရှင်းရှင်းလင်းလင်း ခွဲထားပြီးပြီ။ သူတို့ရဲ့ လက်ဗွေရာတွေကိုလည်း ဖိထားတယ်။ ဥပဒေအရ အကာအကွယ်ပေးထားပြီးသား”
အန်တီကျောင်းက တစ်ဖက်က လမ်းကို တစ်ချက်ငေးကြည့်လိုက်ပြီးပြောသည်။
"အဲ့ဒီတုန်းက ကလေးအမေနဲ့ ဝမ်ယုံလျန်ရဲ့ အစ်ကိုကြီးတို့ပေါ့။ သူ့အစ်ကိုကြီးက မိသားစုက ဆွေးနွေးပြီးပြီမို့ သဘောတူတယ်လို့ပြောတယ်။ ဒီလူက အိမ်ကို ရုတ်တရက်ရောက်လာတာ ဘာလုပ်ချင်တာလဲဆိုတာ ဘယ်သူသိမလဲ"
'ရှောင်လု ညဘက်ပြန်လာရင် သူ့ကိုမေးလိုက်။ ဒီလူကို နောင်ကျရင် လာခွင့်မပြုနဲ့ ကလေးနှစ်ယောက်က ဘာမှမသိဘူး”
အဒေါ်ကျောင်းက ချင်ရှီးကို အသံတိုးတိုးဖြင့် သတိပေးသည်။
ချင်ရှီးက ခေါင်းညိတ်ပြီး အန်တီကျောင်းကို ကျေးဇူးတင်ပြီးနောက် အိမ်ထဲဝင်သွားသည်။
အမြွှာများက ချင်ရှီး၏နံဘေးသို့ ပြေးကာ သူမကိုကြည့်ကြသည်။
"ဒီလူက ဘယ်သူလဲ"
"သူမကရော အဒေါ်ဘဲလား"
ချင်ရှီးက သူတို့ရဲ့ ဦးခေါင်းလေးတွေကို ထိတော့မှဘဲ ရွှံ့တွေထည့်ထားသည့်တောင်းကို သတိရလိုက်သည်။ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
"မဟုတ်ပါဘူး မင်းတို့လူမှားသွားတာဖြစ်ရမယ်။ မင်းတို့မှာ အဒေါ်တစ်ယောက်ဘဲရှိတယ် မေ့နေပြီလား"
ထိုစကားကြားတော့ အန်အန်းက ချက်ချင်း ရယ်မောသည်။
"အဒေါ်က ချောမောပြီး အရသာရှိတဲ့ သကြားလုံးတွေကိုလည်း ယူလာပေးတယ်"
ချင်ရှီးက ပြုံးလိုက်သည်။
"ဟုတ်တယ်။ အပြင်ထွက်တဲ့အခါ မင်းတို့သတိထားရမယ်။ သူစိမ်းတစ်ယောက်နဲ့တွေ့တဲ့အခါ ဘာပဲပြောပြော နားမထောင်နဲ့နော်။ သူနဲ့လည်းလိုက်မသွားရဘူး အန္တရာယ်ဖြစ်လိမ့်မယ်”
အမြွှာနှစ်ယောက်က ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်။ သူစိမ်းတွေက လူကုန်ကူးတဲ့သူတွေလို့ အဖွားပြောဖူးတာကိုမှတ်မိတယ်”
ချင်ရှီးက ရယ်မောလိုက်သည်။
“သွားရအောင် ရွှံ့တွေသွားတူးရအောင်။"
"ကောင်းပါပြီ"
အမြွှာများသည် အံ့သြဖွယ်ကောင်းလောက်အောင် ဖုန်မှုန့်များ၊ ရွှံ့နွံများဖြင့် ပြောင်ပြောင်တင်းတင်း ကစားရင်း ရွှင်မြူးနေကြသည်။
ဒီလိုနဲ့ ခဏလေးအတွင်းမှာဘဲ အမြွှာနှစ်ယောက်က ဝမ်ရှို့ရှို့ကို မေ့သွားပြီး ချင်ရှီးနှင့် ပျော်ရွှင်စွာ ကစားနေကြသည်။
အချိန်အတန်ကြာပြီးနောက် ချင်ရှီးသည် များစွာမလှုပ်ရှားနိုင်တော့ပေ။ ကလေးနှစ်ဦးက ကူညီနေသည်ဟုဆိုသော်လည်း ရွှံ့များဖြင့် ကစားနေကြယုံသာဖြစ်သည်။
သူတို့ခန္ဓာကိုယ်မှာ ဖုန်တွေဖုံးနေသော်လည်း ချင်ရှီးက ဘာမှမပြောပေ။ သူတို့အား အစုတ်အပြဲဆုံးအဝတ်အစားများကို ဝတ်ပေးထားခြင်းဖြစ်သောကြောင့် အရေးမကြီးပါ။ ကလေးတွေ တစ်ကြိမ်တစ်ခါလောက် ကစားတာ အဆင်ပြေပါသည်။
တကယ်တော့ အမြွှာတွေဟာ အများအားဖြင့် အကျင့်စာရိတ္တကောင်းမွန်ကြပြီး နေ့တိုင်း ညစ်ပတ်စွာဆော့ကစားတတ်တဲ့ အခြားကလေးတွေနဲ့မတူပါ။ သူတို့အားလုံးသည် သန့်ရှင်းမှုကို နှစ်သက်ကြပြီး ညစ်ပတ်သောလက်များကိုလည်း မုန်းတီးတတ်ကြသည်။
အထူးသဖြင့် ဖျင်ဖျင်သည် သန့်ရှင်းမှုကို စွဲလမ်းမှု အနည်းငယ်ရှိပြီး အန်အန်းကတော့ တစ်ခါတစ်ရံ အရူးအမူးဖြစ်ပြီး တစ်ခါတစ်ရံ ဂရုမစိုက်တတ်သောကြောင့် သူတို့အတွက် ပြုလုပ်ထားသည့် လက်ကိုင်ပုဝါကိုယူကာ အန်အန်းနှင့် ဖျင်ဖျင်ကို သန့်ရှင်းစေလိုက်သည်။
ကောင်မလေးများသုံးသည့် လက်ကိုင်ပုဝါကို သုံးရသည်အား ယောင်္ကျားလေးတချို့က လှောင်ပြောင်တတ်ကြပေမဲ့ ဖျင်ဖျင်ကတော့ ဂရုမစိုက်ပါ။ ပြေးလွှားကစားနေရတာထက် ဘေးမှာ အေးအေးဆေးဆေး ထိုင်ရတာကို ပိုသဘောကျသည်။
ဖျင်ဖျင်ကို လှောင်ပြောင်သည့် ယောက်ျားလေးများရှိသည်ကို အန်အန်းက ကြားသောအခါ လျှို့ဝှက်ကစားနည်းတစ်ခုတွင် ဖျင်ဖျင်အတွက်လက်စားချေရန် ကလေးတစ်စုကို အတူတကွ ခေါ်ဆောင်သွားခဲ့သေးသည်။ ဖျင်ဖျင်သည် အပြင်ဘက်ရော အတွင်းဘက်ရော အဖြူရောင်ရှိသည့် ကောက်ညှင်းထုပ်လေးဆိုလျှင် အန်အန်းသည် အပြင်ဘက်တွင် အဖြူရောင်ဖြစ်ပြီး အတွင်းဘက်တွင် အနက်ရောင်ရှိသော နှမ်းဖက်ထုပ်ဖြစ်သည်။
(*T.N_ ဖျင်ဖျင်က ပကတိရိုးသားဖြူစင်တဲ့ကလေးဖြစ်ပြီး အန်အန်းက ရိုးသားလှတဲ့ပုံစံနှင့် လှည့်ကွက်ကလေးတွေသုံးတတ်တဲ့လူမျိုးလို့ဆိုလိုတာပါ)
ချင်ရှီးသည် ဒီအကြောင်းကိုသိသောအခါ အနည်းငယ် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် သူမ စိတ်သက်သာရာရကာ အတော်လေးသဘောကျသွားသည်။ တကယ်တော့ မိန်းကလေးတစ်ယောက်ဟာ အတွင်းထဲမှာ အနက်ဘဲဖြစ်ဖြစ် အဖြူဘဲဖြစ်ဖြစ်၊ သူတစ်ပါးကို အနိုင်ကျင့်ဖို့ မလုပ်ဆောင်သရွေ့ အပြစ်ကင်းလွန်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေဆဲပင်။
ညနေစောင်းတွင် လုကျဲ့ထျန်း အိမ်ပြန်သောအခါ တစ်စုံတစ်ယောက်ကို စောင့်နေသလိုမျိုး ဝမ်ရှို့ရှို့သည် ထောင့်တစ်ဝိုက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
လုကျဲ့ထျန်းသည် မျက်မှောင်ကြုတ်ကာ သူမကို မကြင်နာသော မျက်လုံးများဖြင့် ကြည့်နေသည်။
ဝမ်ရှို့ရှို့သည် လုကျဲ့ထျန်းပြန်လာသည်ကိုမြင်သောအခါ သူမသည် ချက်ချင်းပြေးလာပြီး နှုတ်ဆက်သည်။
"တပ်မှူးလု"
လုကျဲ့ထျန်းနှင့် အတူပြန်လာသော ကွပ်ကဲရေးမှူးကျန်းသည် ဝမ်ရှို့ရှို့ကို မသိသောကြောင့် သူ့ဆွေမျိုးဟုထင်ကာ အရင်ထွက်သွားသည်။
သူတို့နှစ်ဦးသာကျန်တော့သောအခါ လုကျဲ့ထျန်း၏အမူအရာသည် ချက်ချင်းအေးစက်သွားသည်။
"ကျွန်တော်က ပြီးခဲ့တဲ့ အချိန်ကတည်းက ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ"
ဝမ်ရှို့ရှို့က အံ့သြသွားပြီး ဘာပြန်ပြောရမှန်းမသိအောင် ညည်းညူလိုက်သည်။
လုကျဲ့ထျန်းက သူမကို မကြိုက်ပေမဲ့ အရင်တစ်ခေါက်လာတုန်းက ဘာမှမထူးခြားပါ။ ဒီနေ့မှ ဘာဖြစ်နေရတာလဲ။ မျက်နှာကို ရုတ်တရက်ငုံ့ပြီး ဝမ်ရှို့ရှို့က သံသယဖြစ်နေမိသည်။
လုကျဲ့ထျန်းက ဇာတ်ကြောင်းထိန်းချုပ်မှုမှနိုးထမလာခင်မှာ သူမနဲ့ စကားပြောရတာ ပိုအဆင်ပြေတယ် ဆိုတာ သူမ မသိခဲ့ပါ။ ယခုအချိန်တွင် လုကျဲ့ထျန်း၏နှလုံးသားသည် မှန်တစ်ချပ်လိုဖြစ်ပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသောကြောင့် သူမအား စိတ်မရှည်သည်မှာ သဘာဝအတိုင်းပင်ဖြစ်သည်။
"ငါ..."
ဝမ်ရှို့ရှို့က စကားပြောတော့မည်ဖြစ်သော်လည်း လုကျဲ့ထျန်းက ဖြတ်ပြောသည်။
"ဒီကိုထပ်မလာနဲ့။ မင်းပြန်လာခဲ့ရင် တပ်ကို ရှင်းခိုင်းလိုက်မယ်"
ဝမ်ရှို့ရှို့သည် သူမ၏ နှလုံးသားထဲတွင် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ လုကျဲ့ထျန်း ထွက်သွားတော့မည်ကို မြင်လိုက်ရတော့ သူမ ပါးစပ်ကို အမြန်ဖွင့်လိုက်သည်။
"မင်း မင်း ဒီကိစ္စကို ငါနဲ့ဆွေးနွေးပြီးရင် ငါ နောက်နောင် မလာတော့ဘူး "
လုကျဲ့ထျန်းက ရယ်လိုက်သည်။
" အစတုန်းက ငါပြောခဲ့တာတွေက အရမ်းရှင်းနေပြီ။ ဒီကလေးတွေက မင်းမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ ဒါကြောင့် ပြန်တောင်းဖို့ မစဉ်းစားနဲ့"
အစတုန်းကတော့ သူတို့က မလိုချင်ကြဘူး။ ဒါပေမဲ့ အခုကျတော့ ကလေးတွေကို ပြန်ပေးဖို့ အပြေးအလွှား တောင်းရမ်းနေကြပြီ။ လုကျဲ့ထျန်က သူ့ကို လှောင်ပြောင်လိုက်သည်။
"မင်းကလေး နေမကောင်းလို့ ပိုက်ဆံလိုနေတာမို့ ဖျင်ဖျင်နဲ့ အန်အန်းကို အာရုံစိုက်နေတာမို့လား"
ဝမ်ရှို့ရှို့က အံ့ဩသွားပြီး ဆွံ့အသွားသည်။
"ဘယ်လိုသိတာလဲ..."
"ငါ သိယုံတင်မကဘူး တပ်ဖွဲ့ဝင်တွေလည်း သိတယ်။ ဒါက အဖွဲ့ခေါင်းဆောင်ရဲ့ မျက်နှာကြောင့် သည်းခံနေတာ"
လုကျဲ့ထျန်းကဆက်ပြောသည်။
"မင်း ထပ်လာမယ်ဆိုရင် ငါ့ကို အပြစ်မတင်နဲ့"
ဝမ်ရှို့ရှို့၏နှလုံးသည် လည်ချောင်းထဲမှခုန်ထွက်တော့မည်ဖြစ်သော်လည်း သူမ ကူကယ်ရာမဲ့နေသည်။ သူမ ကလေးမှာ နှလုံးဖောက်သွားကာ ပိုက်ဆံများကို နေ့တိုင်း ရေလိုဖြုန်းတီးနေရ၍ ခွဲစိတ်မှုကြီးကြီးမားမားလိုအပ်သောကြောင့် အမြွှာလေးများအကြောင်းက သူမစိတ်ထဲ၌ ရွေးချယ်စရာမရှိပေ။
ဝမ်ရှို့ရှို့က မျက်လုံးတွေကို ငုံ့လိုက်ပြီး သွားတွေကို အံကြိတ်လိုက်သည်။
"ငါ ကလေးတွေကို ပြန်မတောင်းဘူး။ ငါတို့ စတုတ္ထကလေးရဲ့ (ခေါင်းဆောင်ဟောင်း)ပင်စင်ကို ပေးလိုက်ယုံဘဲ။ ငါတို့မိဘတွေလည်း ဆုံးသွားပြီမို့ ဒီပိုက်ဆံကို ငါ တောင်းပိုင်ခွင့်ရှိတယ်"
လုကျဲ့ထျန်းက သူ့ကိုပြန်ဖြေသည်။
"အဲ့ဒီ ပိုက်ဆံတွေက မင်းနဲ့မဆိုင်ဘူး သူ့ဇနီးဆိုရင်တော့ ဆိုင်တယ်"
"သူမက နောက်အိမ်ထောင်ပြုပြီးပြီ။ ဘာလို့ ပိုက်ဆံပေးရမှာလဲ"
ဝမ်ရှို့ရှို့က ခေါင်းကို ပြင်းပြင်းထန်ထန် မြှောက်လိုက်ပြီး သူမရဲ့ အသံဟာ တင်းမာမှုကြောင့် တရှိုက်ရှိုက်နဲ့ ရှုပ်ထွေးနေသည်။
လုကျဲ့ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"သူမက မကြာသေးခင်ကမှ နောက်အိမ်ထောင်ပြုထားတာ"
"ငါဂရုမစိုက်ဘူး"
ဝမ်ရှို့ရှို့က စိတ်ပျက်လက်ပျက်နဲ့ပြောသည်။
"သူမက ကလေးအတွက် ပိုက်ဆံတွေအားလုံးကို ပေးခဲ့ပြီးပြီ။ ဒါပေမယ့် အဲ့ဒါတွေ မင်းငါ့ကို ပေးရမယ်"
လုကျဲ့ထျန်းက သူမနှင့် ဆက်လက်စကားပြောရန် ပျင်းရိကာ ရှေ့လမ်းဆုံတွင် ဖြတ်သွားသော ဟေးဟူးကိုမြင်သောအခါ ခေါင်းကိုလှည့်၍ ဟေးဟူးကို လာရန် ခေါ်လိုက်သည်။
ဟေးဟူး : "တပ်မှူး ဘာကိစ္စရှိလို့လဲ"
လုကျဲ့ထျန်း : "ဒီလူကို ရုံးကိုခေါ်သွား၊ ဆရာလီကိုဖုန်းဆက်ပြီး ဝမ်ရှို့ရှို့ပြန်ရောက်နေပြီလို့ ပြောလိုက်။ သူ့ကို လေးလေးနက်နက်ဖြေရှင်းပေးလိုက်"
ဟေးဟူးနှင့် လုကျဲ့ထျန်းတို့၏ အမူအရာသည် အလွန်လေးနက်နေပြီး လေးနက်သောလေသံဖြင့်ပြန်ဖြေသည်။
"ဟုတ်ကဲ့ပါ တပ်မှူး"
ဝမ်ရှို့ရှို့သည် အလွန်ထိတ်လန့်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
"ဘာလို့ ငါ့ကို ဖမ်းတာလဲ"
လုကျဲ့ထျန်းက သူမကိုဂရုမစိုက်ဘဲ ဟေးဟူးကိုပြောသည်။
"သူမကို ခေါ်သွားလိုက်"
"ဟုတ်ကဲ့"
ဟေးဟူးက အဖြစ်အပျက်ကို ဂရုမစိုက်ဘဲ ဝမ်ရှို့ရှို့ရဲ့လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူမကို အတင်းဆွဲထုတ်လိုက်သည်။
"ကူညီပါ… ကူညီပါ…"
ဝမ်ရှို့ရှို့ကအော်ပေမဲ့ ဟေးဟူးကတော့ ဂရုမစိုက်ဘဲ တင်းတင်းမာမာစိုက်ကြည့်လိုက်သည်။
"အော်… အကျယ်ကြီး အော်လိုက်၊ ခဏနေရင် အားလုံး ဒီကိုရောက်လာကြလိမ့်မယ်"
ဝမ်ရှို့ရှို့က သူ့ကိုလူတိုင်း စစ်ဆေးမေးမြန်းမှာကို ကြောက်နေတော့ သူမ မအော်ရဲတော့ဘဲ အရူးအမူးရုန်းကန်တော့သည်။
နေ့တိုင်း လေ့ကျင့်ထားသည့် ဟေးဟူးနှင့်ယှဉ်လိုက်ရင် သူမရဲ့ ခွန်အားက ဘယ်လို ယှဉ်နိုင်ပါ့မလဲ။ ဟေးဟူးက သူမကို လျစ်လျူရှုပြီး ရဲစခန်းကို ဆွဲခေါ်သွားသည်။
လုကျဲ့ထျန်းသည် ဟေးဟူး၏ လုပ်ရပ်ကြောင့် အလွန်စိတ်သက်သာရာရသွားပြီး လျစ်လျူရှုကာ အိမ်သို့ တည့်တည့်ပြန်သွားသည်။
ချင်ရှီးက ယနေ့ဘာချက်ထားမလဲ မသိပါ။ အိမ်ထောင့်ကိုကွေ့ဝင်လိုက်သည်နှင့် အနံ့ခံနိုင်လောက်အောင် မွှေးနေသည်။ စောစောစားရသင့်ပေမဲ့ ဝမ်ရှို့ရှို့က အချိန်အတော်ကြာအောင် နှောင့်နှေးစေခဲ့ပြီး စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။
သူအိမ်ပြန်ရောက်သောအခါ မွှေးရနံ့များနှင့်အတူ မီးဖိုချောင်သို့ တည့်တည့်သွားကာ ထမင်းစားပွဲအား ကြည့်လိုက်ရာ အသားများရှိနေသည်ကိုတွေ့ကာ ချက်ချင်းလက်ရေဆေးရန် ဇလုံတစ်ခုကို ယူလိုက်သည်။
"ဒီနေ့ ပြန်ရောက်တာ နည်းနည်းနောက်ကျတယ်နော်"
ချင်ရှီးက အိုးထဲက အသီးအရွက်တွေကိုခပ်လိုက်ပြီး လုကျဲ့ထျန်းကို ဘေးတိုက်ကြည့်လိုက်သည်။
"တစ်ယောက်ယောက်နဲ့ တွေ့ခဲ့တာလား"
ထိုစကားကို ကြားလိုက်သောအခါ လုကျဲ့ထျန်းသည် ဝမ်ရှို့ရှို့က အိမ်ကိုရောက်လာသေးတာကို သိသွားသည်။
"စိတ်မပူပါနဲ့ သူမ ပြန်မလာတော့ဘူး"
ကလေးတွေက နောက်အခန်းမှာရှိနေတာမို့ ချင်ရှီးကတိုးတိုးလေးပြောသည်။
"ဘာကိစ္စရှိလို့လဲ၊ သူမက စန်းကူး…"
လုကျဲ့ထျန်းသည် ဇလုံထဲသို့ ရေနွေးအနည်းငယ်လောင်းချလိုက်ပြီး ခပ်ပြတ်ပြတ်ပြောသည်။
“ကလေးသုံးယောက်မှာ အဒေါ်တစ်ယောက်ဘဲရှိတယ်”
ချင်ရှီးက မျက်ခုံးပင့်လိုက်မိသည်။
လုကျဲ့ထျန်း : "ပြီးမှ အတိအကျပြောမယ်။ ထမင်းအရင်စားရအောင်"
ချင်ရှီးက သဘောတူလိုက်သည်။
" ကလေးတွေ....ထမင်းစားချိန်ရောက်ပြီ"
လုကျဲ့ထျန်းက ဇလုံတစ်လုံးနဲ့ ထွက်လာပြီး ရေအေးထပ်ဖြည့်လိုက်သည်။ ခြံထဲကိုရေဆေးဖို့ ပြေးလာတဲ့ ကလေးတွေကို တားလိုက်သည်။
“ဒီကိုလာ လက်ဆေး”
"အင်း”
ကလေးတွေက လက်ဆေးပြီး မီးဖိုခန်းထဲ ပြေးသွားကြသည်။
လုကျဲ့ထျန်းသည် ကလေးသုံးယောက် ရေဆေးပြီးအောင် စောင့်ဆိုင်းပြီးနောက် လက်ကိုဆေးကာ ညစ်ပတ်သောရေများကို သွန်ကာ ရေအေးအနည်းငယ်ယူ၍ မျက်နှာကို ဆေးကြောလိုက်သည်။ ရေဆေးပြီးတာနဲ့ ရေလောင်းပြီး စားဖို့ အိမ်ထဲဝင်သွားသည်။
ထမင်းစားပြီးနောက် အမြွှာနှစ်ယောက်သည် ကောင်တာပေါ်တွင် မိမိတို့၏ပန်းကန်များကို ထားကာ ဘေးအခန်းသို့ ကစားရန် ပြေးသွားကြသည်။ ကုချင်းဟိုင်က ပန်းကန်များ၊ တူများကို ရေဆေးသည့်နေရာအထိ သယ်ပေးပြီးမှ ထွက်သွားသည်။
လုကျဲ့ထျန်းက အေပရွန်ဝတ်ကာ ကြိုးနဲ့ချည်လိုက်သည်။
"ရှောင်ဟိုင်က အခု နေသားကျသွားပြီလား"
ချင်ရှီးက ရယ်သည်။
"အရင်ကထက်တော့ အများကြီး ပိုကောင်းလာတယ်"
ရှောင်ဟိုင်က အပြင်ဘက်တွင် မာကျောဟန်ရှိကာ စိတ်နှလုံးကတော့ နူးညံ့သူဖြစ်သည်။ သူမကို အသေအချာ အသိအမှတ်ပြုလက်ခံထားလိုက်ပြီဆိုပေမဲ့ ထိုအကြောင်းနဲ့ပတ်သက်၍ ဘာမှ မပြောပါ။ နေ့တိုင်း အလုပ်တွေ ကူလုပ်ပေးတဲ့အခါ "ငါတို့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်" ဆိုသည့်ပုံစံကိုသာ ပြသည်။
လုကျဲ့ထျန်းက ဒီည သူနဲ့ စကားပြောရမယ်လို့ တွေးပြီး ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ စန်းကူးက ဘာကိစ္စရှိလို့လဲ"
ချင်ရှီးက ဂန္ဓမာလက်ဖက်ရည်ကို ငဲ့လိုက်ပြီး ပန်းကန်ဆေးနေသည့် လုကျဲ့ထျန်းကို မေးလိုက်သည်။
လုကျဲ့ထျန်း : "သူမက ခေါင်းဆောင်ဟောင်းရဲ့ညီမပါ။ လေးနှစ်ရှိသွားပြီးမှ ဘာကြောင့် ရုတ်တရက် ပေါ်လာတာလဲတော့ မသိဘူး"
ချင်ရှီး : အစောပိုင်းက သူမ မိသားစုက စိုက်ပျိုးထားတဲ့ အသီးအနှံတွေကို အိတ်တစ်လုံးနဲ့ တံခါးဆီလာပို့ပြီး ကလေးတွေကို ကြည့်ချင်တယ်လို့ ပြောတယ်။ ကလေးနှစ်ယောက်ကို တံခါးဝမှာ ချော့ပြီး ခေါ်နေတာ။ ပြီးတော့ သူမက ကလေးတွေကို ကြည့်ရှုချင်တယ်လို့ ပြောခဲ့ပေမဲ့ ငါက တိုက်ရိုက်ငြင်းလိုက်ပြီး သူမကို မောင်းထုတ်လိုက်တယ်”
လုကျဲ့ထျန်းက ရေဆေးထားတဲ့ ပန်းကန်တွေကို ဘေးဖယ်ထားကာ ဆက်လက်ပြီးပြောသည်။
"ငါ ခေါင်းဆောင်ဆီသွားပြီး စစ်ဆေးကြည့်တော့ သူ့ကလေး ရုတ်တရက် ဖျားပြီး နှလုံးရောဂါနဲ့ ဆေးရုံတင်လိုက်ရတာကို တွေ့လိုက်ရတယ်”
ချင်ရှီးက ချက်ချင်း သဘောပေါက်သွားသည်။
“အိုး... သူမက ကလေးတွေကို ပြန်ခေါ်ပြီး သူတို့ရဲ့ ထောက်ပံ့ကြေးနဲ့ခေါင်းဆောင်ရဲ့ ပင်စင်ကို ယူချင်တာလား”
လုကျဲ့ထျန်းက ခေါင်းညိတ်သည်။
"ထက်မြက်ပြီး တွေးတတ်လိုက်တာ"
ချင်ရှီးက ရယ်သည်။
ကလေးများကို နို့ဖြတ်ပြီးပြီးချင်း လုကျဲ့ထျန်းအား ပေးခဲ့ပြီး မေမေလုနှင့် လုံးဝကြီးပြင်းလာခဲ့ရသည်။
'ကလေးတွေက အသက်လေးနှစ်ရှိပြီ။ ပြန်ခေါ်ဖို့လား…အိပ်မက်သာမက်နေလိုက်ပါတော့'
"စိတ်မပူပါနဲ့ ဒီတစ်ကြိမ်တော့ သေချာဖြေရှင်းရလိမ့်မယ်။ နောက်တစ်ခါလာရင် လုံခြုံရေးကို အကြောင်းကြားလိုက်။ နောက်မှ ငါကိုယ်တိုင် အဲဒီကိုသွားလိုက်မယ်"
လုကျဲ့ထျန်းက အေးဆေးတည်ငြိမ်စွာပြောသည်။
'ဒီလိုမျိုး တိုက်ရိုက် သပ်သပ်ရပ်ရပ် ဖြေရှင်းတာ အကောင်းဆုံးပါဘဲ'
သူမသည် ပန်းကန်များကို အမြန်ဆေးနေသော လုကျဲ့ထျန်းကိုကြည့်ကာ သာမန်လူတစ်ယောက်ဖြစ်ခြင်းက ပိုကောင်းသည်ဟု စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဇာတ်ကြောင်းထိန်းချုပ်မှုက နိုးထလာရသည်မှာ အံ့သြစရာပင်။
ချင်ရှီးသည် ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ ရုတ်တရက် တစ်ခုခုကို သတိရသွား၍ ချက်ချင်းပင် စိတ်တွေလှုပ်ရှားသွားသည်။
"နှလုံးရောဂါလား။ သူ့တို့မိသားစုမှာ တစ်ယောက်ယောက် နှလုံးရောဂါ ရှိဖူးလား"
လုကျဲ့ထျန်းက ခေါင်းခါသည်။
"ဒါက သူ့ခင်ပွန်းဆီက မျိုးရိုးလိုက်တာ စိတ်မပူပါနဲ့"
ထိုအခါမှပင် ချင်ရှီးသည် စိတ်လျှော့လိုက်သည်။
သူမ သိချင်တာကို သိပြီးနောက် ချင်ရှီးက လုကျဲ့ထျန်းအား မေးမြန်းနေသည်ကို ရပ်လိုက်ပြီး ပန်းကန်တွေဆေးဖို့ ထားခဲ့ကာ ဘေးခန်းကိုထွက်သွားသည်။
လုကျဲ့ထျန်းက ပိတ်သွားတဲ့ တံခါးကို ကြည့်ပြီး ပြုံးရယ်ကာ ခေါင်းယမ်းလိုက်သည်။
ချင်ရှီးအခန်းထဲရောက်သောအခါ အန်အန်းသည် ပုံဆွဲရန် စိတ်မရှည်တော့ဘဲ ပုံပြင်များ ပြောပြရန် ကုချင်းဟိုင်အား နှောင့်ယှက်နေပြီး ဖျင်ဖျင်က စားပွဲပေါ်တွင် တစ်ယောက်တည်း လှဲလျောင်းနေ၍ ကုချင်းဟိုင်၏ အသုံးပြုပြီးသား မှတ်စုစာအုပ်နောက်ဘက်တွင် ခဲတံတစ်ချောင်းကိုကိုင်ကာ ပုံဆွဲနေသည်။
ချင်ရှီး ကြည့်လိုက်တော့ ဆံပင်ရှည်ရှည်နှင့်အမျိုးသမီးတစ်ယောက်က ကလေးနှစ်ယောက်နှင့်အတူ မြေတူးနေသည့်ပုံကို စာရွက်ပေါ်တွင် တွေ့လိုက်ရသည်။ ထိုအရာက နေ့ခင်းဘက်မှာ မြေကြီးတူးဖို့ ခေါ်ဆောင်သွားတုန်းက မြင်ကွင်းပါ။
ဆွဲထားသည့်မျဉ်းကြောင်းတွေက အရမ်းရိုးရှင်းပြီး ဇာတ်ကောင်တွေရဲ့ အချိုးအစားက နည်းနည်းတော့ ထူးဆန်းပေမဲ့ ချင်ရှီးကတော့ အနည်းငယ် အံ့အားသင့်သွားပြီး အတော်လေးကို အနုပညာဆန်သည်ဟု ထင်မြင်မိသည်။
ချင်ရှီးက ချီးကျူးလိုက်သည်။
"ပန်းချီကားက အရမ်းလှတယ်။ ဖျင်ဖျင်က တကယ်ကို အံ့သြစရာကောင်းလိုက်တာ"
ဖျင်ဖျင်က ရှက်ရွံ့စွာပြုံးကာ စာအုပ်ကို ရှေ့သို့လှည့်၍ လွန်ခဲ့သည့် ရက်အနည်းငယ်က သူရေးဆွဲခဲ့သောပုံများကို ချင်ရှီးအား ပြသသည်။
ကြောင်တွေ၊ ခွေးတွေ၊ မြစ်တွေ၊ တောင်တွေပါဝင်ပြီး အစောင့်တပ်သားတွေလည်းပါသည်။ ထို့ပြင် ဘယ်သူလဲဆိုတာ မမှတ်မိနိုင်တဲ့ သူတွေလည်း ပါသည်။
ချင်ရှီးသည် ဤတစ်ကြိမ်တွင် အလွန်ပင် အံ့အားသင့်ခဲ့ရပြီး ဖျင်ဖျင်က ပန်းချီဆွဲရန် အရည်အချင်းရှိမည်ဟု သူမ မတွေးမိခဲ့ဘဲ သူ၏ ပန်းချီကားများသည် အလွန်ကောင်းမွန်ပါ၏။
"လှလိုက်တာ"
ချင်ရှီးက ဖျင်ဖျင်ရဲ့ခေါင်းကိုထိလိုက်သည်။
"မင်းပုံဆွဲရတာကြိုက်လား"
ဖျင်ဖျင်က အားတက်သရော ခေါင်းညိတ်ကာ အခန်းထဲသို့ ပြေးသွားကာ အမျိုးမျိုးသော မှတ်စုစာအုပ်များကို ထုတ်ယူလိုက်သည်။
ချင်ရှီးသည် သူ၏ မရင့်ကျက်သေးသော ကလေးဆန်သည့် ပန်းချီကားများကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ဖျင်ဖျင် ကြီးပြင်းလာတဲ့အခါ ဘာဖြစ်ချင်လဲ ပန်းချီဆရာလား "
ဖျင်ဖျင်ရဲ့ မျက်လုံးတွေက ချင်ရှီးသိနေပုံကို အံ့ဩနေဟန်ဖြင့် လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
"ငါ ပုံဆွဲရတာ ကြိုက်တယ်"
ချင်ရှီးက ဖျင်ဖျင်သည် ယခင်ဘဝက(မူလဇာတ်ကြောင်းထဲမှာ) ပန်းချီဆရာအစား ဘာကြောင့် ဒီဇိုင်နာ ဖြစ်ခဲ့ရသည်ကို မခွဲခြားနိုင်ဘဲ ပြုံးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ထိုအရာက စာအုပ်ထဲက ဇာတ်ကွက်တစ်ခုသာ။ လုကျဲ့ထျန်းက နိုးထလာပြီးနောက် ဇာတ်ကြောင်းရဲ့ ထိန်းချုပ်မှုတွေကို ဖယ်ရှားလိုက်တဲ့အတွက် သဘာဝအတိုင်း ကလေးတွေလည်း အတူတူပင်ဖြစ်ရမည်။
ဇာတ်ကွက်သည် ဇာတ်ကွက်ဖြစ်ပြီး သရုပ်မှန်သည် သရုပ်မှန်ဖြစ်ရမည်။ ဇဝေဇဝါဖြစ်စရာမလိုအပ်ပါ။
ချင်ရှီးက ဖျင်ဖျင်ကို ပြုံးပြုံးလေးကြည့်ရင်းပြောသည်။
"နောက်လမှာ မင်းရဲ့မွေးနေ့အတွက် ရောင်စုံခဲတံတွေနဲ့ အထူးပုံပြင်စာအုပ်လေးပေးရမလား"
ဖျင်ဖျင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကာ မယုံနိုင်စွာမေးလိုက်သည်။
"ငါ ယူလို့ရနိုင်မလား"
"ရတာပေါ့"
ချင်ရှီက ပြုံးနေသည်။ ကလေးတွေရဲ့ သူတို့ကြိုက်တဲ့ ဝါသနာကို လူကြီးတွေက ပံ့ပိုးပေးချင်ကြတာ သဘာဝပါဘဲ။
ချင်ရှီးသည် အနာဂတ်တွင် သူ ဘာလုပ်မည်ကို ဂရုမစိုက်ဘဲ ယခုအခါ ပန်းချီကားကို နှစ်သက်သရွေ့ သူ့ကို ပံ့ပိုးပေးမည်ဖြစ်သည်။ ကျန်တာကတော့… သဘာဝအတိုင်းဘဲ လမ်းကြောင်းမှန်ပေါ်ရောက်ပါစေ။
"ကျေးဇူးတင်ပါတယ်"
ဖျင်ဖျင်၏ မျက်လုံးများ တောက်ပလာပြီး သူပြုံးလိုက်ရာ ပါးချိုင့်လေးများ ပေါ်လာသည်။
_***_
Zawgyi