အပိုင်း (၂၃)
အတန်းခေါင်းလောင်းသံမြည်သောအခါ ချင်ရှီးသည် ခေတ္တရပ်သွားသော်လည်း ယနေ့မွန်းလွဲပိုင်း၏ နောက်ဆုံးအတန်းသည် ကာယပညာအတန်းဖြစ်ကြောင်း သတိရသောကြောင့် သူမသည် လမ်းဆက်လျှောက်လာခဲ့သည်။
မူလတန်းနှင့် အလယ်တန်းကျောင်းများသည် ပင်ပေါင်စားပွဲများ၊ ဘတ်စကက်ဘောကွင်းများနှင့် အဖြူရောင်ဆေးဖြင့် စက်ဝိုင်းပုံခြယ်ထားသော အလွန်ကြီးမားသည့် အားကစားကွင်းကို အသုံးပြုသည်။
ကာယချိန်မှာ အတန်းအနည်းငယ်ရှိနေပြီး ကစားကွင်းမှာ လူတော်တော်များသည်။ ချင်ရှီးက အကြာကြီးရပ်၍စောင့်ကြည့်နေပေမဲ့ ကုချင်းဟိုင် ဘယ်ရောက်နေလဲဆိုတာ သူမ မမြင်ရသေးပါ။
ကုချင်းဟိုင်၏ ကာယဆရာနှင့် အတန်းဖော်များကို သူမ မသိသောကြောင့်စောင့်နေယုံသာတတ်နိုင်သည်။
အချိန်အတော်ကြာအောင် ရပ်စောင့်ပြီးနောက် မူလတန်း ကာယအတန်းများသိမ်းကာ လူတိုင်း စိတ်ကြိုက်လှုပ်ရှားမှု အတန်းချိန် စတင်ရန် လူစုခွဲကြသည်။ ချင်ရှီးက လမ်းလျှောက်လာရင်း ကာယဆရာကို ရပ်လိုက်ပြီးမေးသည်။
"ဟယ်လို မင်းကဘယ်အဖွဲ့ကလဲ။ လေးတန်းက အတန်းတစ်တန်းကို မေးလို့ရမလား"
ထိုသူက ပြီးပြည့်စုံသည့် အလှလေးက သူ့အားလာ၍စကားပြောသောကြောင့် အလွန်စိတ်လှုပ်ရှားနေကာ သူ့ရဲ့ ပြီးပြည့်စုံတဲ့ အပြုံးကို ပြသလျက် ပြောသည်။
"အဲ့ဒီ ထောင့်စွန်းဘက်မှာ ရှိတယ်"
ချင်ရှီးက သူညွှန်ပြတဲ့ လမ်းကြောင်းကို ကြည့်ပြီး လမ်းညွှန်ချက်ကို အတည်ပြုကာ ကျေးဇူးတင်တဲ့ အပြုံးနဲ့ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး ရပါတယ်"
ငယ်ရွယ်သော ကာယဆရာသည် စိတ်လှုပ်ရှားမှုကို သည်းမခံနိုင်ဘဲမေးလိုက်သည်။
“မင်းကရော ဆရာမလား”
ချင်ရှီးက သူရဲ့ အပြစ်ကင်းစင်ပြီး ရှက်တတ်တဲ့ အမူအရာကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်က အပြုံးက အနည်းငယ် ပိုးတိုးလာသည်။
"ဟုတ်တယ်။ ငါ့သားကို လုပ်စရာရှိလို့ ရှာနေတာ။ ဒီအကြောင်း မပြောပါရစေနဲ့။ နှုတ်ဆက်ပါတယ်"
ပြောပြီးသည်နှင့် ချင်ရှီးက သူကို ဝှေ့ယမ်းနှုတ်ဆက်ပြီး လှည့်ထွက်သွားသည်။
ကာယဆရာသည် တုန်လှုပ်ချောက်ချားသွားပြီး ယခုလေးတင် ပြင်းထန်စွာ တဒိန်းဒိန်းခုန်နေသော သူ့နှလုံးသားသည် ရုတ်တရက် လုံးဝ အေးစက်သွားရသည်။
'အရမ်းငယ်ပြီး လှတာကို... မင်းက ကလေးတောင်ရနေပြီလား...'
ချင်ရှီးက သူ့ကို လုံးဝစိတ်မ၀င်စားပါ။ ကလေးများစွာရှိသည့်အဖွဲ့ထဲမှာ ကုချင်းဟိုင်ကိုရှာဖို့ အာရုံစိုက်ခဲ့ပေမဲ့ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လုံးဝမတွေ့တာကြောင့် သူမက မခံချိမခံသာဖြစ်သွားရသည်။
သူတို့အတန်းကိုလည်း သိမ်းလိုက်တာလားလို့ တွေးမိကာ နည်းနည်းထူးဆန်းသည်ဟုခံစား၍ ချင်ရှီးက ကာယဆရာမကိုမေးလိုက်သည်။
"ဟယ်လို ကုချင်းဟိုင်က ဒီအတန်းထဲရှိလားလို့ မေးလို့ရမလား"
ကာယဆရာမက ခေါင်းညိတ်ပြီး စပ်စုလိုက်သည်။
"နင်ကဘယ်သူလဲ"
ချင်ရှီးက မိတ်ဆက်လိုက်သည်။
"ငါက ကုချင်းဟိုင်ရဲ့ အမေပါ။ ငါ့နာမည်က ချင်ရှီးလို့ခေါ်ပါတယ်"
ကာယဆရာမက ရုတ်တရက် သဘောပေါက်သွားသည်။ ချင်ရှီးရဲ့ နာမည်ဟာ တပ်မိသားစုအတွင်းမှာ လူပြောများနေပြီး မကြာသေးခင်ကမှ ပိုလို့တောင် ကျော်ကြားလာခဲ့သေးသည်။ ထို့ကြောင့် သူမသည် ထိုအကြောင်းကို သဘာဝအတိုင်း ကြားသိနေရသည်။
"ကုချင်းဟိုင်က နေ့လည်ခင်းမှာ အတန်းခေါင်းဆောင် ကျောက်ဟောင်ရန်နဲ့ ရန်ဖြစ်လို့ စာသင်ခန်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် အတန်းပိုင်ဆရာမဆီက ဒဏ်ရိုက်ခံရတဲ့အတွက် *PE အတန်းကို မတက်ဖြစ်ပါဘူး"
(*PE _ Physical exercises)
ချင်ရှီးရဲ့ မျက်လုံးတွေက ချက်ချင်း အေးစက်သွားသည်။ PE ဆရာမကို ကျေးဇူးတင်ပြီး စာသင်ခန်းဆီသို့ လှည့်ကြည့်လိုက်သည်။
ကုချင်းဟိုင်ကို စာရင်းသွင်းဖို့ သူမ ခေါ်မလာခင်မှာ သူ့အတန်းက ဘယ်မှာရှိတယ်ဆိုတာ သူမ သိခဲ့ပါသည်။
ကုချင်းဟိုင်၏အတန်းဖော်များသည် ချင်ရှီး၏နောက်ကျောကိုကြည့်ကာ နှစ်ယောက်၊ သုံးယောက်စု၍ စကားပြောနေကြပြီး အံ့ဩမှုကြောင့် မျက်ခုံးမွှေးများပင် ပင့်တက်လျက်ရှိနေကြသည်။
ချင်ရှီးသည် ကုချင်းဟိုင်၏ အတန်းသို့ ရောက်ရှိလာချိန်တွင် ပြတင်းပေါက်မှတစ်ဆင့် ခုံစောင်းအောက်တွင် ထိုင်နေသော မိန်းကလေးငယ်တစ်ဦးကို ပူပန်သောကရောက်နေသည့် မျက်နှာဖြင့် တွေ့လိုက်ရသည်။
ချင်ရှီးရောက်လာတာကိုမြင်တော့ သူမအသိစိတ်က မတ်တတ်ထချင်ပေမဲ့ စာသင်ခန်းထဲက ရုတ်တရက် အော်ဟောက်သံကိုကြားလိုက်ရတော့ လန့်ဖျပ်သွားပြီး မူလအနေအထားအတိုင်း ပြန်ထိုင်ချလိုက်သည်။
ချင်ရှီးက တစ်ယောက်ယောက်ပြောနေတာကိုကြားတော့ သူမလက်ကို ဝှေ့ယမ်းပြီး ခပ်နှေးနှေး ချဉ်းကပ်လာသည်။
"မင်းဘာလို့ ဒီလောက်မာနကြီးနေရတာလဲ။ မင်းက မိဘမဲ့ဖြစ်တယ်ဆိုတာ ငါသိတယ်။ မင်းမွေးစားခံခဲ့ရတာ။ မင်းငါ့ကို နာခံမှုမရှိရင် ဒီစကားတွေပြန်ဖြန့်မယ်"
ချင်ရှီးသည် ရန်လိုသောစကားများကို သူမ ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်လုံးများ ပြောင်းလဲသွားသည်။
"သနားစရာကောင်းလိုက်တာ။ မင်းမှာ မိထွေးရှိလို့ သနားစရာလို့ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက မိဘမဲ့ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီကိစ္စကို ငါ ဖြန့်လိုက်ရင် လူတိုင်း ဘာဖြစ်သွားမလဲ။ ပြောကြည့်စမ်း။ ဒီနေ့လည်ခင်းက အံ့သြစရာဘဲ မဟုတ်လား။ မင်းက ငါ့ကို ရိုက်ဝံ့သေးလား။ အခု မင်းဘာလို့ မိုက်မဲနေရတာလဲ"
ကျောက်ဟောင်ရန်က ပထမတန်းစားပွဲပေါ်မှာထိုင်ပြီး ကုချင်းဟိုင်ကို စိတ်မရှည်စွာ ဟစ်အော်နေသည်။
ကုချင်းဟိုင်သည် တံမြက်စည်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့ကိုယ်သူ ထိန်းထားသည်။
"မင်းရဲ့ မိထွေးက အရမ်းလှတယ်လို့ ငါကြားဖူးတယ်။ မင်းအဖေကို ဘယ်လိုမြူဆွယ်လိုက်သလဲမှ မသိနိုင်တာ။ သူမက အမြဲတမ်း မင်းတို့ကို ဒေါသထွက်နေတာမဟုတ်လား။ မင်းကိုယ့်ကိုယ်ကို သတိထားရမယ်။ မင်းအဖေကို ငဲ့ညှာမနေနဲ့။ မဟုတ်ရင် မင်းအတွက် ပိုဆိုးလာလိမ့်မယ်…ဟား ဟား ဟား ဟား"
ကုချင်းဟိုင်သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ တံမြက်စည်းကိုပစ်ချကာ ကျောက်ဟောင်ရန်ဆီသို့ ပြေးသွား၍ လက်သီးကိုမြှောက်ပြီး ပါးစပ်ကိုထိုးလိုက်သည်။
ကျောက်ဟောင်ရန်သည် လက်သီးချက်ဖြင့် အငိုက်မိသွားသော်လည်း လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး ကုချင်းဟိုင်နှင့် ချက်ချင်း ရန်ဖြစ်ကြသည်။
ကျောက်ဟောင်ရန်သည် ကုချင်းဟိုင်ကို အနိုင်မယူနိုင်ဘဲ လက်တုံ့ပြန်နိုင်ခြင်းမရှိမီ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်တိုင်တိုင် အထိုးခံခဲ့ရသည်။
ချင်ရှီးက အေးစက်စွာကြည့်ကာ ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။
သူမဘေးနားက ကလေးမလေးက စိုးရိမ်တကြီးနဲ့ပြောသည်။
"မဖြစ်ဘူး… နင်မတားဘူးလား"
ချင်ရှီး : "မင်းပြောကြည့်လေ အရိုက်ခံရသင့်တယ်လို့ မင်းထင်တယ်မဟုတ်လား"
ကလေးမလေးက ငြိမ်သွားပြီး စကားမပြောတော့ပေ။ ချင်ရှီးသည် ချဲ့ကားပြောနေသည့် စကားလုံးများကို ပို၍ ပို၍ ကြားလာရသည်။
ကုချင်းဟိုင်သည် ပထမအကြိမ်တွင် မထိန်းထားနိုင်ဘဲ ကျောက်ဟောင်ရန်၏ပါးစပ်ကို ထိုးယုံမှလွဲ၍မတတ်နိုင်ပေ။ နောက်ပိုင်းတွင် သူနှုတ်ဆိက်နေပြီး မမြင်နိုင်သောနေရာများကို ဆက်တိုက်ရိုက်နှက်တော့သည်။
လုကျဲ့ထျန်းက သူ့ကိုဆုံးမဖူးသည်။ မမြင်နိုင်သောနေရာတွင် တိုက်ခိုက်မှုက အနာကျင်ဆုံးဖြစ်ပြီး ဒဏ်ရာကိုမြင်နိုင်သောနေရာကို တိုက်ခိုက်တာထက် ပိုကောင်းသည်။ ကုချင်းဟိုင်က ထိုအကြောင်းကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲဖြစ်သည်။
တစ်ဖက်တွင် ကျောက်ဟောင်ရန်သည် ကုချင်းဟိုင်အား ဒေါသတကြီးဖမ်း၍ ကုချင်းဟိုင်၏မျက်နှာကို ဒေါသတကြီး အကြိမ်ကြိမ်ရိုက်နေသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
"ဆရာမ…"
ကလေးမလေးက ကုချင်းဟိုင် မျက်နှာကို ရိုက်မိသွားတာကိုတွေ့တော့ ချက်ချင်းပင် ကူကယ်ရာမဲ့ထိတ်လန့်သွားမိသည်။
ထိုမှသာ ချင်ရှီးက တားလိုက်သည်။
"ရှောင်ဟိုင် ရပ်လိုက်"
ကုချင်းဟိုင်သည် ရင်းနှီးသောအသံကိုကြားသောအခါတွင် စိတ်အလိုမကျစွာ ရပ်လိုက်ပြီး တံခါးကိုကြည့်ရန် ဦးခေါင်းကိုလှည့်လိုက်ရာ ကျောက်ဟောင်ရန်ထံမှ ထပ်မံထိုးနှက်ခြင်းခံလိုက်ရသည်။
ကုချင်းဟိုင်ကလည်း ချင်ရှီးက ဘာကြောင့်ရောက်နေလဲဆိုတာကို ဂရုမစိုက်နိုင်ဘဲ ကျောက်ဟောင်ရန်ကို မြေပြင်ပေါ် ကန်ထုတ်ပြီး သူ့ကိုယ်သူ ခပ်ခွာခွာနေလိုက်သည်။
"အား…"
ကလေးမလေးက မြေပြင်ပေါ်လဲကျသွားတဲ့ ကျောက်ဟောင်ရန်ကိုတွေ့တော့ တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။
ကျောက်ဟောင်ရန်က ထပြီး ကုချင်းဟိုင် အနားကို အပြေးအလွှား သွားချင်ပေမဲ့ ချင်ရှီးက သူ့ကို ဖမ်းဆွဲပြီး နောက်ကနေ ဆွဲထုတ်လိုက်သည်။
"လုံလောက်ပြီ"
ချင်ရှီးသည် ကျောက်ဟောင်ရန်ကို ရပ်တန့်လိုက်ရာ ကျောက်ဟောင်ရန်က သူ့အသိစိတ်ပြန်ဝင်လာပြီး ချက်ချင်းဘဲ တိုင်ကြားသည်။
"ဆရာမ မြင်လိုက်တယ်မဟုတ်လား။ ငါ့ကိုရိုက်တဲ့သူက ကုချင်းဟိုင်ဘဲ။ သူက ငါ့ကို မြေပြင်ကို ကန်တယ်... ဆရာမ ငါဗိုက်နာသွားတယ်"
ကျောက်ဟောင်ရန်က သူ့ဗိုက်ကို ဆုပ်ကိုင်လိုက်ပြီး ကုချင်းဟိုင်ကို ပြစ်တင်ရှုတ်ချဖို့ ချင်ရှီးကို စောင့်မျှော်နေပေမဲ့ သူမက သူ့ကို အေးစက်စက်ကြည့်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။
"ဒါက ထိုက်တန်ပါတယ်"
ကျောက်ဟောင်ရန်က အံ့အားသင့်သွားပြီး ကုချင်းဟိုင်နှင့် ကလေးမလေး၏ မျက်လုံးများလည်း ပြူးကျယ်သွားကာ ချင်ရှီးက ထိုသို့ပြောရန် မမျှော်လင့်ထားကြပေ။
"မင်း..."
ကျောက်ဟောင်ရန်က တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း ချင်ရှီးက ကြားဖြတ်ပြောလိုက်သည်။
"မင်းပါးစပ်ကိုဖွင့်ပြီး ဘယ်လိုစကားတွေပြောဦးမလို့လဲ။ မင်းပါးစပ်ဖွင့်ပြီးတာနဲ့ ရိုင်းစိုင်းတဲ့စကားတွေဘဲထွက်လာတယ်။ မင်း ဘယ်သူဆီကသင်ယူခဲ့တာလဲ"
ချင်ရှီးက ကျောက်ဟောင်ရန်ကို အေးစက်စွာကြည့်လိုက်သည်။
"မင်းဘယ်သူကို မိဘမဲ့လို့ ပြောနေတာလဲ။ ကုချင်းဟိုင်လား… ကုချင်းဟိုင်က တိုင်းပြည်အာဇာနည်တစ်ယောက်ရဲ့ သားဖြစ်တယ်ဆိုတာ မင်းကို သေသေချာချာရှင်းပြရဦးမှာပေါ့။ ကုချင်းဟိုင်ရဲ့ဖခင်က တာဝန်ထမ်းဆောင်ရင်း မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့ရတာ။ စစ်သားတွေက အမိမြေကို ကာကွယ်ဖို့ အပူတပြင်းလုပ်ဆောင်နေကြရတယ်။ ဒါပေမဲ့ မင်းတို့က သူတို့ရဲ့ သားသမီးတွေကို ဒီလို ဆက်ဆံသလား"
(T.N_ မြန်မာနိုင်ငံက စစ်သားတွေမပါဘူး။ သူတို့ရော သူတို့သားသမီးတွေရော ခွေးမသားမအေဘေးသူတောင်းစားတစ်သိုက်ဘဲ...ရှင်းလား)
"ကုချင်းဟိုင်ကို လှောင်ပြောင်အနိုင်ကျင့်တယ်။ ကုချင်းဟိုင်ရဲ့ ရှောင်လွှဲလို့မရတဲ့ ဖြစ်တည်မှုကို ပြဿနာအဖြစ်သုံးတယ်။ မင်းမှာ အပြစ်ရှိတယ်လို့ မခံစားရဘူးလား။ မင်းအခုကျောင်းမှာရပ်ပြီး စာသင်ခန်းကို လုံခြုံစွာသွားလို့ရနေတယ်မဟုတ်လား။ ဒါဘယ်သူ့ ဂုဏ်ရည်ကြောင့်လဲ။ ဒါဟာ သူတို့ရဲ့အိမ်နဲ့တိုင်းပြည်ကို ကာကွယ်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ ကျေးဇူးဘဲ"
ချင်ရှီးက သူ့ကို စူးစူးရဲရဲကြည့်ကာ စကားရှည်ကြီးပြောလိုက်သည်။
ကျောက်ဟောင်ရန်သည် သူမပြောသည်ကို မတုံ့ပြန်နိုင်ဘဲ ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။
ကုချင်းဟိုင်က ချင်ရှီးကို ကြည့်လိုက်တော့ သူ့နှာခေါင်းက ရုတ်တရက် ချဉ်စူးလာပြီး သူ့နှလုံးသားထဲမှာ ဖော်မပြနိုင်သည့်ခံစားချက်တစ်ရပ် ပေါ်လာသည်။
တစ်ဖက်မှာရပ်နေသည့် ကလေးမလေးက ပိုလို့တောင်ဆိုးသည်။ မျက်ရည်များ ဆို့တက်လာပြီး ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာသည်။
"ငါမသိဘူး..."
ကျောက်ဟောင်ရန် အထိတ်တလန့်ဖြစ်သွားသည်။ သူက တပ်ထဲက ကလေးတစ်ယောက်မို့ ချင်ရှီးပြောတာကို သူသိတာတော့ သေချာပါသည်။
သို့သော် ကုချင်းဟိုင်သည် အာဇာနည်တစ်ဦး၏သားဖြစ်သည်ကို သူတကယ်မသိခဲ့ဘဲ လုကျဲ့ထျန်းသည် သူ့ကို ပေါ့ပေါ့တန်တန် ခေါ်ယူမွေးစားထားသည်ဟု ထင်ခဲ့သည်။
"မင်းမသိရင် မိုက်မဲတဲ့စကားတွေမပြောနဲ့လေ။ မင်းက ကောလဟာလတွေဖြန့်နေတယ်ဆိုတာ မင်းသိလား"
ချင်ရှီးက ကျောက်ဟောင်ရန်ကိုကြည့်ပြီးပြောသည်။
"ကုချင်းဟိုင်မှာ အဖေနဲ့အမေရှိနေပြီ။ သူက မိဘမဲ့မဟုတ်ဘူး။ အခု ကုချင်းဟိုင်ကို ချက်ချင်း တောင်းပန်ပါ"
ကျောက်ဟောင်ရန်က မျက်လုံးကို မှိတ်ထားပြီး နှစ်စက္ကန့်လောက် ငြိမ်သက်နေကာ ကုချင်းဟိုင်ကို လှည့်ကြည့်၍ ဦးညွှတ်လိုက်သည်။
"တောင်းပန်ပါတယ် ငါမသိခဲ့ဘူး... ငါတောင်းပန်ပါတယ်"
ကုချင်းဟိုင်သည် အသက်ပြင်းပြင်းရှူကာ လက်သီးများကို တင်းတင်းဆုပ်၍ ကျောက်ဟောင်ရန်ကိုကြည့်သည်။
"မင်းကို ခွင့်မလွှတ်ဘူး။ မင်းက ငါ့စိတ်နှလုံးကို ကြီးကြီးမားမား ထိခိုက်အောင်လုပ်ခဲ့တာမို့ မင်းကို ခွင့်မလွှတ်နိုင်ဘူး"
ကျောက်ဟောင်ရန်က သူ့ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်ထားပြီး ကုချင်းဟိုင် ကိုကြည့်ကာ မျက်မှောင်ကြုတ်သည်။
"ဒါဆို မင်းဘာလုပ်မှာလဲ"
ကုချင်းဟိုင်က သူ့အား မကြည့်ဘဲ ခေါင်းကို လှည့်ထားသည်။
"မသိဘူး။ မင်းသွားတော့ ငါ့ကိုမနှောင့်ယှက်နဲ့"
သူက ကျောက်ဟောင်ရန်ကို ခွင့်မလွှတ်သော်လည်း သူဘာဆက်လုပ်ရမယ်ဆိုတာကိုတော့ မတွေးထားမိပါ။
ကျောက်ဟောင်ရန်သည် ကုချင်းဟိုင်ကို စိုက်ကြည့်ပြီးနောက် ချင်ရှီးကိုကြည့်ကာ လှည့်ထွက်ခဲ့သည်။
"ခဏနေပါဦး"
ချင်ရှီးက ကျောက်ဟောင်ရန်ကို ရပ်လိုက်ပြီးပြောသည်။
"မင်း ကုချင်းဟိုင်ကို တောင်းပန်ခဲ့ပေမဲ့ မင်းငါ့ကို မတောင်းပန်ရသေးဘူး။ မင်း စကားကို ပေါ့ပေါ့တန်တန်ပြောပြီး ငါက ကုချင်းဟိုင်ရဲ့အဖေကို မရိုးသားဘူးဆိုတဲ့ အရိပ်အမြွက်ပြပြီး ငါကိုဘာလို့ထင်နေတာလဲ"
ကျောက်ဟောင်ရန်၏ မျက်လုံးများ ပြူးကျယ်လာပြီး ချင်ရှီးသည် ကုချင်းဟိုင်၏ မိထွေးဖြစ်ကြောင်း သိလိုက်ရကာ ချင်ရှီး၏ အမေးကို ကြားလိုက်ရသောအခါတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ့အမေက အိမ်နီးနားချင်းတွေနဲ့ စကားစမြည်ပြောနေချိန်တွင် ကုချင်းဟိုင်အကြောင်းကို ပေါ့ပေါ့ဆဆ ပြောခဲ့ပေမဲ့ မထင်မှတ်ပဲ သူကြားခဲ့ရသည်က……
"တောင်းပန်ပါတယ် ငါ မင်းအကြောင်း မပြောသင့်ဘူး"
ကျောက်ဟောင်ရန်က ထပ်ပြီး ဦးညွှတ်လိုက်သည်။
ချင်ရှီးက ပြုံး၍နေကာ သူ့ကို ခွင့်မလွှတ်ဘူးလို့ မပြောဘဲ အခြားမေးခွန်းပြောင်းမေးလိုက်သည်။
"မင်းက ဘယ်မိသားစုကလဲ။ ဘာဘဲဖြစ်ဖြစ် ကုချင်းဟိုင်က မင်းကို ရိုက်လိုက်တာ သူ့အပြစ်ဘဲ။ ညနေကျရင် သူ့အဖေနဲ့ ငါလိုက်ပို့ပေးလိုက်မယ်။ သူ့ကို မင်းအိမ်တံခါးဆီသွားပြီး မင်းကို လူကိုယ်တိုင် တောင်းပန်ခိုင်းလိမ့်မယ်"
ကျောက်ဟောင်ရန်သည် သူ့နှလုံးသားထဲမှာ "ဒုန်း"ခနဲခံစားလိုက်ရပြီး သူအဆင်ပြေတယ်လို့ ပြောတော့မဲ့အချိန်မှာ ချင်ရှီးပြောတာကို ပြန်ကြားလိုက်ရသည်။
"မင်းရဲ့မိဘတွေကိုလည်း ပေါ့ပေါ့ပါးပါးမေးကြည့်ရတာပေါ့။ ငါတို့မိသားစုနောက်ကွယ်မှာ ငါတို့မိသားစုအကြောင်း အတင်းအဖျင်းတွေဖြန့်နေတာလားဆိုတာ"
ကျောက်ဟောင်ရန်က ဖျော့တော့သွားပြီး အသံတိုးတိုးလေးဟစ်အော်ကာ လှည့်ထွက်ပြေးသွားသည်။
ချင်ရှီးက သူ့ကို မတားခဲ့ပါဘူး။ နောက်ဆုံးတော့ သူတို့ဟာ တပ်နယ်မြေထဲမှာနေကြတာဘဲ။ ထွက်ပြေးသွားနိုင်ရင်တောင် လွတ်မြောက်နိုင်တာမှမဟုတ်ဘဲ။
ကလေးမလေးက အသက်ရှူရှိုက်လိုက်ရင်း ကြောက်ရွံ့ရိုသေစွာဖြင့် ချင်ရှီးကိုကြည့်သည်။
"ငါသိပါတယ်။ သူ့အဖေက ဦးလေးလုလို တပ်ရင်းမှူးလည်း ဖြစ်တယ်။ သူက အမှတ် ၃၉၊ တောင်ပိုင်းခရိုင်မှာ နေထိုင်တယ်။ ငါ့အိမ်နီးချင်းလည်း ဖြစ်သေးတယ်”
အမူအယာတင်းမာနေသော ချင်ရှီးသည် သူမ၏အမူအယာကို ဖြေလျှော့လိုက်သည်။ သူမသည် အနည်းငယ်ပြုံးကာ ကလေးမလေးအား ကြည့်သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"ငါ့နာမည် လီဖေးဖေးပါ"
လီဖေးဖေးက တိုးညှင်းသောလေသံဖြင့် ပြန်ဖြေသည်။
ချင်ရှီးက ပြုံးပြီး ခေါင်းကိုကိုင်လိုက်သည်။
"ကောင်းပြီ အတန်းဖော် ဖေးဖေး စိတ်မပူပါနဲ့။ ငါ ဒီကိစ္စကို ဂရုစိုက်လိုက်မယ်"
လီဖေးဖေးက ခေါင်းညိတ်ပြပြီး ကုချင်းဟိုင်ကို ထပ်မံ စိုက်ကြည့်သည်။
"ဆရာမ သူ့ကိုမဆူပါနဲ့။ ကုချင်းဟိုင်က ရန်ဖြစ်ပေမဲ့ ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ပါဘူး…”
ချင်ရှီးက ပြုံးပြီးပြောသည်။
“ငါသိပါတယ်။ ငါသူ့ကို မရိုက်ပါဘူး။ သူ့အဖေကိုလည်း သူ့ကို ရိုက်နှက်ခွင့်မပေးဘူး စိတ်မပူနဲ့"
လီဖေးဖေးက စိတ်သက်သာရာရသွားပြီး အသက်ပြင်းပြင်းရှူကာ စားပွဲပေါ်တင်ထားသော မှတ်စုစာအုပ်ကို ရှာတွေ့ကာ ချင်ရှီးကို နှုတ်ဆက်၍ ပြေးထွက်သွားသည်။
ချင်ရှီးနှင့် ကုချင်းဟိုင်တို့သာ စာသင်ခန်းထဲမှာ ကျန်တော့သည်။ ကုချင်းဟိုင်က ချင်ရှီးကိုကြည့်သည်။
“ကျေးဇူးတင်ပါတယ်…ချင်… မေမေ”
ချင်ရှီးက ကုချင်းဟိုင်ကို တအံ့တသြကြည့်ကာ မေးလိုက်သည်။
"မင်းအခုမှဘာပြောလိုက်တာလဲ"
ကုချင်းဟိုင်ကက ရှက်ပြီး လည်ပင်းကို လက်နှင့်ပွတ်သပ်နေ၏။
"ကျေးဇူးတင်ပါတယ် မေမေ"
ချင်ရှီးက ပြုံးပြီး သူ့ပုခုံးပေါ် လက်တင်လိုက်သည်။
" အဆင်ပြေပါတယ် ဒါက ငါလုပ်သင့်တဲ့အရာကို လုပ်တာဘဲ"
ကုချင်းဟိုင်၏ မျက်နှာသည် ရှက်လွန်း၍ ပူလောင်နေပြီး ချင်ရှီးကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားသော်လည်း သူ့ပါးစပ်ထောင့်များက အလိုအလျောက် တွန့်ကွေးသွားသည်။
'အနာဂါတ်မှာ သူ့ကိုဂရုစိုက်မဲ့ မိခင်ရှိလာလိမ့်မယ်။ သူက မိဘမဲ့မဟုတ်ဘူး။ သူ့မှာ မိဘရှိတယ်'
_***_