Chapter 5

6.2K 596 0
                                    

အပိုင်း (၅)

"တစ်ထောင်..."
ချင်မိသားစုမှလူတိုင်းကအံ့ဩတကြီး အော်လိုက်ကြသည်။

“မင်း တကယ်ကြီး စကားတစ်ခွန်းမှ မပြောဘဲ လုပ်ခဲ့တာဘဲ”
ဦးလေးသည် သူ၏ယောက္ခမကို အလွန်ပင်အံ့ဩဘနန်းဖြစ်သွားရ၏။

"ငွေကကော အဲဒါ့က အာ့နင်းရဲ့ ခွဲတမ်းဘဲ။ ငွေတွေက ငါတို့ရဲ့ မိသားစုပိုင် မဟုတ်ဘူးလား"
ချင်ရှီးရဲ့ မိထွေးက စိုက်ကြည့်နေ၏။
   
"အမေ မင်းက ယွမ်တစ်ထောင်နဲ့ တကယ်ရောင်းခဲ့တာလား"
ချင်ရှီး၏ဖခင်သည် အံ့အားသင့်လွန်း၍ မကူနိုင်မကယ်နိုင်စွာဖြစ်နေရသည်။

အဖွားချင်က တစ်မိသားစုလုံးရဲ့ စူးရှတောက်ပသည့် မျက်လုံးများနှင့် သူတို့အားလုံးက 'ငွေတွေ ဘယ်မှာလဲ' ဟုမေးကြသည်ကိုမြင်ရာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဒုတိယမြောက်သား(မူလကိုယ်၏အဖေ) ခြေထောက်ဒဏ်ရာ‌ကြောင့်သာမဟုတ်ရင် ငါရောင်းပါ့မလား။ ဒီ ငွေ ငွေ ငွေ ကိုဘဲမေးနေကြတယ်။ ငွေတွေက သုံးလိုက်ပြီ"

လူတိုင်းကို အော်ငေါက်ပြီးနောက် အဖွားချင်က ချင်ရှီးအား ထပ်မံ ဦးတည်လိုက်သည်။ 
"ဒါက နေ့တိုင်းမရပ်မနားပြဿနာရှာတဲ့ မင်းကြောင့်ဘဲ။ အချိန်တိုင်း အပြင်ထွက်ပြီး ပြန်လာတဲ့ ပိုးဖလံကောင်။ အဲ့သလိုလုပ်နေတာတွေရပ်ပြီး အိမ်ထောင်ပြုဖို့ အိမ်မှာစောင့်နေ"

ချင်ရှီးက ခေါင်းမာသည့်အဖွားချင်ကိုကြည့်ပြီး ဘာမှမပြောချင်တော့ပေ။
"အဖွား မင်း ငွေတွေကို ပြန်ပေးသင့်တယ်။ စောစောက တက္ကသိုလ်ကျောင်းသူ‌ခွဲတမ်းကို ရောင်းလိုက်တာက ဥပဒေနဲ့မညီလို့ ဖမ်းဆီးထောင်ချခံရလိမ့်မယ်”

ထိုစကားကြောင့် အဖွားချင်က ကြောက်လန့်သွားသော်လည်း သူမမွေးရပ်မြေမှ သူမအဒေါ်မိသားစုက သူမကို *ရောင်းစားခဲ့သည်အား သတိရမိသည်။ ထို့အပြင် ထိုအဒေါ်မိသားစုက ဖမ်းဆီးမခံရသည်ကိုပြန်တွေးမိလိုက်ပြီးနောက်တွင် သူမသည် ချက်ချင်းပင် ယုံကြည်ချက်ပြန်ရလာ၏။
"*မင်းဖင်ကြီးကိုဘဲ"
(*T/N - ကျိန်ဆဲတာဖြစ်ပါတယ်)

(* T/N - ဟိုးယခင်က တရုတ်ကျေးလက်‌ဒေသတွေဘက်မှာ မိန်းမပျိုလေးတွေကို အိမ်ထောင်ပြုစေဖို့ ရောင်းစားတဲ့ဓလေ့ရှိပါတယ်။ အဖွားချင်က အဲ့လိုရောင်းခံခဲ့ရတာဖြစ်နိုင်ပါတယ်)

ချင်ရှီးက သူမရဲ့ တူတွေကို ချလိုက်ပြီး ဒီနေ့ နေ့လယ် မြို့ထဲကနေ  ရှာတွေ့ခဲ့တဲ့ သတင်းစာကို ထုတ်ယူကာ အဖွားချင်ထံပြလိုက်သည်။ 
"အဖွား အဲ့ဒါ ဥပဒေ ချိုးဖောက်တာဘဲ။  လူတော်တော်များများ အဖမ်းခံရပြီးသွားပြီ ”

ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်စတင်ချိန်မှာ နှစ်နှစ်သာရှိသေးပြီး တက္ကသိုလ်ခွဲတမ်းနေရာများကို လျှို့ဝှက်စွာ အစားထိုးဝယ်ယူရောင်းချခဲ့ကြသူများ မရေမတွက်နိုင်အောင်ရှိနေပြီဖြစ်သည်။

ရွာက ခေတ်နောက်ကျနေသည်။ ရွာသားတွေက ထိုအကြောင်းအရာအား ကောင်းစွာ မသိကြသည်လား သို့မဟုတ်  သိသိကြီးနဲ့ ပြစ်မှုကျူးလွန်သည်လား မသိနိုင်ပေ။

အဖွားချင်က ချင်ရှီးအား ဒေါသအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မဖတ်ချင်ဘူး"

သူမ ယူမဖတ်သည်ကိုမြင်တော့ ချင်ရှီးက သတင်းစာကို သူမဘေးမှာထားကာ ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး ကျန်နေသည့်ယာဂုကို သောက်လိုက်သည်။ .

'ဟမ်... ကန်စွန်းဥက ကောင်းလိုက်တာ။ ဒါပေမယ့် ထမင်းက မကောင်းဘူး။ ယာဂုချက်ထားတာကလည်းမကောင်းတော့ ယာဂုအရသာကို ပိုဆိုးစေတယ်'

အဒေါ်က သတင်းစာကို ကောက်ကိုင်လိုက်ပြီး လက်ထိပ်ခတ်ထားတဲ့ လူတန်းကြီးကိုတွေ့တော့ နှလုံးခုန်သံတွေမြန်သွားပြီး သူမသား ချင်ကုန်းကို ဖတ်ပြခိုင်းဖို့ သတင်းစာကို ပေးလိုက်၏။
"ဘာတွေရေးထားတာလဲ"

ချင်ကုန်းက ခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်ရာ ဖော်ပြပါပုံသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး တက္ကသိုလ်နေရာခွဲတမ်းအား အတင်းအဓမ္မရယူမှုနဲ့ အဖမ်းခံခဲ့ရကြောင်းကိုမြင်တွေ့ရာ တုန်လှုပ်ခြောက်ခြားသွားရ၏။

သူက အဖွားချင်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
"အဖွား အဲ့ဒါ အမှန်ဘဲ။ ရဲက မင်းကိုတကယ်ဖမ်းလိမ့်မယ်"

"အာ..."
အဖွားချင်သည် အထိတ်တလန့်ဖြစ်သွား၏။
"မဟုတ်ဘူး။ တခြားသူတွေလည်းဝယ်ကြတာဘဲ။ သူတို့ကတော့ ဘာလို့အဆင်ပြေနေကြတာလဲ။ ငါ ရဲအဖမ်းမခံချင်ဘူး...အဖမ်းမခံချင်ဘူး..."

အဖွားချင်သည် သာမန်ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်ပြီး သဘာဝအလျောက် ရဲနှင့်ရဲစခန်းကို ကြောက်လန့်သူဖြစ်၏။ ရဲစခန်းမှာ ပိတ်လှောင်ခံထားရမည်ဟု ကြားသောအခါ ကြောက်ရွံ့ထိတ်လန့်နေလေသည်။

"ဒါဆို အမေက အာ့နင်းရဲ့ တက္ကသိုလ်ခွဲတမ်းကို ယွမ်တစ်ထောင်နဲ့ တကယ်ရောင်းခဲ့တာလား"
ချင်ရှီးရဲ့ မိထွေးက သူမပိုက်ဆံတွေ အကုန်ကုန်သွားတာကို မယုံနိုင်သေးပါ။  ကျေးလက်မှာ စားစရာ ဘာမှမရှိပေ။ အဖွားချင်က မြို့ကိုလည်း သွားလေ့မရှိရာ လက်ကျန်ငွေတွေက သိမ်းဆည်းထားတာဖြစ်ရပေလိမ့်မည်။

“ဟုတ်တယ် အမေ…တကယ်လား”
အဒေါ်က မိုက်မဲစွာ ထပ်မေးဖို့ စကားစပြင်လိုက်သော်လည်း  ဦးလေးချင်၏ အော်ဟောက်သံကြောင့် အနှောင့်အယှက်ဖြစ်သွားရသည်။

"အခုဘယ်အခြေနေရှိပြီလဲ။ မင်း အမေကို ကူညီဖို့ နည်းလမ်းကိုတော့ မရှာချင်ဘူး ဒါပေမယ့် ဒီမှာ ပိုက်ဆံအတွက်မင်းကစဉ်းစားနေတုန်းဘဲ"

တိတ်တိတ်လေးကြည့်နေသည့် အဘိုးကြီးချင်က စားပွဲကို လက်နဲ့ပုတ်လိုက်တော့ ကျန်လူများက ချက်ချင်းတိတ်ဆိတ်သွားကြသည်။ ဘယ်သူမှ ထပ်မပြောရဲကြတော့ဘဲ အဖွားချင်၏ ငိုသံတောင် ရပ်သွားသည်။

အဖွားချင်သည် ခဏတာ ငိုပြီးနောက် သနားစရာကောင်းပြီး စိုးရိမ်တကြီးဖြင့် ဆက်လက် အော်ဟစ်နေသည်။ ရဲစခန်းမှာ ဖမ်းဆီးပိတ်လှောင်ခံထားရတာကို မပြောပါနဲ့ဦး အဖွားချင်က ရဲစခန်းကို ဖြတ်သွားရင်တောင် ကြောက်ရွံ့တတ်သူဖြစ်ပါ၏။

အဘိုးကြီးချင်သည် ချင်ရှီးကိုကြည့်လိုက်ရာ ဘာမှမဖြစ်စွာ သာမန်လူတစ်ယောက်လို စားသောက်နေသေးသည်ကို မြင်လိုက်ရသဖြင့် ဒေါသကြောင့် စိတ်နှလုံးများ နစ်မွန်းသွားရ၏။အေးအေးဆေးဆေးနေတတ်သူဖြစ်သည့် အာ့နင်းသည် အမှန်တကယ် အေးစက်ရက်စက်သူဖြစ်မည်ဟု သူ မမျှော်လင့်ထားမိပေ။

"အာ့နင်း"
ဦးလေးချင်ကပြောသည်။ 
"မင်းအဖွားလုပ်ရပ်က  မမှန်ဘူးဆိုပေမဲ့  မင်း သူဒုက္ခရောက်မှာကိုလည်း မကြည့်နိုင်ဘူးမလား။ နည်းလမ်းတစ်ခုခု စဉ်းစားကြည့်ပါဦး"

ချင်ရှီးကပြန်ပြောသည်။ 
" ကိုယ့်ကိုကိုယ်ဝန်ခံပြီး အပြစ်ဒဏ်ခံယူတာကို ရဲတွေမြင်ရင် မင်းကစိတ်ထားကောင်းတယ်လို့ သူတို့ကယူဆပြီး ပေါ့ပေါ့တန်တန် အပြစ်ဒဏ်ချလိမ့်မယ်"

"ဒါဆို ငါက ဖမ်းခံရတော့မှာပေါ့"
အဖွားချင်က ကျယ်လောင်စွာအော်ပြောပြန်သည်။
"လူတိုင်းရောင်းကြတာဘဲ။ ငါကဘာလို့ရောင်းလို့မရမှာလဲ။ ရဲတွေက သူတို့ကို ဘာလို့မဖမ်းတာလဲ ”

ချင်ရှီးက သူမကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်၏။
"ဘယ်သူရောင်းလဲသိလား။ သတင်းပေးလို့ရတယ်။ သတင်းပို့ရင် အပိုဆုကြေးတွေရှိတယ်လို့ ကြားတယ်။ အဲဒါ မှန်လား မမှန်လားတော့ မသိဘူး "

အဖွားချင်က အပိုဆုကြေးရှိသည်ဟုကြားသောအခါ ငိုယိုနေသော်လည်း အခြားရောင်းချသူများအကြောင်းကိုတောင် တွေးလိုက်မိသည်။
'အဲ့ဒါက ငါ့ရဲ့မွေးချင်းဆွေမျိုးအရင်းတစ်ယောက်ဖြစ်ပြီး ငါကိုယ်တိုင် သတင်းပို့ခဲ့တယ်ဆိုတာသူတို့သိရင် ငါ့ရဲ့ဇာတိမိသားစုက ငါ့ကို ဘယ်လိုထင်ကြမလဲ။ အဲ့လိုဆို ဆွေမျိုးတွေနဲ့ ကောင်းကောင်းမပေါင်းသင်းနိုင်တော့ဘဲ အခြားသူတွေကလည်း ငါ့ကို ထောက်ပြကြလိမ့်မယ်'

ထို့ကြောင့် အစောပိုင်းက စူးစူးဝါးဝါး ငိုကြွေးသံကို ပြန်စတင်လိုက်သည်။

"အဖွား မငိုနဲ့တော့"

"အာ့နင်း တခြားနည်းလမ်းမရှိဘူးလား"

"တခြားသူတွေ အရောင်းအဝယ်လုပ်ကြတာ အဆင်ပြေတယ်မဟုတ်လား ငါထင်တာ‌တော့ အဆင်ပြေလောက်မှာပါ"

ချင်မိသားစုက တစ်ယောက်တစ်ပေါက်ပြောနေကြပြီး  ညစာစားပွဲက ပရမ်းပတာဖြစ်နေ၏။ ချင်ရှီးမှလွဲ၍ အခြားမည်သူမျှ စားပွဲပေါ်ရှိ အစားအစာကို အာရုံစိုက်ခြင်းမရှိကြချေ။
   
ချင်ရှီးသည် သူတို့၏အသံများကို အလိုအလျောက်မကြားဟန်ဆောင်ကာ ပန်းကန်ပြားပေါ်ရှိ ကြက်ဥမွှေများကိုကြည့်၍ နှမြောစရာကောင်းသည်ဟု တွေးနေမိသည်။ သူမယနေ့ပြန်လာသောအခါ ပြဿနာဖြစ်ပြီး ညစာမစားနိုင်ဖြစ်မည်ဟု ထင်ခဲ့မိခြင်းသာ။

'ဒီလိုဖြစ်မယ်မှန်းသာ ငါသိခဲ့ရင် အဲ့ဒီ ဘီစကွတ်နှစ်ခုကို ဝယ်စားခဲ့မှာမဟုတ်ဘူး'
   
"ရဲတွေက တခြားသူတွေရဲ့ကိစ္စတွေကို မသိလို့လေ။ သူတို့သိရင် အဲ့ဒီရောင်းဝယ်ကြတဲ့သူတို့ကို ဖမ်းဆီးလိမ့်မယ်"
ချင်ရှီးက ပန်းကန်ကိုချလိုက်သည်။
"ငါ့အတန်းဖော်တွေက ဒီအကြောင်းကို သိတယ်။ တခြားသူတွေလည်း သိကြလိမ့်မယ်။ ပိုက်ဆံတွေကို တတ်နိုင်သမျှအမြန်ဆုံးပြန်ပေးလိုက်သင့်တယ်။ တက္ကသိုလ်ခွဲတမ်းကိုပြန်ယူလိုက်ပါ"

"ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော်တို့ ပိုက်ဆံပြန်ပေးရမယ်"

ချင်ကုန်းက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြီးပြော၏။
"ဒီကိစ္စကို တိတ်တိတ်လေးဖြေရှင်းလိုက်ရင် အဆင်ပြေမှာပါ။ ရဲတွေ မသိတော့ဘူး"
 
ဦးလေးရဲ့အမူအရာက ပြောင်းလဲသွားပြီး ယွမ်တစ်ထောင်လောက်ကို တွေးနေဆဲဖြစ်၏။
   
ပုံမှန်အလုပ်သမားများ၏ လစဉ်လစာမှာ ယွမ် ၃၀ လောက်သာရှိသည်။ ယွမ် ၁၀၀၀ တဲ့လား။ နှစ်နှစ် သို့မဟုတ် သုံးနှစ်ကျော်နီးပါး လစာကို ဘယ်သူကပေးရန် ဆန္ဒရှိပါ့မလဲ။
   
အဒေါ်ကိုထည့်မတွက်ဘဲဆိုရလျှင် ချင်ရှီးကလွဲ၍ အားလုံးက ဤကိစ္စကို သည်းမခံနိုင်ကြပေ။ သို့သော် ယခုအခါ ပိုက်ဆံပြန်မပေးလျှင် အဖမ်းခံရလိမ့်မည်။ အဖမ်းမခံချင်ဘူးဆိုလျှင် ပိုက်ဆံပေးဖို့လိုလားကြရမည်သာ။
   
"မြန်မြန် ပိုက်ဆံထုတ်ပြီး ပြန်ပေးလိုက်"
   
"ဟုတ်တယ် အဖွား"
   
အဖိုးချင်နှင့် ချင်ကုန်းတို့က အဖွားချင်ကို ပိုက်ဆံပြန်ပေးလိုက်ရန် ဆွဲဆောင်ဖို့ ကြိုးစားကြသည်။
   
ဦးလေးနှင့် ချင်ရှီး၏မိထွေးတို့သည် ငွေအမြောက်အမြားကို ပေးလိုက်ရန် တွန့်ဆုတ်နေကြသော်လည်း ဂါဝရတရားအရ အဖွားချင် အဖမ်းခံရမည်ကို ကြည့်မနေနိုင်သောကြောင့် မည်သူမျှ မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
   
အဖွားချင်က သူ့ရင်ဘက်ကိုဖိ၍ ပိုက်ဆံထုတ်ဖို့ ဘာမှမပြောဘဲ ငိုနေကာနောက်ဆုံး၌ ဒေါသတကြီး အော်ဟစ်၏။
"မင်းတို့ပိုက်ဆံကို ဆက်တောင်းနေရင် ငါအသက်ရှိမှာမဟုတ်တော့ဘူး။ ဒါကကြီးမားတဲ့ အရောင်းအဝယ်တစ်ရပ်လေ။ အခုတော့ရှုပ်ထွေးကုန်ပြီ။ ပိုက်ဆံတွေက အစားအသောက်၊ အနေအထိုင်အတွက် သုံးလိုက်ရပြီ"

မိထွေးက ထိုစကားကိုကြားသောအခါ ခေါင်းကိုမော့ကာ တစ်ခုခုပြောရန်ပြင်လိုက်သည်။

အဖွားချင်သည် သူမ၏ သိသိသာသာ လှုပ်ရှားမှုကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းငါ့ကို ငွေတွေခွဲပေးစေချင်တယ်မဟုတ်လား။ အသိစိတ်မရှိတဲ့လူယုတ်မာ။ မင်းလိုချွေးမကို တောင်းရမ်းဖို့ ငါဘာလို့လုပ်ခဲ့တာလဲ"

မိထွေးကို လူတိုင်းက မကြင်နာတဲ့မျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။ 

"အမေ မင်းဘာတွေပြောနေတာလဲ"
   
မိထွေးက သူမမျက်နှာကိုဖုံးအုပ်ကာပြော၏။
"ငါဘာကိုဂရုစိုက်လဲဆိုတာ မပြောရသေးခင် မင်းကငါ့ကို ရက်ရက်စက်စက်ပြစ်တင်ရှံ့ချလိုက်တယ်ပေါ့။ ငါ ချင်ကျန်းကော်နဲ့ လက်ထပ်ခဲ့တာ တော်တော်ကြာခဲ့ပြီ။ ကလေးနှစ်ယောက် ကြီးပြင်းလာပြီး မင်းမိသားစုအတွက် သားတစ်ယောက်လည်းမွေးပေးခဲ့တယ်။ ကြိုးကြိုးစားစားလုပ်ပေးခဲ့တာမရှိရင် အခုချိန် အရာရာခက်ခဲနေမှာပေါ့။ မင်းဘယ်လိုလုပ် ပြောရက်ရတာလဲ။ ငါတို့ အာ့နင်းရဲ့ တက္ကသိုလ်ခွဲတမ်းကို တိတ်တိတ်လေးရောင်းလိုက်တဲ့အပြင် အခုငါ့အကြောင်းကိုပြောပြန်ပြီ။ ငါ... ငါအသက်မရှင်ချင်‌တော့ဘူး... အားလုံးပြီးသွားပြီ"
   
ချင်ရှီးသည် ညစာ စားပွဲပေါ်တွင် ငိုယိုမှီတွယ်၍ သေချင်ကြောင်းပြောနေသည့် မိထွေးနှင့် အဖွားချင်တို့ အတူငိုနေကြသည်ကို မျက်ခုံးပင့်ကာ အနည်းငယ် မော့ကြည့်လိုက်သည်။
   
ဤမိထွေးသည် သရုပ်ဆောင်ကျောင်းဆင်းဖြစ်ရမည်။ အံ့သြဖွယ်ကောင်းလေစွ။ မူလပိုင်ရှင်၏ဖခင်သည် သေသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသည်မှာ အံ့သြစရာမရှိတော့ပါ။
   
ငိုသံပါသော တေးသွားသည် ပိုမိုကျယ်လောင်ကာ အသံနှုန်းက တစ်ခုနှင့်တစ်ခု နိမ့်လိုက် မြင့်လိုက်ဖြစ်နေသည်ကိုကြားရသောအခါ ချင်ရှီး၏ ဦးနှောက်ကို ရောင်ရမ်းလာစေတော့သည်။
   
ပန်းကန်လုံးထဲမှ နောက်ဆုံးယာဂုကို ပြီးအောင်သောက်ပြီးနောက် ပန်းကန်လုံးကို ချလိုက်သည်။
"ငါ ပြောစရာရှိတာအကုန်ပြောပြီးပြီ။ ငါအခန်းထဲပြန်တော့မယ်"
ထို့နောက်  ထပြီးထွက်သွားလေသည်။

………
   
အဘိုးကြီးချင်က သူမ၏နောက်ကျောကို ကြည့်ပြီး 'ငါလက်မထပ်ဘူး'ဟုပြောသည့်သူမ၏ပုံရိပ်ကိုပြန်တွေးမိနေစဉ် ဘေးနားရှိ သတင်းစာကိုမြင်လိုက်ရကာ  သူ့နှလုံးသားက အေးခဲသွားရသည်။
   
'ဒီကလေးက ဘေးဒုက္ခဆိုးအဖြစ် ကြီးပြင်းလာတာဘဲ။ အဲဒီတုန်းက အဘွားကြီးကို ငါမတားလိုက်သင့်ဘူး။ အဲ့ဒီအချိန်ကတည်းက ရေနစ်သတ်လိုက်ရမှာ။ ဒီလိုဆို အခုလိုဒုက္ခရောက်လာမှာမဟုတ်ဘူး'
   
အဘိုးကြီးချင်က ခါးခါးသီးသီး‌တွေးပြီး ခေါင်းကို လှည့်ကာ အဖွားချင်ကိုပြောသည်။ 
"မနက်ဖြန် ပိုက်ဆံပြန်ပေးရမဲ့သူဆီကိုသွား။ မဟုတ်ရင် ငါ့လက်နဲ့ ရဲကို လိုက်ပို့ပေးလိုက်မယ်"

ထို့နောက် ချင်ရှီး၏မိထွေးဘက်သို့ကြည့်ပြီး စိတ်မရှည်စွာအော်လိုက်သည်။ 
"မနှောက်ယှက်နဲ့။ ဆူညံနေတာဘဲ။ ငိုယိုနေမယ်ဆို အခန်း ပြန်တော့"

မိထွေးက သူမပါးစပ်ကိုပိတ်ကာ ငိုယိုရင်း ထွက်ပြေးသွားသည်။

ချင်ကျန်းကော်၊ စစ်နင်းနှင့် သူမမောင်တို့ကလည်း ချက်ချင်းလိုက်သွားကြသည်။ အဘိုးကြီးချင်က ပိုစိတ်ဆိုးသွားပြီး ချင်ကျန်းကော်၏ နောက်ကျောကိုကြည့်၍ တံတွေးနဲ့ ထွေးလိုက်သည်။
"မိန်းမနဲ့လက်ထပ်ပြီး အမေကို မေ့သွားတယ်"

အဖွားချင်ကကြားတော့ သူ့မျက်လုံးတွေက ရေပိုက်လှည့်ဖွင့်လိုက်သလို မျက်ရည်တွေကျဆင်းလာ၏။ သူမ တကယ်ကို ဝမ်းနည်းသွားရသည်။

အဘိုးကြီးချင်သည် သည်းမခံနိုင်တော့ဘဲ အဖွားချင်ကို အခန်းသို့ပြန်ခေါ်သွားသည်။ အကြီးဆုံးအဒေါ်မိသားစု သုံးယောက်သာ ညစာစားပွဲတွင် ထိုင်နေခဲ့သည်။

သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ချင်ကုန်းက သူ့အမေကိုမေး၏။
“အခု ဘာလုပ်ကြမလဲ”

ဦးလေးက တူကို ကောက်ကိုင်လိုက်ပြီး ကြက်ဥကို ကောက်ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။
“ဘာဆက်လုပ်နိုင်မှာမို့လို့လဲ။ လူတွေက ငတ်မွတ်လို့တော့ မသေနိုင်ပါဘူး”

'ဒီလိုအချိန်မျိူးမှာ သူမက ဘယ်လောက် ဂုဏ်မောက်နိုင်မှာမို့လဲ။စား..စား.. ကြက်ဥတွေစား.. ဒီလိုအချိန် အခွင့်ကောင်းယူပြီး စားထားကွ'

ထမင်းစားနေရင်း ဒုတိယမိသားစုအခန်းကို မျက်လုံးမှေး၍စွေကြည့်လိုက်သည်။  "ဒီနေ့ ဒုတိယမိသားစုက ပန်းကန်ဆေးရမဲ့အလှည့်ဘဲ။ သူတို့ကရှောင်ထွက်သွားပြန်ပြီ။ ငါ သူတို့ကို မနက်ဖြန် ဆေးခိုင်းရမယ်။ မဟုတ်ရင် ငါတို့ အကြီးအကျယ် နစ်နာရတယ်"

အခန်းသို့ပြန်လာသော ချင်ရှီးသည် ဘေးအခန်းမှ ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ရသည်။ ထိုလူက နှစ်သိမ့်ပေးနေသည်မှာ အလွန်အသက်ဝင်လှသည်။ သူမ မနေနိုင်စွာ နှုတ်ခမ်းကို ကော့၍ လှောင်ရယ်လိုက်မိသည်။

သူတို့သည် မွေးချင်းမိသားစုတစ်ခုထဲမှဖြစ်သည်။ မူလကိုယ်သာဖြစ်လျှင် သေလုအောင်ငိုကြွေးမည်မှာ သေချာသည်။

သို့သော်ယခုက ချင်ရှီးဖြစ်သည်။ သူမ လုံးဝ ဂရုမစိုက်ပါ။ ဟိုးယခင်တုန်းကလည်း ဒီစရိုက်ကိုသာ ကျင့်သုံးခဲ့သည်။ သူမမိဘတွေက ဒီစုံတွဲထက် အများကြီး ပိုကောင်းပါသေးသည်။

ချင်ရှီးသည် ရေသွားယူ၍ ရေချိုးကာ အိပ်ရာဝင်ရန်ပြင်ဆင်လိုက်သည်။

အေးစက်မာကျောသောကုတင်ပေါ်တွင် လဲလျောင်းရင်း ချင်ရှီးသည် စောင်ကို တင်းတင်းကြပ်ကြပ် ခြုံလိုက်ပြီး အဖွားချင်သည် ငွေကိုပြန်ပေးရန် လွယ်လွယ်စိတ်‌လျော့နိုင်မည်မဟုတ်ဟု တွေးလိုက်မိသည်။

ထို့အပြင် ဤရွာငယ်လေးတွင် တက္ကသိုလ်ကျောင်းခွဲတမ်းများ အ ရောင်းအ၀ယ်ကိစ္စ ပေါ်ထွက်လာလျှင် ရွာကနှိမ်နှင်းခံရနိုင်သည်။ သူတို့အတွက် ဂုဏ်သိက္ခာနှင့် ရင်ဆိုင်ရမှုမှာ ပို၍ပြင်းထန်သောကြောင့် ဤကိစ္စသည် မည်သို့မည်ပုံ ဖြစ်လာမည်ကို မသေချာပါချေ။

သို့သော် ဒီအချိန်မှာ သူမအနေဖြင့် ရှင်းရှင်းလင်းလင်းလုပ်ထားသင့်သည်။

ချင်ရှီးသည် သော့ခတ်ထားသော ဗီရိုကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ လုကျဲ့ထျန်းက ဒီကိစ္စမပြီးခင် အမြန်ပြန်လာ‌ခေါ်ပါရန် စိတ်ထဲကနေ ဆုတောင်းလိုက်သည်။

ထိုအချိန်တွင် သူမ စဉ်းစားနေသော လုကျဲ့ထျန်းသည် မိခင်၏ချောဆွဲထားခြင်းကိုခံနေရရှာကာ မည်သည့်နေရာတွင်ရှိမှန်းပင် မသိခဲ့ရဖူးသော ဆွေမျိုးများက ချင်ရှီး၏ နောက်ခံမိသားစုအကြောင်းပြောပြနေသည်ကို နားထောင်နေရ၏။

သူတို့ပြောပြချက်အရ ချင်ရှီးသည် လိမ္မာပါးနပ်ပြီး ရိုးသားသောကလေးမဖြစ်သော်လည်း စကားနည်းသောသူဖြစ်၏။ လုကျဲ့ထျန်းမှာ နားထောင်လေလေ ဤဆွေမျိုးများပြောသည့်အရာက ပိုပြီးမလျော်ကန်လေဟု ခံစားရပြီး သူတို့ပြောသောစကားသည် သူတွေ့ဖူးသည့် ချင်ရှီးမဟုတ်ဟုပင် သံသယဝင်လေလေဖြစ်သည်။

သို့သော် တပ်ထဲပြန်ရောက်ပြီးနောက်မှာတော့ သူက အိမ်ထောင်ရေး အစီရင်ခံစာတင်ပြီး လုကျဲ့ထျန်းက စစ်တပ်မှတစ်တင့် ချင်ရှီးနှင့် ပတ်သက်သည့် အချက်အလက်ကိုရပြီးနောက်မှာ သံသယဖြစ်သွားရသည်။

ဖိုင်ရှိ အထောက်အထား၊ နောက်ခံနှင့် အတိတ်ဖြစ်ရပ်များသည် ထိုနေ့က ချင်ရှီးပြောခဲ့သည့်အတိုင်း အတိအကျဖြစ်ပြီး ဓာတ်ပုံသည် အတူတူပင်ဖြစ်၍ နှာတံပေါ်ရှိ မှဲ့သေးသေးလေးသည်ပင် တူညီသောအနေအထားတွင် ရှိနေသော်လည်း လုကျဲ့ထျန်းက ဖိုင်ပေါ်ရှိလူမှာ သူတွေ့ခဲ့ရသည့်သူနဲ့မတူကြောင်း ခံစားနေမိသည်။

လုကျဲ့ထျန်းက လေးနက်စွာကြည့်ကာ သူ့ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။
"ဆရာ သေချာကြည့်ပါဦး။ တစ်ခုခုမှားနေပြီလို့ ကျွန်တော် သံသယဖြစ်မိတယ်..."

_***_


၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Donde viven las historias. Descúbrelo ahora