Chapter 38

4.1K 430 1
                                    

အပိုင်း (၃၈)



ကျန်းချွေ့မရှိတော့တာကိုမြင်တော့ အန်တီကျောင်းက လှောင်ပြောင်လိုက်ပြီး ချင်ရှီးကို လှည့်ကြည့်လိုက်သည်။
"မင်းမှာ စိတ်ကောင်းရှိတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကိုတော့ အခွင့်အလမ်းမဖွင့်ပေးတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် လူအုပ်စုကြီးတွေက မင်းရဲ့အဝတ်လျှော်စက်ကိုသုံးဖို့ ချေးငှားလာကြလိမ့်မယ်"

ချင်ရှီးသည် သဘာဝကျကျပင် သိနားလည်ပြီး အန်တီကျောင်း၏ ရိုးသားတဲ့ အကြံဉာဏ်နှင့် ကြင်နာမှုကိုလည်း နားလည်တဲ့အတွက် သူမက ပြုံးပြီး တုံ့ပြန်လိုက်သည်။
"နားလည်ပါတယ်"
   
ချင်ရှီးသည် သူမလက်ထဲက ဆင့်ငါးဆယ်ကို ခါယမ်းလိုက်ပြီး အန်တီကျောင်းကို ပြုံးပြလိုက်သည်။ 
"မနက်ဖြန်လာခဲ့ဖို့ သတိရဦးနော်"
   
အန်တီကျောင်း၏ အမူအရာမှာ သိသိသာသာ ပျော့ပျောင်းသွားသည်။
"ကောင်းပြီ သေချာပေါက်လာခဲ့မယ်"
   
သူတို့နှစ်ယောက် စကားနည်းနည်းပြောပြီးနောက် ချင်ရှီးက အန်တီကျောင်းကို အိမ်ပြန်လွှတ်လိုက်တော့သည်။
   
ဧည့်သည်အားလုံးပြန်သွားကြပြီကိုမြင်တော့ အန်အန်းက ပြောသည်။
"မေမေ သမီး ပန်းသီးစားချင်တယ်"
   
ကျန်းချွေ့က ပန်းသီးယူလာတာကိုမြင်တော့ သူမ ဗိုက်ဆာလာသည်။
   
"လောဘကြီးတဲ့ကြောင်လေးပါလား"
ချင်ရှီးသည် အန်အန်း၏ခေါင်းကို ပုတ်လိုက်ကာ အခန်းထဲသို့ဝင်၍ စားပွဲပေါ်မှ ပန်းသီးကြီးတစ်လုံးကို ယူပြီး ရေဆေးကာ ဓားဖြင့် ထက်ဝက်လှီးဖြတ်၍ အန်အန်းနှင့် ဖျင်ဖျင်ကို တစ်ဝက်စီပေးသည်။
   
ဒီအချိန်အတွင်းမှာ အမြွာလေးတွေကို ဆန်းသစ်တဲ့ အလေ့အထတစ်ခုပြုလုပ်ပေးထားသည်။ လူတစ်ယောက်က ပန်းသီးတစ်လုံး,လုံးကိုစားရင် ဗိုက်ပြည့်လွယ်ပြီး ထမင်းမစားနိုင်ဖြစ်တတ်ပါသည်။ ထို့ကြောင့် သူတို့လေးတွေ ပန်းသီးစားတိုင်း တစ်ဝက်စီသာ ရလိမ့်မည်။ အာသီသကို တင်းတိမ်ပြည့်စုံစေသော ပမာဏပင်။
   
နေ့ခင်းဘက်မှာတော့ ကုချင်းဟိုင်သည် ကျောင်းကပြန်လာပြီး အိမ်တံခါးထဲဝင်လိုက်တာနက် အမြွှာနှစ်ယောက်က သူ့ကို အဝတ်လျှော်စက်ကိုကြည့်ဖို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားကြသည်။

ကုချင်းဟိုင်သည် စူးစမ်းလိုစိတ်ရှိသော်လည်း သူသည် အမြွှာများကဲ့သို့ လွန်လွန်ကျူးကျူး စိတ်အားထက်သန်မှုမရှိခဲ့ဘဲ ယခုအချိန်တွင် အဝတ်လျှော်ခြင်းမပြုသောကြောင့် အဝတ်လျှော်စက်ကိုကြည့်ပြီးနောက် ဘာမှမခံစားရတော့ပေ။ ဒါပေမဲ့ အမြွှာနှစ်ယောက်က ထွက်သွားဖို့ တွန့်ဆုတ်နေပြီး စကားဆက်ပြောနေတာကြောင့် ကုချင်းဟိုင်က သူတို့နှင့်အတူနေ၍ စောင့်ကြည့်နေခဲ့ရသည်။
  
အန်အန်းသည် နေ့ခင်းဘက်တွင် ချင်ရှီးပြောသမျှကို ပြန်ပြောကာ အဝတ်လျှော်စက်လည်ပတ်နေချိန်တွင် တစ်ယောက်တည်းကြည့်ရသည်မှာ အန္တရာယ်ရှိကြောင်း ကုချင်းဟိုင်အား ပြောပြသည်။

သူ့ဘေးနားရှိ ဖျင်ဖျင်သည် ချင်ရှီးက သူတို့ကို ဝိုင်ယာကြိုးတပ်ပြီးနောက် ခလုတ်နှိပ်နည်းကို သင်ပေးထားတယ်လို့ သူက ထပ်ပြောပါသေးသည်။

ကုချင်းဟိုင်သည် ဒီစကားကိုကြားတော့ သူက ချက်ချင်း မျက်နှာတည်တည်နှင့်ပြောသည်။
"မင်းတို့နှစ်ယောက် သတိထားရမယ်။ တစ်ခုခု မှားသွားရင် ကိုယ့်ဘာသာကိုယ် ကြိုးတွေကိုဖြုတ်လို့မရဘူး။ လျှပ်စစ်က အရမ်းအန္တရာယ်များတယ်"

"ငါတို့သိပါတယ်။ ဒါကို ပြောပြထားတာ အကြိမ်တစ်သောင်းရှိတော့မယ်"

ထို့နောက် အန်အန်းသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ချင်ရှီးက သူတို့အား အိမ်ရှိလျှပ်စစ်ပစ္စည်းအနည်းငယ်ကို မည်သည့်အရာနှင့်မထိရန်တို့အား အမြဲသင်ပေးခဲ့ပြီး ထိုအရာတို့ကို အလွတ်ရွက်ဆိုနိုင်သည်အထိ သိရှိနေပြီဖြစ်သည်။

"တရုတ်နှစ်သစ်ကူးပြီးရင် ငါတို့ကငါးနှစ်ပြည့်တော့မယ်။ သူငယ်တန်းတက်ရမဲ့ အရွယ်ရောက်ပြီ။ ငါတို့က ကလေးတွေမဟုတ်တော့ဘူး။ ဘာလို့ မင်းက ငါတို့ကို ကလေးတွေလို အမြဲဆက်ဆံနေတာလဲ"

အန်အန်းသည် နှုတ်ခမ်းစူပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဖျင်ဖျင်ကတော့ မျက်တောင်ခတ်လိုက်သော်လည်း တုံ့ပြန်မှု မရှိပေ။

ကုချင်းဟိုင်သည် ရယ်မောလိုက်ပြီး အန်အန်း၏ နှာခေါင်းကို ပေါ့ပေါ့တန်တန် ဖိလိုက်၏။
"မင်း ကြီးလာရင်လည်း ငါ့ညီမဘဲ"

အန်အန်းသည် ကုချင်းဟိုင်၏လက်ကို ခွာထုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်သည်။
"ငါ့နှာခေါင်းကို မဖိနဲ့ အစ်ကိုကြီးရဲ့။ ပြားသွားလိမ့်မယ်။ ဒီလိုဆို ကြီးပြင်းလာတဲ့အခါ ကြည့်မကောင်းတော့ဘူး"

ကုချင်းဟိုင်က ထပ်ဖိလိုက်သည်။
"သော်သော်ရဲ့အိမ်ကိုသွားပြီး TV ထပ်ကြည့်ပြန်ပြီလား။ နေ့တိုင်း ဘယ်လိုပေါက်ကရဟာတွေဘဲကြည့်နေတာလဲ"

"အား…"
   
အန်အန်းသည် စိတ်တိုလွန်းလို့ သေလုနီးပါးရှိကာ သူမ၏လက်လေးကို ဝှေ့ယမ်းလျက်ပြောသည်။ 
"အစ်ကိုကြီး။ မင်းက အရမ်းစိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

ဖျင်ဖျင်ကလည်း သူ့အစ်မကိုနှိပ်ကွပ်နေသည့် အစ်ကို‌ကိုတွေ့ရာ လက်လေးကို ဝှေ့ယမ်းရင်း သူ့အစ်မဘက်ကကူညီရန် သူတို့ဆီ‌ပြေးလာ၏။

ကုချင်းဟိုင်၏ လက်ကို ဆွဲထားကြပြီး သုံးယောက်သား လုံးချာလိုက်နေကြသည်။ အန်အန်းက ရုန်းကန်လေလေ ကုချင်းဟိုင်က သူမကို ကျီစယ်ချင်လေလေဖြစ်ကာ အန်အန်းသည် သူ့ပြိုင်ဘက်မဖြစ်နိုင်ဘဲ အကြိမ်ပေါင်းများစွာ နှာခေါင်းကို ဖိမိသွားကာ သူမကို ဒေါသအရမ်းထွက်စေပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ သူမပါးစပ်ကို ကျယ်ကျယ်ဖွင့်‌၍အော်လိုက်သည်။

ကုချင်းဟိုင်သည် သူမ၏အမူအရာကိုမြင်သောအခါ လန့်ဖျပ်သွားပြီး သူမကိုချော့ရန် အချိန်မရမီတွင် "ဝူး…ဝူး" ဟူသော အော်ဟစ်သံကို ကြားလိုက်ရသည်။

"အား…ဝူး…ဝူး…ဝူး"
အန်အန်းသည် သူမခေါင်းကို မော့ပြီး ကျယ်လောင်စွာ အော်ဟစ်ရင်း ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာသည်။

သူ့အစ်မက ဝမ်းနည်းလွန်းလို့ ငိုနေတာကို မြင်တော့ ဖျင်ဖျင်က သူမ၏မျက်ရည်တွေကို သုတ်ပေးဖို့ လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး သုတ်လိုက်တဲ့အခါ အကြောင်းပြချက်မရှိဘဲ သူကပါလိုက်၍ အကြီးအကျယ် ငိုပါတော့သည်။ ဖျင်ဖျင်က အကျယ်ကြီး မအော်ပေမဲ့ ငိုနေတာက အရမ်းသနားဖို့ကောင်းသည်။

ကုချင်းဟိုင်သည် သူ့ရှေ့က မျက်ရည်အိုးနှစ်ယောက်ကို ကြည့်ပြီး သူ့ခေါင်းက ရုတ်တရက် မူးဝေလာသည်။
"မငိုပါနဲ့ အစ်ကိုကြီး မှားပါတယ်။ မင်းနှာခေါင်းကို မညှစ်သင့်ဘူး။ မငိုနဲ့တော့..."

ကုချင်းဟိုင်သည် အန်အန်းကို ပွေ့ဖက်ရန် ငုံ့လိုက်သော်လည်း သူမက တွန်းဖယ်လိုက်သည်။ သူသည် သူမ၏ မျက်ရည်များကို သုတ်ပေးရန် လက်လှမ်းလိုက်ရာ အန်အန်းသည်လည်း သိသာထင်ရှားစွာ နောက်သို့ ဆုတ်သွားသည်။

"ဝူး…ဝူး…ဝူး…………………………"

အန်အန်း၏အော်သံက ကုချင်းဟိုင်၏ ဦးနှောက်အမြှေးပါးကိုရောင်ယမ်းသွားသည်ဟုပင် ခံစားလိုက်ရတယ်။

"ဘာတွေဖြစ်နေတာလဲ"
ချင်ရှီးသည် အော်ဟစ်သံကိုကြားပြီး တံခါးကိုတွန်းကာ အမြန်ဝင်လာပြီး လက်ထဲတွင် သံတုံးတစ်တုံးကို ကိုင်ထားဆဲဖြစ်သည်။ သူမရှေ့က ဖြစ်ပျက်နေသည်ကိုမြင်မှ စိတ်သက်သာရရစွာ မျက်လုံးတွေကို အမြန်မှိတ်ထားလိုက်နိုင်သည်။

"မေမေ ကူညီပါဦး"
ကုချင်းဟိုင်သည် ချင်ရှီးကို မြင်တဲ့အခါ ကယ်တင်ရှင်ကို မြင်လိုက်ရသလို ဝမ်းသာသွားသည်။

ချင်ရှီးသည် အော်ငိုနေသည့် အန်အန်းနှင့် ရှိုက်ငိုနေသည့် ဖျင်ဖျင်ကိုတွေ့တော့ ကုချင်းဟိုင်က အန်အန်းကို ထပ်ပြီး အနိုင်ကျင့်စနောက်နေမှန်း သိလိုက်သည်။

"မင်းဘာသာ အန်အန်းကို ငိုအောင်စတာကိုး။ ငါ ဟင်းရွက်တွေ အိုးထဲမှာ ကြော်နေရင်းတန်းလန်းရှိသေးတယ်" 

ပြောပြီးသည်နက် ချင်ရှီးက လှည့်ထွက်သွားသည်။

"မေမေ"
ကုချင်းဟိုင်က အလျင်စလိုအော်ပြော၏။
"ကျွန်တော့်ကိုမကူညီတော့ဘူးလား"

"ဒါဆို မင်းဘာလို့ သူ့(မ)ကို ထပ်ပြီးငိုအောင် စတာလဲ။ ကိုယ့်ဒုက္ခကိုယ်ရှာတာဘဲ။ မင်းအဖေက မကြာခင်ပြန်လာတော့မယ်။ ငါ ထမင်းအဆင်သင့်မဖြစ်သေးဘူး"

ချင်ရှီးပြောစကားကို ကြားလိုက်ရပြီးနောက် ကုချင်းဟိုင် တုန်လှုပ်သွားပြီး အမြွှာနှစ်ယောက်အနားကို ခပ်မြန်မြန်လေးသွားကာ ထိုင်ချလိုက်သည်။
"မငိုပါနဲ့ အစ်ကိုက မနက်ဖြန် အားလပ်ရက်မှာ ကစားဖို့ ခေါ်သွားပေးမယ်။ ပုံပြင်လဲပြောပြမယ်လေ"    

"အား…ဝူး…ဝူး…ဝူး…"

"ငါ့ရဲ့ဘိုးဘေးလေးတို့ရယ်…မငိုပါနဲ့တော့။ ခဏနေရင် အဖေပြန်လာလို့ မင်းတို့ငိုနေတာတွေ့သွားရင် ငါထပ်ပြီး အဆူခံရလိမ့်မယ်"

"ဝူး…ဝူး…ဝူး…"
  
အန်အန်းသည် ဒေါသထွက်လွန်းလို့ ဘာမှနားမထောင်ဘဲ ငိုနေတော့ ကုချင်းဟိုင်က သူမကို လှည့်စားဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ချေ။    
"မငိုပါနဲ့ မင်းတို့စားဖို့ ကိတ်မုန့်သွားဝယ်ပေးမယ်"     

အကြာကြီးငိုနေတဲ့ ဖျင်ဖျင်က ရပ်သွားပြီး အော်ငိုနေတဲ့ အန်အန်းက သူ့ကို ချက်ချင်း ငုံ့ကြည့်သည်။
"ဟေး…မင်း ခရိုင်ကို ဘယ်လိုသွားဝယ်မှာလဲ"

ကုချင်းဟိုင် : "..."

'လွန်ခဲ့တဲ့ တစ်စက္ကန့်မှာ သူမ ငိုနေပေမဲ့ နောက်တစ်စက္ကန့်မှာတော့ ရပ်တန့်သွားပြီလား'

အန်အန်း၏ နီရဲနေသော မျက်လုံးများနှင့် သူမ၏မျက်နှာတစ်ခုလုံး မျက်ရည်များကြောင့်သာ မဟုတ်ပါက ကုချင်းဟိုင်သည် သူမက ငိုချင်ယောင်ဆောင်နေသည်ဟုသာ ထင်မိပေလိမ့်မည်။

ကုချင်းဟိုင် :  "မေမေကိုဝယ်ခိုင်းလိုက်မယ်။ ငါတို့အတွက် အင်္ကျီလုပ်မယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်က ပြောခဲ့တယ်။ ဒါကြောင့် အထည်နဲ့ချည်သွားဝယ်ရမယ်လေ"

" အများကြီးဝယ်ပေး။ ငါတို့နှစ်ယောက်ကို…အေ့(ကြို့ထိုး)… မလှည့်စားနဲ့နော်"

ကုချင်းဟိုင်သည် စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ကြိမ်းမောင်းကာ သက်ပြင်းချ၍ ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ။ အစ်ကိုကြီး မင်းတို့ကို မျက်နှာသစ်ဖို့ ခေါ်သွားမယ်"

အန်အန်းသည် သူမလက်ကို နာခံစွာ ဆန့်လိုက်ပြီး လက်ပေါ်မှမျက်ရည်များအားလုံးကို ကုချင်းဟိုင်လက်ပေါ် သုတ်လိုက်သည်။

စေးကပ်နေသော ခံစားချက်ကြောင့် ကုချင်းဟိုင်ခမျာ ရင်တုန်သွားရ၏။
"အန်အန်း…"

အန်အန်းသည် သူ့ကို ယုံကြည်မှုရှိရှိ လှမ်းကြည့်လိုက်သည်။
"မင်းဘာလုပ်ချင်တာလဲ"

ကုချင်းဟိုင် အံကြိတ်လိုက်သည်။
"...ရပါတယ်"

ကုချင်းဟိုင်သည် ချွေးစေးတို့လို စွတ်စိုစေးကပ်သည့် ခံစားချက်များကို မုန်းတီးပြီး သူ့အား လုံး၀မသက်မသာခံစားရစေသည်။

ဒီလိုသည်းခံထားသည့် ပုံစံကိုမြင်တော့ အန်အန်းက ပိုပြီးယုံကြည်မှုရှိလာသည်။
"မေမေက ငါတို့ကို ဒင်ဆမ်းအများကြီး မစားခိုင်းဘူး။ မင်းက လိုချင်သေးတယ်ကို ပြောရမယ်နော်"

ကုချင်းဟိုင်က သက်ပြင်းချသည်။
"ကောင်းပြီ"

အန်အန်းက ကျေနပ်သွားပြီး ဖျင်ဖျင်နှင့် ကုချင်းဟိုင်၏လက်တို့ကို ဆွဲထားလိုက်သည်။ ထို့နောက် ရေသောက်ပြီး မျက်နှာကို အတူတူ ဆေးကြောလိုက်ကြသည်။

ကုချင်းဟိုင်သည် သူတို့ နှစ်ယောက် တစ်နေ့ ကိတ်ဘယ်နှစ်လုံးစားရမလဲဆိုပြီး ဆွေးနွေးနေကြတာ တွေ့လိုက်ရတော့ သက်ပြင်းချလိုက်မိသည်။

'မုန့်ဖိုးတွေ မရှိတော့ရင်.......။
အဲ့ဒီအကြောင်းကို မေ့လိုက်ကြရအောင်။ အချိန်တန်ရင် သူတို့တွေ သွားကိုက်တာဘဲဖြစ်ဖြစ်၊ မစားနိုင်တော့တာဘဲဖြစ်ဖြစ် ဖြစ်လာလိမ့်မယ်။ သူတို့ကိုယ်တိုင် အပြစ်ဒဏ်ခံရလိမ့်မယ်"

'တကယ်ကို ခက်ခဲပါတယ်...'

အမြွှာနှစ်ယောက် မျက်နှာကို ဆေးကြောပြီး သူတို့ဘာသာ ဆော့ကစားနေကြတဲ့နောက် ကုချင်းဟိုင်က သူ့ရဲ့မုန့်ဖိုးပိုက်ဆံတွေကိုရှာပြီး ချင်ရှီးထံပေးကာ ကိတ်မုန့်ဝယ်ပေးဖို့ အကူအညီတောင်းလိုက်သည်။ သူမ၏ ချက်ချင်း နားလည်သဘောပေါက်သွားတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ သူ့မျက်နှာကရုတ်တရက် ပူလာရသည်။

ချင်ရှီး :  "ဒါကြောင့် ငါ့ပိုက်ဆံအိတ်က တောက်ပြောင်နေရတာကို"

(*ငွေဝင်တော့မယ်ဆိုတဲ့နိမိတ်ကိုဆိုလိုတာပါ)

ကုချင်းဟိုင်သည် အဝေးကိုအကြည့်လွှဲလိုက်သည်။
"ဘာတောက်ပြောင်နေတာလဲ။ ကျွန်တော် အဆာပြေမုန့် စားချင်လို့ ဝယ်ခိုင်းတာပါ..."

ချင်ရှီးက ရယ်လိုက်ရာ ကုချင်းဟိုင်၏ မျက်နှာသည် ချက်ချင်းနီရဲလာသည်။

"မင်းသူတို့ကိုဘာလို့ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်စနေတာလဲ။ သူတို့ငိုတိုင်း မင်းကဘဲ ကတိတွေပေးရလိမ့်မယ်…ကျွတ်…ကျွတ်"

"ကျွန်တော်က သူတို့ကိုကျီစားဖို့မရည်ရွယ်ပါဘူး..."
ကုချင်ဟိုင်သည် ချင်ရှီးကို ပိုက်ဆံပေးကာ ထွက်ပြေးသွားသည်။
"ကျေးဇူးတင်ပါတယ် မေမေ။ သူတို့နှစ်ယောက် ဘာလုပ်နေလဲ သွားကြည့်လိုက်ဦးမယ်"

သူ ပျောက်သွားတာကို မြင်တော့ ချင်ရှီးက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ဒီအတောအတွင်း အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့သည်။ ကုချင်းဟိုင်သည်လည်း လုံးဝ စိတ်အေးလက်အေး ဖြစ်သွားသည်။ သူ့ကိုယ်သူ ကန့်ကွက်စရာ မရှိတော့ဘဲ သူမကို မိခင်လို ဆက်ဆံတတ်လာသည်။

အချိန်အတော်ကြာပြီးနောက် သူ့နှလုံးသားထဲမှာ ဝှက်ထားတဲ့ *နတ်ဆိုးငယ်လေးက ပေါ်လာတော့သည်။ ဒါပေမဲ့ ချင်ရှီးက သူ့ကို စာအုပ်ထဲမှာပါတဲ့ **NPC မဟုတ်ဘဲ တကယ့်ကလေးတစ်ယောက်လို ခံစားရပါသည်။

(*နတ်ဆိုး - နည်းနည်းလေးဆိုးသွမ်းတဲ့ကောင်ငယ်လေးဖြစ်လာတာကိုဆိုလိုတာပါ။

**NPC - Non Playable character)

အန်အန်းသည် ဒရမ်မာအရှင်သခင်မငယ်တစ်ဦးလည်းဖြစ်သည်။ သူမသည်  လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူ မျက်ရည်ကျအောင်လုပ်နိုင်သည်။ သူမသည် စာအုပ်ထဲတွင် ကြယ်ပွင့်ကြီး(သရုပ်ဆောင်) ဖြစ်လာခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

သူမ၏ မူရင်းဇာတ်ကွက်ထဲမှ ကိုယ်ရည်ကိုယ်သွေးက မပြောင်းလဲသေးသောကြောင့် ချင်ရှီးကို အနည်းငယ် စိုးရိမ်သွားစေသည်။

ချင်ရှီးသည် ဟိုဟိုဒီဒီ ကျယ်ပြန့်စွာတွေးတောရင်း ပန်းကန်များနှင့် တူများကို ချထားကာ လုကျဲ့ထျန်းပြန်လာလျှင် ထမင်းစားကြရန် စောင့်ဆိုင်းနေလေသည်။

နောက်ဆုံးတွင် ချင်ရှီးသည် လုကျဲ့ထျန်းကို မစောင့်ရဘဲ ကျယ်လောင်စွာ ငိုနေသော ဖျင်ဖျင်၏အသံကိုသာ ကြားလိုက်ရသည်။

ဖျင်ဖျင်သည် ငိုကြွေးရင်းပြေးလာကာ အခန်းတွင်းဝင်လာပြီး ချင်ရှီး၏ ခြေထောက်ကို ဖက်လိုက်သည်။
"မေမေ…ဝူး…ဝူး..ဝူး.………….………"

"အနိုင်ကျင့်ခံရတာလား…ဒဏ်ရာရလာတာလား။ မင်း အစ်ကိုနဲ့ အစ်မကရော ဘယ်မှာလဲ"

အန်အန်းက ဒီလိုပုံစံငိုလျှက် ပုံမှန်အခြေအနေဟု ယူဆနိုင်ပြီး ဖျင်ဖျင်ကတော့ ဤကဲ့သို့ ဘယ်တော့မှငိုလေ့မရှိပေ။ ယခုအခြေအနေက ချင်ရှီးကို အင်မတန်ကြောက်ရွံ့စေသည်။

"ဝူး………"
ဖျင်ဖျင်သည် စကားမပြောနိုင်လောက်အောင် ပြင်းထန်စွာ ငိုယိုကာ အပြင်ကို ညွှန်ပြရင်း မျက်ရည်များက ပိုက်ခေါင်းပွင့်သွားသလို လုံးဝမရပ်ဘဲ စီးကျနေသည်။

ချင်ရှီး၏ နှလုံးခုန်သံက မြန်ဆန်လာကာ သူမသည် အနည်းငယ် စိတ်မရှည်တော့ဘဲ ဖျင်ဖျင်ကို ကောက်ချီလိုက်ပြီး သူ့ကို ချော့ရန်အတွက် ကျောကို ညင်သာစွာ ပွတ်သပ်ကာ အမြန်ထွက်သွားသည်။

"မေမေ မေမေ ကူညီပါ ကူညီပါ"

အန်အန်း၏ ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီး ထိတ်လန့်နေပြီဖြစ်သောချင်ရှီး၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားရသည်။ သူမသည် ဂိတ်ပေါက်ဆီသို့ အမြန်ပြေးသွားသည်။

"အန်အန်း မင်းဘာဖြစ်နေတာလဲ"

သူတို့ ဂိတ်ပေါက်ကို ပြေးသွားတော့ အန်အန်းက ထိတ်လန့်စွာ ပြေးလာနေတာကို တွေ့လိုက်ရသည်။ ကုချင်းဟိုင်သည် မဝေးတဲ့ သစ်ပင်အောက်မှာ ငုတ်တုတ်ထိုင်နေပြီး သစ်ပင်ကို မျက်နှာမူကာ ဘာလုပ်နေမှန်းမသိပေ။

ချင်ရှီးသည် ထိတ်လန့်စွာလှမ်းအော်လိုက်သည်။
"ကုချင်းဟိုင်"

ကုချင်းဟိုင်သည် ချင်ရှီး၏ တင်းမာသောလေသံကြောင့် အံ့အားသင့်သွားကာ ခေါင်းကို အမြန်လှည့်လိုက်သည်။
"မေမေ"

"ဘာဖြစ်နေတာလဲ။ ဘာဖြစ်နေတာလဲ"

ချင်ရှီးသည် ဖျင်ဖျင်ကို ပွေ့ဖက်ထားပြီး အန်အန်းကို ဆွဲထားကာ စူးရှသော မျက်လုံးများဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ပေ။

ဖျင်ဖျင်နှင့် အန်အန်းတို့၏ ကျယ်လောင်စွာအော်ဟစ်အကူအညီတောင်းသံကို ကြားပြီးနောက် အိမ်နီးချင်းများကလည်း စိုးရိမ်ထိတ်လန့်ကာ ပြေးထွက်လာကြသည်။
"ဘာဖြစ်နေတာလဲ"

"ဘာကိစ္စရှိလဲ"

"ဘယ်သူလဲ။ ဘာဖြစ်တာလဲ"

"အန်အန်း မင်းဘာလို့ခေါ်တာလဲ။ ဘာဖြစ်နေတာလဲ"

နောက်ဆုံးတွင် အန်အန်း၏ စိတ်အခြေအနေက ပြန်လည်ကောင်းမွန်လာကာ ကုချင်းဟိုင်၏ ဦးတည်ရာသို့ ညွှန်ပြရင်း သူမ၏ မျက်လုံးများသည် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
"ကူညီပါဦး။ ကြောင်အသက်ကို ကယ်ပေးပါ"

"ကြောင်လား"
လူတိုင်း အံ့အားသင့်သွားကြသည်။

လူတစ်ဦးဦး၏ မတော်တဆထိခိုက်မှုမဟုတ်မှန်း သိလိုက်ရတော့ အားလုံးသက်ပြင်းတစ်ချက်ချလိုက်ကြသည်။

"ကြောင်က သေတော့မယ်လို အစ်ကိုကပြောတယ်...ဝူး…မေမေ… ကူညီပါ...ဝူး…"

အန်အန်းသည် သူမ မြင်လိုက်ရတာကို တွေးရင်း ချက်ခြင်းမထိန်းနိုင်ဘဲ ငိုချလိုက်သည်။

အချိန်အကြာကြီး ငိုနေတဲ့ ဖျင်ဖျင်သည် ပိုလို့တောင် ငိုနေခဲ့သည်။

ချင်ရှီးသည် သူတို့၏နဖူးကိုပွတ်သပ်ကာ ချော့မော့သည်။
"မငိုပါနဲ့တော့ မေမေသွားကြည့်ပေးမယ်"

သူမ ထိုနေရာသို့ လမ်းလျှောက်သွားပြီးနောက် ကုချင်းဟိုင်သည် သူရပ်နေသောနေရာမှ ရွေ့လိုက်ရာ သစ်ပင်အောက်တွင် မလှုပ်မယှက် လဲနေသော ကြောင်နက်တစ်ကောင်ကို လူတိုင်းတွေ့လိုက်ရသည်။ သူ့အောက်မှာ သွေးအိုင်ကြီးတစ်ခုရှိနေသည်။

သွေးစီးကြောင်းများသည် နေရာအနှံ့ ပျံ့နှံ့သွားကာ အနည်းငယ် ထိတ်လန့်ချင်စရာဖြစ်နေသည်။ ချင်ရှီးက သူမ ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်ကာ ဖျင်ဖျင်နှင့် အန်အန်းအား နောက်တစ်ကြိမ် မကြည့်မိစေရန်လုပ်လိုက်သည်။

"ဟေး ဒါ 'မွှေးထူ'မဟုတ်လား"

"မကြာခင်ကမှ ပျောက်သွားတာမလား"

"ကိုယ်ဝန်ရှိတာလား"

ကြောင်နက်ကို မှတ်မိတဲ့ အိမ်နီးချင်းတစ်ယောက်ကအော်ပြောသည်။
"အသက်ရှိသေးလား မြန်မြန်ကြည့်လိုက်ဦး"

တစ်စုံတစ်ယောက်သည် အခြေအနေကို အသေအချာစစ်ဆေးရန် ဒူးထောက်ထိုင်ချလိုက်ပြီး လည်ပင်းကိုထိကာ စက္ကန့်အနည်းငယ်အကြာတွင် ပြောလိုက်သည်။
"အသက်မရှိတော့ဘူး"

ဖျင်ဖျင်နှင့် အန်အန်းက ထိုစကားကို ကြားသောအခါ မျည်ရည်များ ကျဆင်းလာကြတော့သည်။

_***_


၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now