Chapter 67

3.1K 319 1
                                    

အပိုင်း (၆၇)




ချင်ရှီးသည် မြို့တော်တွင် နှစ်ရက်ကြာနေထိုင်ခဲ့ပြီး စုန့်စစ်းနော့နှင့် ပူးပေါင်းဆောင်ရွက်သည့် စက်ရုံကို သွားရောက်ကြည့်ရှုကာ အသေးစိတ်အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူတို့သည် အတူတူလျှောက်လည်ကြရန် သဘောတူလိုက်ကြသည်။

စုန့်စစ်းနော့သည် အစားအသောက်၊ တည်းခိုခန်းနှင့် သယ်ယူပို့ဆောင်ရေး တို့ကို တာဝန်ယူပေးခဲ့ပြီး သူတို့သုံးဦးသည် နှစ်ရက်တာ ပျော်ရွှင်စွာလျှောက်လည်ခဲ့ကြသည်။

ချင်ရှီးသည် အမှတ်တရလက်ဆောင်များနှင့် အခြားလက်ဆောင်များစွာကိုလည်း ဝယ်ယူခဲ့ပြီး မိသားစုနှင့် သူငယ်ချင်းများထံ ပြန်လည်ယူဆောင်သွားရန် စီစဉ်ထားသည်။ ပြန်လာချိန်တွင် စုန့်စစ်းနော့၏ စတိုးဆိုင်မှာ အနိမ့်ဆုံးဈေးရှိသည့် အဝတ်အစားအနည်းငယ်ဝယ်ပြီး ခရိုင်ထဲမှာ မရရှိနိုင်တဲ့ မုန့်တစ်ချို့ကိုလည်း ဝယ်လိုက်သည်။

လာစဥ်အခါက အိတ်တစ်လုံးသာ ယူလာပေမဲ့ ပြန်လာတဲ့အခါမှာတော့ အိတ်အကြီးကြီး နှစ်လုံး သယ်သွားခဲ့ရသည်။

မော့လင်သည် ရှန်းကျန့်မြို့ကို တိုက်ရိုက်သွားပြီး စုန့်စစ်းနော့သည် ချင်ရှီးကို အိမ်ပြန်ရန် ကားငှားဖို့ သူမသူငယ်ချင်းကို တောင်းဆိုခဲ့သည်။

ချင်ရှီးက ခရိုင်မှာ တစ်ခုခုလုပ်စရာရှိတယ်လို့ မပြောရင် စုန့်စစ်းနော့က သူမကို အိမ်တံခါးဆီထိ ခေါ်သွားခိုင်းလိမ့်မည်။

ခရိုင်ကို ကားရောက်တဲ့အခါ ချင်ရှီးက စုန့်စစ်းနော့၏သူငယ်ချင်းကို ထမင်းစားဖို့ ဖိတ်ချင်ပေမဲ့ သူလုပ်စရာရှိသေးတယ်လို့ပြောပြီး အထပ်ထပ်အခါခါ လက်ကိုမြှောက်ပြလိုက်ကာ ငြင်းဆိုသည်။

ချင်ရှီးသည် သူ့အားအတင်းအကြပ် မတောင်းဆိုဘဲ အစောကတည်းက ပြင်ဆင်ထားသည့် စီးကရက်ဗူးကို ထုတ်ကာ သူ့ထံသို့ ပေးလိုက်သည်။

ထိုလူကလက်ခံလိုက်ပြီး စီးကရက်သောက်၍ ချင်ရှီးကို ယဉ်ကျေးသိမ်မွေ့တဲ့ စကားတစ်ချို့ပြောပြီး ကားပေါ်တက်ကာ မောင်းထွက်သွားသည်။

ချင်ရှီးသည် အိတ်ကြီးနှစ်အိတ်ကို ကိုင်ဆောင်ကာ လမ်းဘေးတွင် ရပ်လျက် ဘယ်ညာ တစ်ချက်ကြည့်လိုက်ပြီး ဘဏ်ဆီသို့ လျှောက်သွားသည်။

မြို့နယ်လေးများတွင် ငွေစုသမဂ္ဂများသာရှိသော်လည်း ခရိုင်များတွင် ဘဏ်များရှိပြီး ထိုအရာတို့သည် နောင်မျိုးဆက်များအထိ တည်ရှိဆဲဖြစ်သော ဘဏ်ကြီးဖြစ်သောကြောင့် ချင်ရှီးအား စိတ်သက်သာရာရစေပါသည်။

သူမနှင့် လုကျဲ့ထျန်း လက်ထပ်ပြီးနောက် သူမသည် ယွမ်တစ်ထောင်ကျော်ပြည့်နေသော သံဘူးတွင်သော့ခတ်ထားခဲ့သည့် ငွေအမြောက်အမြားကို စုဆောင်းထားခဲ့ပြီးဖြစ်သည်။ ဘဏ်အကောင့်ဖွင့်ပြီး ငွေစာရင်းစာအုပ်တစ်အုပ်ကိုသတ်မှတ်လျက် ငွေထည့်ထားရန် လိုအပ်နေသည်။

ချင်ရှီးသည် ယခုအချိန်တွင် စုန့်စစ်းနော့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး နောက်ပိုင်းတွင် ငွေအမြောက်အများရလာမည်ဖြစ်ပြီး ဘဏ်အကောင့်တစ်ခုရှိမှလည်း အဆင်ပြေလိမ့်မည်။

နှစ်နှစ်ခြိုက်ခြိုက် တွေးတောရင်း ချင်ရှီးသည် ဘဏ်သို့ လျှောက်သွားလိုက်သည်။ သူမ ဘဏ်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုက်နက် သူမကို တစ်ယောက်ယောက်က ချက်ချင်း နှုတ်ဆက်လိုက်သည်။

ပြောရမည်ဆိုလျှင် ဒီအချိန်မှာ လူသိပ်မရှိလှပါ။ ချင်ရှီးဟာ ထူးထူးခြားခြား နိုင်ငံခြားစတိုင်လ်နှင့် လှပနေပြီး ဖက်ရှင်ကျကျ ၀တ်စားထားတာကြောင့် (ဘဏ်ဝန်ထမ်းအနေဖြင့်) သူမကို ကောင်းမွန်စွာဆက်ဆံရန် စဉ်းစားမိသောကြောင့်ဖြစ်သည်။

အကယ်၍ သူမနေရာမှာ အခြားသာမန်လူသာဆိုလျှင် သူတို့ အဲ့လောက်ဂရုစိုက်နေကြမှာ မဟုတ်ပါပေ။

"မင်း ဘာလုပ်ချင်ပါသလဲ"
မျက်နှာဝိုင်းစက်သောကောင်မလေးက သူမကို နွေးထွေးစွာ နှုတ်ဆက်သည်။

ချင်ရှီး : "ဘဏ်အကောင့်ဖွင့်မလို့"

"ကောင်းပြီ ငါနဲ့လိုက်ခဲ့ပါ"
မျက်နှာဝိုင်းစက်တဲ့မိန်းကလေးက ချင်ရှီး၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးပြီး သူမဘေးက ကောင်တာဆီ ခေါ်သွားလိုက်သည်။

ခရီးဆောင်အိတ်ကိုချပြီးနောက် ချင်ရှီးက ထိုင်ချလိုက်ပြီး နာကျင်နေသော လက်မောင်းများကို ပွတ်သပ်ကာ အကောင့်ဖွင့်ရသည့် လုပ်ငန်းစဉ်ကို မေးမြန်းသည်။

ချင်ရှီးက စိတ်နေစိတ်ထားမှာ ထူးထူးခြားခြားဖြစ်နေပုံရပြီး စာတတ်မြောက်သူဖြစ်တာကြောင့် မျက်နှာဝိုင်းကောင်မလေးက ဖောင်တစ်ခုနှင့် ဘောပင်တစ်ချောင်းကို ထုတ်ပေးသည်။
“မင်း ဖောင်ကို အရင်ဖြည့်လိုက်ပါ”

ချင်ရှီးက တစ်ချက်ကြည့်လိုက်ပြီး သူမပါးစပ်အတွင်းမှ လျှာကိုတစ်ချက်တောက်လိုက်သည်။

ဖော်ပြထားသော ကိုယ်ရေးကိုယ်တာအချက်အလက်လိုအပ်ချက်များသည် သင်နေထိုင်ရာနေရာ၊ သင့်အမည်၊ အိမ်လိပ်စာ၊ အလုပ်ဌာန၊ သင့်တွင် ဆက်သွယ်ရန်နံပါတ်ရှိမရှိ စသည်ဖြင့် အတိအကျ ရေးသားထားရမည်ဖြစ်ပြီး အနည်းအကျဉ်းဘဲရေးသားလိုက်ဖို့ မဖြစ်နိုင်ပေ။

အရာအားလုံးကို ရေးပြီးနောက် ချင်ရှီးက မျက်နှာဝိုင်းစက်သောကောင်မလေးထံ ပြန်ပေးလိုက်သည်။ သပ်သပ်ရပ်ရပ်နှင့် အလွန်လှပသော စကားလုံးများကို မြင်သောအခါ တစ်ဖက်လူ၏ မျက်လုံးများ တောက်ပလာသည်။

ထပ်ပြောစရာမရှိတော့ပါပေ။ သူမ ဒီမှာအလုပ်လုပ်နေတာကြာပြီ။ ဒီလောက်ကောင်းတဲ့လက်ရေးနှင့်ရေးနိုင်တဲ့အမျိုးသမီးကိုပထမဆုံးတွေ့ဖူးတာဖြစ်၏။

သို့သော် ဘဏ်သို့လာရောက်သူ အမျိုးသမီး အများအပြား မရှိခဲ့သေးပေ။ ဆိုလိုသည်မှာ ပြုပြင်ပြောင်းလဲရေးနှင့်ပွင့်လင်းမြင်သာမှုများလုပ်ပြီးနောက် ဘဏ်သို့ အမျိုးသမီးများ လာရောက်မှု ပိုများလာသည်ဟု ဆိုနိုင်သည်။

မျက်နှာဝိုင်းစက်သောမိန်းကလေးသည် ချင်ရှီးနှင့် အချက်အလက်များကို အသေအချာ အတည်ပြုခဲ့ပြီး အကောင့်တစ်ခုဖွင့်ကာ ငွေစုစာအုပ်ကို ရယူနိုင်ခဲ့သည်။

ဒီခေတ်မှာ ဘဏ်ကတ်တွေလုံးဝမရှိသေးပါဘူး။ အားလုံးက ငွေစုစာအုပ်များသာဖြစ်သည်။ မူလကိုယ်သည် ငွေကိုတိုက်ရိုက်လွှဲပေးလေ့ရှိပြီး သူမထံတွင် ကိုယ်ပိုင်ဘဏ်အကောင့်တစ်ခုလည်း ရှိသေးသည်။

ချင်ရှီးသည် ဘဏ်စာအုပ်အသစ်ကို ရရှိပြီးနောက်တွင် သူမသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေခဲ့သည်။

'ဟမ်... အရည်အသွေးက နည်းနည်းညံ့တယ်။ အပြင်က အပေါ်ဖုံးက နည်းနည်း ပိုမာတယ်။ နောက်ပိုင်း မျိုးဆက်တွေနဲ့ လုံးဝ မယှဉ်နိုင်သေးဘူး'

ချင်ရှီးသည် ထိုအရာက အနည်းငယ် အထိအခိုက်ခံပုံမရကြောင်း တွေးမိပြီး သေသေချာချာ သိမ်းဆည်းထားသင့်သည်ဟုတွေးကာ သူမ၏အဝတ်အတွင်းပိုင်း အိတ်ထဲသို့ ထည့်လိုက်သည်။

ချင်ရှီးသည် ငွေစာရင်းစာအုပ်ကို သိမ်းထားလိုက်ကာ ငွေသွင်းရန် ရည်ရွယ်ချက်မရှိကြောင်း မျက်နှာဝိုင်းစက်‌သော ကလေးမက မြင်လိုက်ရသဖြင့် အနည်းငယ်စိတ်ပျက်သွားသည်။
“တခြားလုပ်ချင်တာရှိသေးလား”

ချင်ရှီးက ဘာမှပြန်မပြောနိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် ပိုက်ဆံက အိမ်မှာသာရှိသေးပြီး လောလောဆယ် စုငွေစာရင်းထဲ မသိမ်းနိုင်သေးပါ။
“ဟင့်အင်း ငါ နောက်မှ ငွေသွင်းဖို့ လာခဲ့မယ်”

ထိုစကားကိုကြားသောအခါ မျက်နှာဝိုင်းစက်သောကလေးမက ပြုံးလိုက်သည်။
“ကောင်းပြီ ရပါတယ်။ ငါ့ကို ရှောင်ချန်းလို့ခေါ်ပါတယ်။ ငါဒီမှာ နေ့တိုင်းရှိနေပါတယ်"

ချင်ရှီးက သူမကိုပြုံးပြပြီး မတ်တပ်ရပ်လိုက်ကာ ခရီးဆောင်အိတ်နှစ်အိတ်နှင့်အတူ ဘဏ်ထဲကနေ ထွက်သွားကာ အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မူလက သူမသည် ခရိုင်အတွင်းမှ ပစ္စည်းအချို့ဝယ်ရန် စီစဉ်ခဲ့သော်လည်း အိတ်ကြီးနှစ်လုံးသည် အမှန်တကယ် လေးလံကာ အချိန်အတန်ကြာ သယ်ဆောင်ပြီးနောက် လက်များ နာကျင်လာသောကြောင့် သူမသည် တိုက်ရိုက်ပြန်သွားသင့်နေပေပြီ။

'ဘာဘဲဖြစ်ဖြစ် မြို့ထဲမှာ ပစ္စည်းတွေ အများကြီး ဝယ်ထားပြီးပြီ။ ထပ်ဝယ်စရာ မလိုတော့ပါဘူးလေ'

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ချင်ရှီးသည် အနည်းငယ် ဆာလောင်လာကာ အရှေ့ဘက်နှင့် မနီးမဝေးတွင် ပေါက်စီဆိုင်တစ်ဆိုင် ရှိနေသဖြင့် သူမ အရှိန်လျှော့လိုက်သည်။

ဆိုင်ဝန်ထမ်းသည် တံခါးဝရှိ ပေါင်းခံအိုးကြီးထဲမှ နှစ်ဆင့်ကို ဖြုတ်လိုက်ရာ ပွက်ပွက်ဆူနေသော အဖြူရောင်ဖောင်းပွပွ ပေါက်စီများက သူမကို ချက်ချင်း အာရုံဖမ်းစားလိုက်လေသည်။

"ပေါက်စီတွေ...ဆီများတဲ့အသားတွေ.. ပဲငပိနဲ့ သကြားထည့်ထားတဲ့ဂေါ်ဖီချဉ်တွေ ကန်စွန်းဥတွေ....."

ဆွဲငင်ငင်အော်သံကိုကြားသောအခါ ချင်ရှီးသည် မတတ်နိုင်ဘဲ ထိုနေရာသို့ လမ်းလျှောက်လာလိုက်သည်။

ပြီးခဲ့သောနှစ်ရက်တွင် သူမသည် ငါးများနှင့် အသားများကို အလွန်အကျွံစားခဲ့ပြီး ယခုအခါ အရသာပြောင်းလဲရန် ဝက်သားနှပ်ပေါက်စီ စားကြပါစို့။

ချင်ရှီးသည် ဤနေရာရှိ ဝက်သားနှပ်ပေါက်စီကို အလွန်နှစ်သက်သည်။ ချဉ်ချဉ်စပ်စပ် အာလူးထောင်းကလည်း အနည်းငယ်စပ်သော ဝက်သားနှပ်များကို ရောစပ်ထားသေးသည်။ တစ်ခါစားဖူးပြီးနောက် ထိုအရသာကို သူမ သဘောကျသွားသည်။

ဗိုက်ဆာနေပြီဖြစ်သော ချင်ရှီးသည် ရုတ်တရက် လောဘကြီးလာသည်။ခြေဖဝါးပေါ်၌ ပစ္စည်းနှစ်အိတ်ကို တင်ကာ အိတ်ထဲမှ ပိုက်ဆံအိတ်ကိုထုတ်၍ နှစ်ယောက်စာအတွက် ပြင်ဆင်လိုက်သည်။

မူလက ချင်ရှီးသည် နောက်ထပ်အနည်းငယ်ဝယ်ပြီး ကလေးများစားရန် ပြန်ယူလာချင်သော်လည်း သူမထွက်လာစဉ်အခါတွင် ပေါက်စီများစွာလုပ်ပေးခဲ့ပုံကို ပြန်တွေးကာ ဤရက်အနည်းငယ်တွင် ပေါက်စီစားရန် ငြီးငွေ့လာနိုင်သဖြင့် လက်လျှော့လိုက်သည်။

"သူဌေး နှစ်ယောက်စာယူ..."

ချင်ရှီး စကားမဆုံးခင်မှာ လူတစ်ယောက်က ရုတ်တရက် ခုန်ထွက်လာပြီး ချင်ရှီးရဲ့ လက်ထဲက ပိုက်ဆံအိတ်ကို လုယူကာ ချင်ရှီးရဲ့ လက်မောင်းကို ဆွဲတွန်းလျက် ရှေ့တည့်တည့်ကို ပြေးသွားခဲ့သည်။

ချင်ရှီးသည် ရုတ်တရက် အင်အားကြီးစွာဖြင့် မြေပြင်ပေါ်သို့ လှဲချခံလိုက်ရပြီး သူမ၏ လက်များ၊ ခြေထောက်များ ပြင်းထန်စွာ နာကျင်သွားကာ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။

'နေ့ခင်းကြောင်တောင် လမ်းပေါ်မှာ လူတစ်ယောက်က လုယက်ခဲ့တယ်'

ချင်ရှီးသည် တစ်စက္ကန့်မျှပင် အံ့အားသင့်သွားကာ မြင်လိုက်ရသော လမ်းသွားလမ်းလာများက အော်လိုက်သည်ကိုကြားမှသာ လျင်မြန်စွာ သဘောပေါက်လိုက်သည်။

"သူခိုး...သူခိုး.. ပိုက်ဆံအိတ်ကို လုယက်သွားတယ်"
လူတိုင်း၏ အော်ဟစ်သံက  ချင်ရှီးကို အသိစိတ်ပြန်ဝင်လာစေပြီး သူခိုးက စက္ကန့်အနည်းငယ်အတွင်းမှာပင် မီတာရာနှင့်ချီ ပြေးသွားခဲ့သည်။

ဒီခေတ်ကလူတွေက ရိုးရိုးရှင်းရှင်းများဖြစ်ကြကာ ဒီလိုအခြေအနေမျိုးတွေ့ကြုံရတော့ အားလုံးက ဝိုင်းတားကြသည်။

သို့သော် ထိုသူခိုးသည် အလွန်လျင်မြန်စွာ ပြေးလွှားခုန်ပေါက်လျက် သွက်သွက်လက်လက် ပြေးနေပြီး အချိန်အတော်ကြာအောင် မည်သူမျှ မဖမ်းနိုင်ပေ။

ချင်ရှီးသည် ထိုအခြေအနေကိုမြင်သောအခါ အနည်းငယ်စိုးရိမ်လာ၏။ ငွေကုန်သွားပါက ကိစ္စမရှိသော်လည်း စာချုပ်မှာ အိတ်ထဲတွင်ကျန်ရှိနေသဖြင့် ခက်ခဲလွန်းလှသည်။

သူမ ထရန် ရုန်းကန်ရင်း လှုပ်ရှားလိုက်သည်နှင့် သူမ၏ ခြေကျင်းဝတ်က ပြင်းထန်စွာ နာကျင်လာကာ သူမ၏ မျက်နှာသည် ချက်ချင်း ဖျော့တော့သွားသည်။

ချင်ရှီးသည် ခေါင်းကိုမော့ကာ သူခိုးကပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမသည် ချက်ချင်းပင် ဒေါသထွက်ကာ စိုးရိမ်သွားခဲ့သည်။

ထိုအချိန်တွင် ချင်ရှီး၏ မြင်ကွင်းတွင် အစိမ်းရောင်တစ်ခု ပေါ်လာသည်။

သူခိုးကို စစ်ယူနီဖောင်းဝတ် အမျိုးသားတစ်ဦးက တားဆီးခဲ့ပြီး မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိချလိုက်သည်။ ထိုဘက်သို့ လျှောက်လာနေသော ရင်းနှီးသည့် အသွင်အပြင်လည်း ရှိနေသည်။

"...လုကျဲ့ထျန်း...."

ချင်ရှီးသည် အနည်းငယ် မှင်တက်သွားသည်။ သူမက သူ့ကို ဒီမှာတွေ့ရဖို့ မမျှော်လင့်ထားပါဘူး။

'သူ အလုပ်မသွားဘူးလား'

လုကျဲ့ထျန်းသည် အော်ခေါ်သံကိုကြားသောအခါ ရင်းနှီးသွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် လဲနေသောလူသည် အမှန်တကယ်ပင် ချင်ရှီးဖြစ်သည်ကို တွေ့လိုက်ရသောအခါတွင် သူ့နှလုံးခုန်သံတစ်ဝက်ခန့် ရပ်တန့်သွားရသည်။

ထိုလူကို ဟေးဟူးက ချုပ်နှောင်ထားသောကြောင့် လုကျဲ့ထျန်းက စိတ်အနှောက်အယှက်မဖြစ်ဘဲ ချင်ရှီးဆီသို့ အမြန်သွားသည်။

"ချင်ရှီး မင်းအဆင်ပြေရဲ့လား"

လုကျဲ့ထျန်းသည် ချင်ရှီးကို ကူညီပေးခဲ့ပြီး သူမ၏ ခြစ်ရာရထားသော လက်ဖဝါးနှင့် ဒူးများကို ကြည့်လိုက်ကာ မျက်ခုံးများ တင်းတင်းကျုံ့ထားလျက် သူ့မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်နေသည်။

"ဟစ်..."
ချင်ရှီးက နာကျင်စွာ အံကြိတ်လိုက်သည်။
"ခြေထောက်က အရမ်းနာနေပုံရတယ်"

လုကျဲ့ထျန်း၏ ပါးလွှာတဲ့ နှုတ်ခမ်းသားတွေက တင်းတင်းကြပ်ကြပ် စေ့ထားရင်း သူ့အမူအရာက ရုပ်ဆိုးလွန်းလှသည်။ သူက ချင်ရှီးကို ပွေ့ဖက်လိုက်ပြီး လူတစ်ကိုယ်လုံးနှင့် လက်နှစ်ဖက်ကို သူ့အား မှီစေသည်။

ချင်ရှီးသည် တခြားဘာကိုမှ ဂရုမစိုက်နိုင်အောင် နာကျင်လွန်းတာကြောင့် လုကျဲ့ထျန်းလုပ်ပေးနေတာကိုသာ အာရုံစိုက်ပြီး ဒဏ်ရာရနေတဲ့ ခြေထောက်ကို မလှုပ်ရှားဝံ့ပါဘူး။

သူမသာ လုကျဲ့ထျန်းတို့ကို မတွေ့ဆုံနိုင်ခဲ့ရင် ဘယ်လောက်တောင် ဒုက္ခရောက်မလဲ။

နောင်လာနောက်သားများသာဖြစ်လျှင် လမ်းများနှင့် လမ်းကြားများတွင် စောင့်ကြည့်ကင်မရာများ ပြည့်နှက်နေပြီး လူအများရှေ့တွင် လုယက်ဝံ့သူဖြစ်မည်မဟုတ်ပါ။

ချင်ရှီးဟာ ဒီခေတ်ရဲ့ အမှောင်ဘက်ခြမ်းကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာဖြစ်ပြီး သူမ တကယ်ကို ထိတ်လန့်သွားခဲ့သည်။ ကံကောင်းထောက်မစွာဘဲ ဒါဟာ ၁၉၈၀ ခုနှစ်အစောပိုင်းကာလတွေဖြစ်ပြီး လူ့အဖွဲ့အစည်းက ပိုတည်ငြိမ်လာခဲ့ပြီဖြစ်၏။ လောင်ကစားတွေ များနေမယ်ဆိုရင် အရမ်း ဖရိုဖရဲဖြစ်သွားမှာပါ။

ထိုအချိန်တွင် ဟေးဟူးသည် ချင်ရှီးထံမှ လုယူသွားသောလူကို ဖိနှိပ်ထားလိုက်ရာ အားလုံးက စောင့်ကြည့်နေကြသည်။

ဟေးဟူး : "အဖွဲ့ခေါင်းဆောင်... မရီး"

ချင်ရှီးက သူခိုးကို တစ်ချက်ကြည့်လိုက်ပြီး ဟေးဟူးကို ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ နောက်တစ်နေ့ အိမ်မှာစားဖို့ လာခဲ့ဦး"

"ဘာမှမဖြစ်ပါဘူး"
သို့သော် သူ၏အမူအရာမှာ တောက်ပလာကာ ချင်ရှီးချက်ပြုတ်သော အစားအစာကို အနည်းငယ်မျှော်လင့်ထားသည်။

လုကျဲ့ထျန်းသည် ပိုက်ဆံအိတ်ကို ယူလာပြီး ချင်ရှီးကို စစ်ဆေးခိုင်းသည်။ အားလုံးရှိနေကြောင်း အတည်ပြုပြီးနောက် ထိုသူကို ဆက်လက်ချုပ်ထားရန် ဟေးဟူးအား သူက အေးစက်စွာဖြင့် အမိန့်ပေးလိုက်ပြီး ရဲစခန်းကို သွားခိုင်းသည်။ မုန့်ဆိုင်ပိုင်ရှင်ထံမှ ခုံတန်းလျားတစ်ခုကို ငှားပြီး ချင်ရှီးကို အရင်ထိုင်ခိုင်းသည်။

"ကားက ရှေ့မှာရောက်နေတယ်။ ငါမောင်းလာခဲ့မယ်။ မင်းဒီမှာစောင့်နေ ငါ မင်းကို ဆေးရုံလိုက်ပို့မယ်"

ချင်ရှီးက ခေါင်းညိတ်ကာ သူ အမြန်လမ်းလျှောက်သွားတာကိုကြည့်ပြီး သူမလက်တွေ ခြေထောက်တွေကို ငုံ့ကြည့်လိုက်သည်။

သွေးထွက်သံယိုဖြစ်သွားရပြီး အဝတ်အစားက ဒူးပြဲနေသည်။

"ငါမှားပါတယ်... ငါက သရဲတစ္ဆေတွေကို(အယူဝါဒမှားတွေကို) စွဲလမ်းနေတာဖြစ်ပါလိမ့်မယ်။ မင်းတို့မှာ အများကြီးရှိတယ်ဆိုရင် ငါ့ကို လွှတ်ပေးလိုက်ဖို့တောင်းဆိုပါတယ်။ ငါက ကလေးတွေအတွက် လုပ်နေတာပါ... ကလေးတွေလည်း ငတ်သေတော့မယ် ...”

"ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး... လွှတ်ပေးပါ"

ထိုလူက စစ်ယူနီဖောင်းဝတ်ထားသည့် ဟေးဟူးကိုကြည့်ရင်း သူက လုကျဲ့ထျန်းအား 'ခေါင်းဆောင်'ဟုခေါ်လိုက်ခြင်းကို ပြန်တွေးမိကာ ကြောက်လန့်သွားသည်။

သူ့ကို ကရုဏာသက်ပေးဖို့ ငိုယိုတောင်းဆိုနေသည့်လူကို ချင်ရှီးက လှမ်းကြည့်လိုက်ရင်း နှာရှုံ့လိုက်သည်။
"ငါ့အဝတ်‌တွေက ရှန်းကျန့်မြို့မှာ ခေတ်အမီဆုံးစတိုင်ပါ။ တစ်ထည်ကို ယွမ် ၅၀ ကျော်တန်တယ်။ ဆေးဖိုးဝါးခရယ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက်ရယ် ငါ့ကိုပြန်ပေး"

"မင်းမှာ လက်တွေ ခြေတွေလည်းရှိတယ်။ မင်းက အသက်လည်း ငယ်သေးတယ်။ ဘာလို့ လုယက်တဲ့အလုပ်ကနေ မပြောင်းနိုင်တာလဲ" 

ဟေးဟူးက သူ့လက်ကို ကျောနောက်မှာ တင်းတင်းကျပ်ကျပ် ဖိပြီး အော်လိုက်တယ်။
"ပါးစပ်ပိတ်ထား ရိုးရိုးသားသားဘဲနေ မင်းပြောစရာရှိရင် ရဲစခန်းမှာဘဲပြော”

ထိုယောက်ျားက သူ့လက်မောင်းကျိုးတော့မည်ဟု ခံစားလိုက်ရပြီး စကားမပြောနိုင်ချေ။

ချင်ရှီးကလည်း လျစ်လျူရှုထားပြီး သူ့ကို ပိတ်ဆို့ဖို့ ကူညီခဲ့တဲ့ လမ်းသွားလမ်းလာတွေကို ကျေးဇူးတင်လိုက်သည်။

များမကြာမီတွင် လုကျဲ့ထျန်းသည် စစ်ဂျစ်ကားတစ်စီးဖြင့် မောင်းနှင်လာပြီး ကားပေါ်မှ ထွက်လာပြီးနောက် အိတ်ကြီးနှစ်အိတ်ကို ကားပေါ်တွင်တင်ကာ ချင်ရှီးကို ကူညီရန် ရောက်လာသည်။

"ဟေး..."

ချင်ရှီးသည် မတ်တပ်ထရပ်ကာ ခြေထောက်ကိုမြှောက်လျက် ကားပေါ်သို့ ခုန်တက်တော့မည်ဖြစ်သော်လည်း နောက်ဆုံးတွင် သူမသည် လှည့်ကာ လေထဲသို့ မြင့်တက်သွားခဲ့သည်။

လုကျဲ့ထျန်းက သူမအား အလျားလိုက် ပွေ့ဖက်ထား၏။ ရုတ်တရတ် ပွေ့ဖက်မှုက ချင်ရှီးကို တုန်လှုပ်သွားစေခဲ့သည်။ သူမ မသိစိတ်က လုကျဲ့ထျန်းရဲ့လည်ပင်းကို ပွေ့ဖက်လိုက်ပြီး အာမေဋိတ်လေးတစ်ခု ထုတ်လိုက်သည်။

ဖက်ခံထားရသော လုကျဲ့ထျန်းသည် တစ်ကိုယ်လုံး အေးခဲသွားသော်လည်း ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်လာပြီး သူမက ဘာအမှားမှ သတိမထားမိလိုက်ပေ။ လုကျဲ့ထျန်းက ချင်ရှီးကို ပွေ့ဖက်လိုက်ပြီး နောက်ထိုင်ခုံပေါ် ညင်သာစွာ ဂရုတစိုက် ချထားကာ မောင်းထွက်လာခဲ့သည်။

ဒါပေမဲ့လည်း ကြည့်ရှုသူတွေကတော့ တစ်နေရာတည်းမှာရပ်ကာ ဆက်လက်ဆွေးနွေးနေဆဲပင်။

_***_

၈၀ ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Where stories live. Discover now