အပိုင်း (၃၂)
လုကျဲ့ထျန်းက ကားကို အမြန်မမောင်းပါ။ ချင်ရှီးနှင့် ကလေးတွေဟာ ကားဆောင့်ခြင်းဒဏ်ကို မခံစားရဘဲ ခရိုင်ကို ပျော်ပျော်ပါးပါး လျှောက်လည်ဖို့သွားကြသည်။
လုကျဲ့ထျန်းသည် စစ်တပ်ဂျစ်ကားကို မောင်းနှင်နေရသည်ဆိုတာ ထည့်မပြောပါနှင့်ဦး။ ယနေ့ခေတ်တွင် ကားအမြောက်အမြားမရှိသေးပေ။ ကားပါလာလျှင် ခရိုင်အတွင်းသို့ အတားအဆီးမဲ့ဝင်ရောက်ခွင့်ပေးလေ့ရှိသည်။
လုကျဲ့ထျန်းသည် ကားရပ်ရန် သင့်တော်သောနေရာကို ရှာတွေ့ပြီး ချင်ရှီးက ကလေးငယ်များကို ကားထဲမှထုတ်ကာ အမြွာများ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် သူမ ဘေးတွင်ရပ်နေသော ကုချင်းဟိုင်ကိုကြည့်၍ လေးနက်စွာပြောသည်။
"ငါ့လက်ကို တင်းတင်းကြပ်ကြပ်ဆွဲထားကြပြီး ငါ့နောက်ကို လိုက်ခဲ့ရမယ် သိလား”
ကလေးသုံးယောက်က ခေါင်းညိတ်ပြပြီး မနေနိုင်စွာ ခေါင်းကို လှည့်ကြည့်လိုက်ကြသည်။ချင်ရှီးက သူတို့တွေ အရမ်းစိတ်လှုပ်ရှားနေသည်ကိုသိပါသည်။ မဟုတ်ပါက လူများလွန်းလို့ ကလေးတွေကို ဂရုမစိုက်မိရင် ဘာဖြစ်သွားနိုင်မလဲလို့ဆိုတာ မသိနိုင်ပါ။ လုကျဲ့ထျန်းက လမ်းလျှောက်လာပြီး အမြွှာတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ချီလိုက်တယ်။
"ဝိုး…"
အမြွှာနှစ်ယောက်က မြေပြင်ပေါ်မှ ဆွေ့ကနဲ မြင့်တက်သွားသောအခါ မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်း ပြုံးရယ်လိုက်ကြသည်။
သူတို့နှစ်ဦးကို လုကျဲ့ထျန်းက ပွေ့ချီထား၍ ချင်ရှီးလည်း သက်ပြင်းချကာ လုကျဲ့ထျန်း၏ သက်သောင့်သက်သာဖြင့် အားစိုက်ထုတ်မှုကင်းသော အသွင်အပြင်ကိုကြည့်ပြီး သူသည် အမှန်တကယ် သန်မာပြီး အသုံးဝင်သည်ဟု ထင်မြင်မိသည်။
ချင်ရှီးက ကုချင်းဟိုင်ကို သူမရဲ့ ဦးဆောင်မှုကိုလိုက်ဖို့ ညွှန်ကြားသော်လည်း ကုချင်းဟိုင်ကတော့ အနည်းငယ် ရှက်နေပါသေးသည်။ သူက မတုံ့ပြန်တာကိုတွေ့တော့ ချင်ရှီးက တစ်ချက်ကြည့်လိုက်ရာ သူမလက်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ပြီး အကြောင်းပြချက်မရှိဘဲ ပြုံးလိုက်သည်။