Chapter 14

5.4K 590 1
                                    

အပိုင်း (၁၄)

"သူတို့သုံးယောက်အတွက် အသက် ၁၈ နှစ်အထိ တပ်ကနေ လစဉ်ထောက်ပံ့ကြေးတွေရှိတယ်"
လုကျဲ့ထျန်းက ဆေးကြောထားသည့် ပန်းကန်တွေကို ဗီရိုထဲထည့်ပြီး ချင်ရှီးကို လှည့်ကြည့်သည်။ 
"မင်း အစားအသောက်အတွက် အများကြီး ချွေတာနေစရာမလိုဘူး။ ကလေးတွေက ကျန်းမာကြဖို့ဘဲ အရေးကြီးတယ်"

ချင်ရှီးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"နားလည်ပါတယ်"

ယခုအခါ သူက ထိုသို့ပြောလာသည်ဆိုမှတော့ သူမအနေဖြင့် ချွေတာနေစရာမလိုတော့ပေ။  ကလေးငယ်များ စားသောက်ခြင်းနှင့် ဝတ်ဆင်ပေးသင့်သော အရာတိုင်းကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

"တစ်လဘယ်လောက်ကုန်ကျလဲ"
ချင်ရှီးက မေးသည်။

"ငါးယွမ်၊ ဒါ့အပြင် အစားအသောက်နဲ့ ဆီ လက်မှတ်တစ်ချို့ရော"
ပန်းကန်တွေဆေးကြောပြီးနောက် လုကျဲ့ထျန်းက အ၀တ်စုတ်တစ်ထည်ကို ကောက်ကိုင်လိုက်ပြီး မီးဖိုကို စတင်သုတ်လိုက်သည်။
"သူတို့အဖေတွေရဲ့ ပင်စင်လစာကို ငါ သိမ်းဆည်းထားပြီးပြီ။ သူတို့ ကြီးပြင်းလာကြတဲ့အခါ သူတို့ကို ပေးလိုက်မယ်"

ချင်ရှီး ခေါင်းညိတ်သည်။
'ငါကတော့ သေချာပေါက် ပိုက်ဆံရှာဖို့ စိတ်ကူးရှိမှာမဟုတ်ဘူး'

"ငါ့ရဲ့လစဉ်လစာက ယွမ် ၈၀၊ လစဉ် ၁၀ ယွမ်ကို ငါ့မိသားစုဆီ ပြန်ပေးတယ်။ ကျန်တစ်ဝက်ကို သိမ်းဆည်းပြီး ကျန်တစ်ဝက်ကိုတော့ မိသားစုစားရိတ်အတွက်သုံးတယ်"
လုကျဲ့ထျန်းက ချင်ရှီးကိုကြည့်လိုက်သည်။
"လုံလောက်ရဲ့လား "

ချင်ရှီးက ပခုံးတွန့်လိုက်သည်။
"ဒါဆို နောက်လမှာ ၃၅ ယွမ်ကို ခွဲဝေသုံးစွဲတာ တင်ပြတဲ့အခါ ကြည့်လိုက်ပါ"

လုကျဲ့ထျန်းက မျက်ခုံးပင့်လိုက်ပြီး ချင်ရှီးကို တစ်ချက်ကြည့်လိုက်ကာ ငုံ့၍ မီးဖိုကို ဆက်ပြီးသန့်ရှင်းရေးလုပ်လိုက်သည်။

ချင်ရှီးသည် လုကျဲ့ထျန်းက မီးဖိုကို တောက်ပြောင်နေအောင် ပွတ်နေတာကို ကြည့်ပြီး ဗီရိုနဲ့ ကောင်တာပေါ်က အရာအားလုံးကို သပ်သပ်ရပ်ရပ် စီစဥ်ထားသည်ကို ပြန်ကြည့်လိုက်သည်။ ဒီတပ်ရင်းမှူးမှာ အစီအစဉ်ကျမှုနှင့် သန့်ရှင်းမှုရှိမရှိ အထပ်ထပ်စစ်ဆေးတတ်သည့် အစွဲအလမ်းများရှိသလားဟု သိချင်မိသွားသည်။

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)حيث تعيش القصص. اكتشف الآن