အပိုင်း (၆၆)
စုန့်စစ်းနော့က ချင်ရှီးတို့ကို ခေါ်ဆောင်လာတဲ့ စားသောက်ဆိုင်သည် အလှဆင်မှုကလည်း အရမ်းကောင်းပြီး စားပွဲထိုးတွေရဲ့ သဘောထားကလည်း တော်တော်ကောင်းပါသည်။
အပြုံးဖြင့် နှုတ်ဆက်ခြင်း၊ အင်္ကျီချိတ်ဆွဲရန်ကူညီခြင်း၊ သောက်ရေခပ်ပေးထားခြင်း စသည်ဖြင့် စိတ်သဘောထားကောင်းပြီး သက်သောင့်သက်သာ ခံစားရစေပါသည်။
စုန့်စစ်းနော့သည် ဤနေရာသို့ မကြာခဏလာသည့် ဧည့်သည်ဖြစ်ပုံရသည်။ စားပွဲထိုးမှ သီးသန့်ခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ချင်ရှီးနှင့် မော့လင်တို့အား မီနူးများပေးကာ ဟင်းပေါင်းများစွာကို မှာယူနိုင်သည်။
"ငါ အခုလေးတင် မှာလိုက်တဲ့ ဟင်းတွေအားလုံးက ထူးထူးခြားခြား ဟင်းပွဲတွေ။ မင်းတို့လည်း အကြိုက်ဆုံး အစားအစာ တစ်ချို့ကို မှာယူနိုင်တယ်"
စုန့်စစ်းနော့က ချင်ရှီးကို ပြုံးပြီး ကြည့်နေသည်။
ချင်ရှီလည်း ပြန်ပြုံးပြပြီး မီနူးကို ကြည့်လိုက်သည်။
"ကောင်းပြီ။ ဒီနေ့ အစားအသောက် အကြီးကြီး စားပစ်မယ်"
မော့လင်က စုန့်စစ်းနော့ကို မျက်ခုံးပင့်ပြကာပြောသည်။
" တစ်ယောက်ယောက်က မင်းကို ဒီလိုပြုစုတယ်ဆိုတော့ သေချာတာက မယဉ်ကျေးတော့ပါဘူးနော် ဘယ်ဟာက ပိုစျေးကြီးလဲ ကြည့်ပါရစေ"
စုန့်စစ်းနော့က မော့လင်ကို မျက်လုံးလှန်ပြလိုက်ပြီး ဒေါသတကြီးပြောသည်။
"မကုန်ဘဲ ပစ်လိုက်ရင် မင်းကို သတ်ပစ်မယ်"
မော့လင်က ရယ်မောလိုက်ပြီး တစ်စုံတစ်ခုကို ရွေးချယ်လိုက်၏။ ကြုံရာကျပန်းရွေးချယ်မှုဆိုရင်တောင် သူမအတွက်တော့ ကိစ္စမရှိပါဘူး။
သူတို့အားလုံးဟာ တပ်မိသားစုမှာ မွေးဖွားလာတဲ့ ကလေးတွေဖြစ်ပြီး ဘယ်လောက်ဘဲ ချမ်းသာပါစေ ပိုက်ဆံကိုဖြုန်းတီးခြင်း သို့မဟုတ် အစာကို ဖြုန်းတီးခြင်း မရှိကြပါ။
ချင်ရှီးသည် ငါးတစ်ပိုင်းသာ မှာယူခဲ့ပြီး မီနူးကို ပိတ်လိုက်သည်။ စုန့်စစ်းနော့သည် ဟင်းအမယ်များစွာကို မှာယူခဲ့ပြီး သူမက အားလုံးကို မစားနိုင်လောက်ပါ။
မီနူးကို အတည်ပြုပြီးနောက် စားပွဲထိုးက ထွက်သွားသည်။ စုန့်စစ်းနော့က ဒီနေ့ သူတို့ဝတ်ထားတဲ့ အင်္ကျီအကြောင်းအရာနှင့် ခေါင်းစဉ်ကို အစပြုပြီးပြောဆိုသည်။
"ဒါကိုရော မင်းဘဲ လုပ်ထားတာ မဟုတ်လား။ သိပ်တော်တဲ့ လက်ရာဘဲ။ အားလုံးက ကြည့်ကောင်းတယ်။ ငါ ဟိုးအရင်ကတည်းက မင်းနဲ့သိကျွမ်းချင်နေတာ။ နောက်ဆုံးတော့ ဒီနေ့မှာ စကားကောင်းကောင်းပြောဖို့ အချိန်ရပြီ"
ချင်ရှီး : "ပြုပြင်ပြောင်းလဲရေးကာလစပြီးတာ သိပ်မကြာသေးဘူး။ တခြားဘယ်သူမှ မလုပ်ရဲကြသေးဘူး။ ဘာဘဲဖြစ်ဖြစ် မင်းက ဒီလောက်ကြီးကျယ်တဲ့စတိုးဆိုင်ကိုဖွင့်ထားတယ်ဆိုတော့ တကယ်အံ့သြစရာကောင်းတယ်။ တကယ် သတ္တိရှိတယ်"
စုန့်စစ်းနော့ : "မဟုတ်တာ.... မင်းကမှ တကယ်ကို အံ့သြစရာကောင်းတယ်။ အဝတ်အစားတွေက အရမ်းခေတ်မှီနေတယ်။ နိုင်ငံခြားက ထိပ်တန်းအဆင့် ဝတ်စုံဒီဇိုင်နာတွေကိုလည်း ငါသိတယ်။ ဒါပေမဲ့ မင်းရဲ့အဝတ်အစားအလှက သူတို့တွေထက်ပိုလှတယ်ဆိုတာ ငါ မှတ်မိတယ်"
ချင်ရှီးက သူမရဲ့ အရည်အချင်းကို ကောင်းကောင်းသိပြီး လက်ကို အမြန်ဝှေ့ယမ်းပြသည်။
"နိုင်ငံခြားဒီဇိုင်နာတွေရဲ့ အယူအဆတွေနဲ့ ဖက်ရှင်အစိတ်အပိုင်းတစ်ချို့ကို တရုတ်နိုင်ငံမှာ လက်ခံနိုင်ဖွယ်မရှိတာကြောင့် မလှဘူးလို့ လူတိုင်းက ထင်နေကြတာပါ။ ငါကတော့ ဒါကို လက်ခံနိုင်လာအောင် ကြိုးစားနေပါတယ်။ အထူးတလည် အစွမ်းထက်တာမဟုတ်ဘဲ ငါ့ရဲ့ အတွေ့အကြုံတွေကြောင့်သာဖြစ်ပြီး သင်ယူနေရဆဲပါ"
စုန့်စစ်းနော့ : "အိုး... မင်းက အရမ်းတော်လွန်းပါတယ်"
ချီးကျူးစကားတွေ ဖလှယ်ပြီးနောက် စုန့်စစ်းနော့က ချက်ချင်းပင် ချင်ရှီးကို မေးဖို့ မစောင့်နိုင်တော့ပေ။
" လင်လင်ပြောတာကိုကြားပြီးပြီ။ ကိုယ်ပိုင်အဝတ်အစားတံဆိပ်လုပ်ချင်တယ်ဆို မင်းလက်ရာအရမ်းကောင်းတယ် မင်းငါ့နဲ့ပူးပေါင်းချင်လား"
ချင်ရှီးက ပြုံးပြီး အိတ်ထဲက ဒီဇိုင်းပုံတစ်ဒါဇင်လောက်ကို ထုတ်ကာ စုန့်စစ်းနော့ကို ပေးလိုက်သည်။
"အဝတ်ဒီဇိုင်းတွေကိုကြည့်ပါ။ ဒီကာလအတွက် ပထမဆုံး ဒီဇိုင်းထုတ်ထားတာ"
စုန့်စစ်းနော့က ယူလိုက်ပြီး စတိုင်များနှင့် ရှုထောင့်အမျိုးမျိုးမှ အဝတ်အစားပုံစံများကို မြင်သောအခါတွင် သူမ၏မျက်လုံးများသည် ပိုမိုတောက်ပလာခဲ့သည်။
ပုံများတွင် အင်္ကျီများ၊ စကတ်များ၊ ဘောင်းဘီများပါရှိပြီး တစ်ခုစီသည် အလွန်ခေတ်ဆန်ပြီး ဈေးကွက်ရှိအဝတ်များနှင့် ကွဲပြားပါသည်။
ပုံများကိုကြည့်ပြီးနောက် စုန့်စစ်းနော့သည် တောက်လောင်နေသောမျက်လုံးများဖြင့် ချင်ရှီးကို စိုက်ကြည့်နေသည်။
"ချင်ရှီး ငါအဝတ်အစားစက်ရုံနဲ့ အရောင်းလမ်းကြောင်းတစ်ခုကို ရှာတွေ့ထားပြီးသား။ မင်းလိုဒီဇိုင်နာတစ်ယောက်ဘဲလိုတယ်။ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးတယ်။ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး"
ချင်ရှီး : "ပူးပေါင်းဆောင်ရွက်မှုက ကောင်းပါတယ်။ ဒါပေမဲ့ လစဉ်လုပ်အားခ မလိုပါဘူး...ဒီဇိုင်းဆွဲရုံဘဲကိုး။ တစ်ခုချင်းစီရဲ့ အမြတ်အပေါ် မူတည်ပြီး ကော်မရှင်ခနဲ့ ဆွဲပေးမယ်"
စုန့်စစ်းနော့က စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးပြောသည်။
"တစ်ပုံဆီမှာ... ငါ ရှစ်ဆနဲ့ မင်းနှစ်ဆက ဘယ်လိုလဲ"
ချင်ရှီးက ခေါင်းခါပြသည်။
"နည်းလွန်းတယ်"
စုန့်စစ်းနော့က ပုံစံကြမ်းကို ငုံ့ကြည့်ပြီးနောက် အံ့ကြိတ်လျက် ချင်ရှီးကို ဆက်ပြော၏။
"ငါ ခုနစ်ဆနဲ့ မင်း သုံးဆ။ မင်းက အသေးစိတ်ပုံကြမ်းတွေဘဲပေးပြီး ငါက အဲ့ဒါကိုလုပ်ဖို့ တစ်ယောက်ယောက်ရှာရဖို့လိုသေးတယ်။ နမူနာအဝတ်အစားအတွက်ရယ်၊ အရောင်းစရိတ်နဲ့ ဆိုင်ရဲ့ လုပ်အားစရိတ်က တော်တော်လေးများတယ်"
ချင်ရှီးက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြသည်။
"ဟုတ်ပြီလေ"
စုန့်စစ်းနော့ : "ညစာစားပြီးရင် စာချုပ်ချုပ်လိုက်မယ်။ ဒီကိစ္စကို စောစောဖြေရှင်းကြစို့"
"မင်း ဝတ်စုံတွေကို အရည်အသွေးမြင့်မြင့်လုပ်မှာမလား ”
ချင်ရှီးက မေးသည်။
စုန့်စစ်နော့သည် အလျင်အမြန် ခေါင်းညိတ်သည်။
"ဒါပေမဲ့ ဒီလိုမျိုးက ရှားပါးတယ်။ အစောကြီးတုန်းက သာမန်အဝတ်အစားတွေကိုဘဲ အာရုံစိုက်ဖို့ စီစဉ်နေသေးတယ်။ အဆင်ပြေပါတယ်... လမ်းကြောင်းတစ်ခုကို ရှာလိုက်မယ်။ စိတ်ကြိုက်အထည်တွေ ရှာတွေ့မှာပါ"
"ကောင်းပြီ" ချင်ရှီးက ရယ်သည်။
စုန့်စစ်းနော့သည် ချင်ရှီးကို ပုံကြမ်းပေါ်ရှိ အဝတ်အစားများ၊ သီးသန့်အထည်၊ အရွယ်အစားနှင့် အခြားပြဿနာများအကြောင်း မေးမြန်းခဲ့သည်။ သူတို့နှစ်ဦး စကားစမြည်ပြောဆိုကြပြီး မော့လင်က စကားတစ်ခွန်းမှ မပြောနိုင်သောကြောင့် သူမသည် ကြည့်ရှုနားထောင်ရုံသာတတ်နိုင်သည်။
ကံကောင်းထောက်မစွာဖြင့် မကြာမီ အစားအသောက်များ ချလာပြီး သူမ၏ ဗိုက်ကလည်း အသံမြည်လာသည်။ အချိန်အတော်ကြာ အထီးကျန်ခဲ့ရသော မော့လင်သည် ချင်ရှီးတို့အား အလျင်အမြန် ဖြတ်ပြောလိုက်သည်။
"ထမင်းအရင်စားကြမယ်။ စားပြီးမှ နောက်တစ်နေရာမှာ စကားစမြည်ပြောကြ။ ငါ ဆာလို့သေလိမ့်မယ်”
"ပြီးသွားပါပြီ”
စုန့်စစ်းနော့က လက်လျှော့လိုက်ပြီး ချင်ရှီးအား ပြုံးပြကာ အစားအစာအချို့ကို စေတနာအပြည့်ထား၍ အလွန်လှပသော စိတ်ထားဖြင့် ကျွေးမွေးသည်။
ချင်ရှီးလည်း အလွန်ပျော်ရွှင်နေပါသည်။ထိုကိစ္စကို ပြေလည်အောင်ဖြေရှင်းပြီးပါက သူမသည် အနာဂတ်တွင် ကျောင်းဆရာ သို့မဟုတ် ကလေးထိန်းတစ်ဦးဖြစ်ခြင်းထက် ပိုမိုမြန်ဆန်စွာ ငွေများစွာရနိုင်မည်ဖြစ်သည်။
ချင်ရှီးသည် အဝါရောင် ငါးပုတ်သင်ကြော်ကို ဝမ်းသာအားရ ကောက်ယူပြီး တစ်ကိုက်တည်း မျိုချလိုက်သည်။ ကြွပ်ရွပြီး ငန်သောအရသာက သူမမျက်နှာပေါ်တွင် အပြုံးကို နက်ရှိုင်းစေပါသည်။
' ဒီစားသောက်ဆိုင်က ကောင်းလိုက်တာ.. အရသာရှိတယ်'
လုံလောက်စွာစားသောက်ပြီးနောက် စုန့်စစ်းနော့က မကုန်သေးသော ဟင်းလျာများကို ထုပ်ပိုးပြီး ချင်ရှီးနှင့် မော့လင်းကို ဧည့်ရိပ်သာသို့ ခေါ်ဆောင်ကာ ဧည့်ခန်းတစ်ခုကို မှာယူထားပြီး နောက်နှစ်ရက်လောက် ဤနေရာတွင် အနားယူရန် ပြောသည်။
"မင်းတို့တွေ တော်တော်ကြာအောင် ကားစီးလာကြတာ ပင်ပန်းမှာ။ ဒီမှာ အနားယူပြီး အိပ်ကြ။ ငါ စတိုးဆိုင်သွားပြီး နေ့လည်မှာ စာချုပ်ကို ယူလိုက်ဦးမယ်"
စုန့်စစ်းနော့က ပြောပြီးတာနဲ့ အမြန်ထွက်သွားသည်။
မော့လင်သည် သူမနောက်ကျောကိုကြည့်ပြီး "ကျွတ်...ကျွတ်" ဟုစုတ်သတ်လိုက်သည်။
"စိတ်မရှည်တဲ့ပုံစံကို ကြည့်စမ်းပါဦး"
ချင်ရှီးက ပြုံးပြီး ဘာမှပြန်မပြောပေ။ တကယ်တော့ သူမလည်း တော်တော်စိတ်မရှည်ပါဘူး။
"ခဏလောက်အိပ်ရအောင်"
မော့လင်က သမ်းဝေလိုက်သည်။
"ဗိုက်ပြည့်တော့ အိပ်ချင်လာပြီ"
ချင်ရှီးက ခေါင်းညိတ်ကာ အိပ်ခန်းတစ်ခုကို ကြုံသလိုရွေးလိုက်ကြပြီး ဝင်လာခဲ့ကြသည်။
ငါးနာရီအထိ အိပ်မောကျပြီးနောက် စုန့်စစ်းနော့က တံခါးခေါက်သောအခါ ချင်ရှီးနှင့်မော့လင်းတို့ နိုးလာသည်။
"ငါ စာချုပ်ကို ပုံနှိပ်ပြီးပြီ။ ချင်ရှီး ကြည့်ကြည့်ဦး"
စုန့်စစ်းနော့က ဆိုဖာပေါ်ထိုင်ပြီး မော့လင်ရဲ့ရေကို တစ်ငုံတောင်မသောက်ဘဲ သူ့(မ)အိတ်ထဲက စာချုပ်ကို တန်းထုတ်လိုက်သည်။
ချင်ရှီးက တုံ့ပြန်ပြီး မျက်နှာကိုဦးစွာဆေးကြောဖို့သွားကာ သူမ လုံးလုံး နိုးလာပြီးနောက် စာချုပ်ကို ဂရုတစိုက်ဖတ်ရန် ရောက်ရှိလာခဲ့သည်။
သူမကို အံ့သြမိစေသည်မှာ ဤစာချုပ်တွင် ဟာကွက်များ သို့မဟုတ် ထောင်ချောက်များမရှိခြင်းပေ။ နည်းလမ်းတိုင်းတွင် အလွန်တင်းကျပ်ပြီး စံနမူနာရှိကာ ကြင်နာမှုလည်းထားတတ်ပါသေးသည်။
"ငါ့အစ်ကိုက ရှေ့နေလေ ဟီးဟီ... မဆိုးပါဘူး"
စုန့်စစ်းနော့က ချင်ရှီးကို ပျော်ရွှင်စွာကြည့်နေ၏။
"မင်းနဲ့တကယ်ကို ပူးပေါင်းချင်ပါတယ်"
ချင်ရှီးက ရယ်မောကာ စာချုပ်ကို လက်မှတ်ရေးထိုးပြီး ကတိပြုသည်။ သူ့အတွက် တစ်ခုယူထားကာ စုန့်စစ်းနော့အတွက် နောက်တစ်ခု ပေးလိုက်သည်။
"ကောင်းပြီ။ ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ ငါတို့အတူတကွ ဖန်တီးထားတဲ့ အမှတ်တံဆိပ်ကို မွေးဖွားနိုင်ဖို့ မျှော်လင့်နေပါတယ်"
စုန့်စစ်းနော့က ကြီးကြီးမားမား ပြုံးပြပြီး စာချုပ်ကို ကိုင်ကာ အခြားလက်တစ်ဖက်ကို ချင်ရှီးဘက် ဆန့်ထုတ်လိုက်သည်။
"ပျော်ရွှင်စရာ ပူးပေါင်းဆောင်ရွက်မှုပါ"
ချင်ရှီးက သူမလက်ကို ဆန့်တန်းပြီး ဆုပ်ကိုင်ထားရင်း ပြုံးပျော်နေသည်။
ဘေးမှကြည့်နေသော မော့လင်ကလည်း ဝင်ပြောသည်။
"ကောင်းပြီ။ အနာဂတ်မှာ ဝတ်ရဖို့ လှပတဲ့အဝတ်အစားအသစ်တွေ မျိုးစုံရှိတော့မှာပေါ့"
သူမက ချင်ရှီးနှင့် စုန့်စစ်းနော့ရဲ့ဘေးမှာ မှီပြီး သူတို့ကို ပွေ့ဖက်လိုက်သည်။
"ထုတ်ကုန်အသစ်တွေ အနာဂတ်မှာထွက်ရှိတော့မှာဆိုရင် အဝတ်အစားတစ်ထည်စီပို့ပေးလိုက်။ ငါ မင်းအတွက် မော်ဒယ်လုပ်ပေးမယ်"
စုန့်စစ်းနော့က မျက်လုံးပြူးပြသည်။
"မင်းက မော်ဒယ်မဖြစ်ချင်ပါဘူး။ အဝတ်အစားချည်းဘဲ လိုချင်တာမလား"
မော့လင်က ရယ်သည်။
" ဒါဘဲ မဟုတ်လား။ အဓိက,ကတော့ မင်းတို့တွေအတွက် မော်ဒယ်အဖြစ် ကြော်ငြာပေးဖို့ပါ။ မင်း ချင်ရှီးဆီကို ပို့ရမှာဆိုတော့ မင်း ငါ့ကိုလမ်းကြုံပို့လိုက်လို့ရတာကို"
စုန့်စစ်းနော့က သူမကို မနိုင်တော့ပါပေ။
"နင် ရှန်းကျန့်မြို့ကို မသွားဘူးလား"
မော့လင်က ခေါင်းခါလိုက်သည်။
"ဘာဘဲဖြစ်ဖြစ် မင်းငါ့ကို ပို့ပေးရမယ်။ ရှန်းကျန့်မြို့မှာ ကြော်ငြာပေးပြီး မင်းရဲ့အဝတ်အစားတွေ ဝယ်ဖို့ခိုင်းလိုက်မယ်"
ချင်ရှီးကပြုံးပြီး လက်ခုပ်တီးသည်။
"ကောင်းပါတယ်။ ပုံမှန်အရဆို ငါတို့က ရှန်းကျန့်မြို့က ပစ္စည်းတွေဝယ်ရတယ်။ အနာဂတ်မှာ ရှန်းကျန့်မြို့ကသူတွေကို ငါတို့ဆီ ပစ္စည်းဝယ်အောင် လုပ်ရမယ်"
စုန့်စစ်းနော့သည် မျက်လုံးများကို အနည်းငယ်မှေးလိုက်ကာ ကျယ်လောင်စွာ ရယ်မောသည်။
"ဒါကို တကယ်ဘဲတွေးဝံ့တာ ငါ့ညီမတွေဘဲ အကြံကောင်းလိုက်တာ ငါကြိုက်တယ်"
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျယ်လောင်စွာရယ်မောလိုက်ကြသည်။
ရယ်မောပြီးနောက် စုန့်စစ်းနော့က ချင်ရှီးနှင့် မော့လင်ကိုမေးသည်။
"ဒီည ဘာစားချင်လဲ။ ပြင်သစ်အစားအစာ... ဂျပန်အစားအစာလား ဒါမှမဟုတ် သာမန်အစားအသောက်ဆိုင်လား"
မော့လင်က ပြန်ဖြေသည်။
" ပြင်သစ်အစားအစာ....ပြင်သစ်အစားအစာ။ ဂျပန်အစားအစာက ပါဝင်ပစ္စည်းနည်းလွန်းတယ်။ မချက်ပြုတ်ရသေးတာတွေလည်း အများကြီးပါတယ်။ ဒါမျိုး စားရတာ ကျင့်သားမရဘူး"
ချင်ရှီးက ခေါင်းညိတ်ပြပြီး သူမကတော့ ထွေထွေထူးထူး သိပ်မခံစားခဲ့ရပါဘူး။ ပြင်သစ်အစားအစာနှင့် ဂျပန် အစားအစာများသည် နောက်ပိုင်း မျိုးဆက်များ၏ အစားအသောက်ဆိုင်များကို ရွေးချယ်မှုပုံစံသာဖြစ်သည်။
"အသားကင်ရှိလား။ ငါ အသားကင်စားချင်တယ်"
ချင်ရှီးသည် အသားကင်အတွက် အနည်းငယ် လောဘကြီးသည်။
စုန့်စစ်းနော့က ခေါင်းညိတ်ပြသည်။
"အွန်း...ငါ စားသောက်ဆိုင်တစ်ဆိုင်ကိုသိတယ်။ ညစာစားပြီးရင် ရုပ်ရှင်ကြည့်ဖို့ သွားကြမလား"
အားလုံးက စိတ်လှုပ်ရှားသွားကြသည်။ ချင်ရှီးသည် ဒီကိုရောက်လာကတည်းက ရုပ်ရှင်မကြည့်ရသေးသဖြင့် အနည်းငယ် စပ်စုမိသည်။
"လက်မှတ်က ခဏနဲ့ဝယ်လို့ရမလား"
"ကိစ္စမရှိပါဘူး။ ငါ့မှာ ရုပ်ရှင်ရုံမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့(မ)ကို လက်မှတ်အနည်းငယ်တောင်းလိုက်ရုံဘဲ"
စုန့်စစ်းနော့က လက်ကို ဝှေ့ယမ်းလိုက်သည်။
မော့လင်ကလည်း ထပ်ပေါင်းပြောသည်။
"သူ့(မ)မှာ သူငယ်ချင်းတွေအများကြီးရှိတယ်၊၊ ဒါကြောင့် စိတ်မပူပါနဲ့"
ချင်ရှီးကပြုံးပြီး ခေါင်းညိတ်ကာ သူတို့နှင့် အတူတူ ဒီညဘာကြည့်ရမလဲ စဉ်းစားကြသည်။ ညနေခင်းတွင် ချင်ရှီးသည် ဤနေရာတွင် စားသောက်ပြီး ပျော်ရွှင်နေသော်လည်း မိသားစုမှာကတော့ တုန်လှုပ်ချောက်ချားနေပါသည်။
ကလေးသုံးယောက်က ဆိုင်မှာ တောက်လျှောက်ထမင်းစားရပြီး အပြင်ထွက်မကစားဘဲ အိမ်မှာ ပျင်းလွန်းလို့ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။ အထူးသဖြင့် အမြွှာများပင်။ ချင်ရှီးသည် အိမ်တွင်မရှိသောကြောင့် သူတို့သည် အလွန်စိတ်မသက်မသာခံစားရပြီး သူတို့ နှစ်ယောက်သည် ကြောင်ကိုပွေ့ဖက် ကာ ဆိုဖာပေါ်လဲလျောင်းလျက် မပျော်မရွှင်ဖြစ်နေကြသည်။
အလုပ်ပြီးလို့ အိမ်ပြန်လာတဲ့ လုကျဲ့ထျန်းက သူတို့ရဲ့ပုံပန်းသဏ္ဍာန်ကိုမြင်တော့ ဖိနပ်ပြောင်းပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းကောင်းထိုင်ကြလေ။ ဘယ်လိုပုံစံဖြစ်နေတာလဲ"
လုကျဲ့ထျန်းမှာ ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။
'ကလေးတွေဖြစ်ပြီး ဘယ်လိုတောင် အရိုးမရှိသလို စိတ်ဝိဉာဉ်ကင်းမဲ့နေသလို ဖြစ်နေကြရသလဲ'
"မင်းတို့အမေက ဒီမှာမရှိတာနဲ့ဘဲ မင်းတို့ကဒီလိုဖြစ်သွားပြီ"
သူတို့က သက်ပြင်းတစ်ချက်ချကာ ကြောင်တစ်ကောင်ကို တစ်ယောက်ပြီးတစ်ယောက် နမ်းလိုက်ရင်း အတိတ်ရဲ့ သွက်လက်ရှင်သန်မှုများကို ဆုံးရှုံးသွားကြသည်။
"ဒီလိုမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ မေမေက ဒီမှာမရှိတဲ့အခါ စိတ်မချမ်းသာဘူး"
ဖျင်ဖျင်က ခေါင်းညိတ်ပြသည်။
"မစားချင်ဘူး...မကစားချင်ဘူး... မေမေ့ကို လွမ်းတယ်"
အိမ်စာလုပ်နေရင်း ကော်ဖီစားပွဲပေါ်မှာ လဲလျောင်းနေတဲ့ ကုချင်းဟိုင်က လုကျဲ့ထျန်းကို မော့ကြည့်လိုက်သည်။ စကားမပြောသော်လည်း သူ၏လှုပ်ရှားမှုများသည် အနည်းငယ်ပျင်းရိနေဟန်ရှိသည်။
အိမ်မှာ ပူပူနွေးနွေး စားစရာမရှိ။ သူ မသိတဲ့မေးခွန်းတွေကို ကူညီပေးမဲ့သူမရှိ။ အမြွှာတွေကို ဘယ်သူကမှ ဂရုမစိုက်ဘူး။ သူတို့ကို စောင့်ကြည့်ဖို့လိုသည်။ အိမ်က အရမ်းတိတ်ဆိတ်နေပြီး ကုချင်းဟိုင်က လုံးဝနေသားမကျသလိုခံစားရသည်။
လအနည်းငယ်အတွင်း ကလေးသုံးဦးသည် ချင်ရှီး၏ရောက်ရှိမှုနှင့် ဂရုစိုက်မှုကို ကျင့်သားရခဲ့သော်လည်း သူမ ရုတ်တရက်မရှိခြင်းအတွက်တော့ သူတို့သည် အမှန်တကယ် နေသားမကျခဲ့ကြပါ။
"မေမေ့ကို အရမ်းလွမ်းတယ်"
အန်အန်းက သက်ပြင်းချလိုက်သည်။
ဖျင်ဖျင်သည် လုကျဲ့ထျန်းကိုကြည့်ရန် ခေါင်းလေးကို မြှောက်လိုက်ပြီး မေးသည်။
"ဖေဖေ မေမေကို ဖုန်းခေါ်လို့ရမလား"
အန်အန်းက မျှော်လင့်တကြီး မျှော်ကြည့်လာကာ ကုချင်းဟိုင်ကလည်း လှုပ်ရှားမှုကို နားထောင်ရင်း စာရေးခြင်းကို ရပ်လိုက်သည်။
လုကျဲ့ထျန်းသည် စောင့်ဆိုင်းနေသော ငှက်ကလေးများနှင့်တူသည့် ကလေး ၃ ယောက်ကို ကြည့်ရင်း ငြိမ်သွားသည်။
"မင်းတို့အမေက နှစ်ရက်နေရင် ပြန်လာမှာပါ"
လုကျဲ့ထျန်းက တံခါးနားက ကြိုးမှာ သူ့အင်္ကျီကို ချိတ်ဆွဲလိုက်သည်။
"ဖုန်းနံပါတ်မသိလို့ ဖုန်းမဆက်နိုင်ဘူး"
အမြွာနှစ်ယောက်က အော်ဟစ်လိုက်ကြသည်။
လုကျဲ့ထျန်းက ခေါင်းယမ်းကာ လက်ဆေးရန် မီးဖိုချောင်သို့ သွားပြီး စားရန် တစ်ခုခုရှာလိုက်သည်။ အေးနေသော မုန့်အကျန်များကို ကြည့်ပြီး သက်ပြင်းအနည်းငယ် ချလိုက်မိသည်။
တကယ်တော့ သူကလည်း ဒီအခြေအနေကို အသားမကျပါဘူး။ ချင်ရှီးမရှိရင် ဒီအိမ်က အိမ်လိုမခံစားရတော့ဘူး။
ချင်ရှီးမရှိတုန်းကလည်း သူတို့ ဒီလိုနေလာခဲ့ကြတာပင်။ အစကတော့ အရေးမကြီးဘူးထင်မိပေမဲ့ အခု ခဏတာလေး ထွက်သွားရုံနှင့်တင် သည်းမခံနိုင်တော့ဘူး။
သေချာတာပေါ့။ ရရှိပြီးမှ ဆုံးရှုံးရတာက ပိုလို့တောင် နာကျင်ခံစားရတတ်ပေမည်။
_***_