Chapter 1

12.4K 687 1
                                    

1

အပိုင်း (၁)

ချင်ရှီး သတိပြန်ရလာပြီးနောက် သူမကိုယ်ခန္တာသည် ထွင်းဖောက်မြင်နိုင်နေပြီး  လေထုထဲတွင် လွင့်မျောနေကြောင်း တွေ့ရှိလိုက်ရသည်။

သူမထိတ်လန့်သွားခြင်းမရှိဘဲ အနည်းငယ် အံ့သြသွားခြင်းသာဖြစ်ရသည်။

ကားတိုက်ခံရသည့် ကလေးငယ်ကို ကယ်ဆယ်ခဲ့ပြီးနောက် စက္ကန့်အနည်းငယ်အတွင်း အသက်မရှုနိုင်တော့အောင်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူ(မ)သေသွားပြီဆိုသည်ကို ကိုယ်တိုင်ကကောင်းကောင်းသိနားလည်ပါ၏။

သို့သော် ယခုမြင်ရသည်က လောကကြီးမှာ ဝိညာဉ်တွေ တကယ်ရှိနေသည်ဆိုခြင်းကို သိလိုက်ရသည်။

"မင်းက တကယ်ကို ထူးခြားတာဘဲ။ သာမန်လူတစ်ယောက်ဆိုရင် အော်ဟစ်‌နေတာ ဒါမှမဟုတ် စိတ်လှုပ်ရှားနေကြလိမ့်မယ်"

က​လေးငယ်​တစ်​​ယောက်​၏အသံကိုကြားလိုက်ရသည်။

ချင်ရှီးသည် ပတ်ဝန်းကျင်ကို အေးဆေးစွာကြည့်ကာ အဖြူရောင်ဗလာနယ်မြေတွင် မည်သူမျှမတွေ့သည့်နောက် သူမကစတင်မေးလိုက်သည်။
"ဘယ်သူလဲ"

"ငါက System တစ်ခုဘဲ စိတ်မပူပါနဲ့ မင်းကို ကူညီဖို့ ရောက်လာတာ"

အသံသာကြားရပြီး မည်သူမှမပေါ်လာပေ။ ချင်ရှီးက မျက်လုံးကို အနည်းငယ်‌မှေးမှိတ်ကာပြောလိုက်သည်။
"ငါအကူအညီမလိုပါဘူး"

လေထုသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွား၏။ System က သူမအနေဖြင့် ထိုသို့ပြောရန် မျှော်လင့်ထားပုံမပေါ်ပေ။

"မင်းကယ်တင်ခဲ့တဲ့ကလေးဟာ ဒဿမမြောက်မျိုးဆက်ရဲ့ ကြင်နာတတ်တဲ့သူပါ။ သူ့ဘ၀မှာ ကမ္ဘာကြီးအတွက် ကြီးကြီးမားမား ပံ့ပိုးပေးခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်တယ်။ မင်းသူ့ကို ကယ်တင်လိုက်တာကြောင့် ပြန်လည်ရှင်သန်ဖို့ အခွင့်အရေးရှိသွားတယ်" 
System သည် အတင်းအဖျင်းပြောခြင်းကို ရပ်လိုက်ပြီး တည့်တိုးသာပြောလိုက်သည်။

ချင်ရှီး ရင်ခုန်သွားရသည်။ 
"ပြန်လည်မွေးဖွားခြင်းလား"

"ဟုတ်တယ် ဒါပေမယ့် မင်းရဲ့ မူလကမ္ဘာကို ပြန်သွားလို့မရဘူး။ မင်းမိသားစုက မင်းကို မီးသဂြိုလ်ပြီးပြီ။ ဒါကြောင့် မင်းကို ကမ္ဘာငယ်လေးဆီမှာ ငါထားနိုင်တယ်"

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Donde viven las historias. Descúbrelo ahora