အပိုင်း (၆၈)
ချင်ရှီးသည် လုကျဲ့ထျန်းကို အကြာကြီးသိခဲ့ပြီး ယခုအကြိမ်သည် သူမနှင့် ယခုလို ရင်းနှီးစွာထိကပ်ဆက်ဆံသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ သူမသည် နောက်ထိုင်ခုံပေါ်မှီကာ အနည်းငယ် မှိန်းနေသည်။
လုကျဲ့ထျန်းက လူတွေကို တကယ့်လုံခြုံမှုကို ပေးနိုင်တယ်ဆိုတာ ငြင်းစရာမလိုပါဘူး။
ချင်ရှီးသည် ယခုပင် သူ့ရင်ခွင်၌မှီနေစဉ် မာကျောသောကြွက်သားများနှင့် နွေးထွေးသော ပွေ့ဖက်မှုတို့ကို ရှင်းရှင်းလင်းလင်း တွေးတောနေခဲ့မိသည်။
ချင်ရှီးသည် လုကျဲ့ထျန်းအားကြည့်ရင်း အရှုပ်အထွေးကြားထဲမှ ကယ်တင်ရှင်လူစွမ်းကောင်းများအကြောင်း တွေးနေမိကာ တောင်စဉ်ရေမရအတွေးများအား အမှန်တကယ်ပင် ထိန်းချုပ်မရနိုင်ခဲ့ပေ။
'သူမ အရမ်းစိတ်လှုပ်ရှားနေပြီ' ဟုလှိုက်လှိုက်လှဲလှဲတွေးကာ ဆေးရုံရောက်လာခဲ့သည်။
လုကျဲ့ထျန်းသည် ကားပေါ်မှဆင်းပြီးနောက် ကားနောက်ခန်းတံခါးကိုဖွင့်ကာ ဝင်လာရန် ခါးကိုငုံ့ကာ ချင်ရှီးကို သဘာဝကျကျပင် ကောက်ချီလိုက်ပြီး တံခါးကို ခြေထောက်ဖြင့်ပိတ်လျက် ဆေးရုံဆီသို့ လျှောက်သွားလိုက်သည်။
ချင်ရှီးသည် လုကျဲ့ထျန်း၏ အလွန်ကောင်းမွန်သောမေးရိုးနှင့် ကိုယ်အနေအထားကိုကြည့်ကာ အနည်းငယ် မျက်တောင်ခတ်လိုက်သည်။
လုကျဲ့ထျန်းသည် ရုပ်ရည်ကောင်းမွန်သူဖြစ်သည်။ အချိန်အတော်ကြာ အတူနေပြီးနောက် ချင်ရှီးသည် လုကျဲ့ထျန်းက ယုံကြည်စိတ်ချရပြီး တည်ငြိမ်ကာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ကြောင်း သိမြင်နိုင်သည်။
ဒါကိုစဉ်းစားရင်း ချင်ရှီးက လုကျဲ့ထျန်း၏လည်ပင်းကို သိုင်းဖက်ပြီး ရင်ဘတ်ပေါ် ခေါင်းတင်ထားလိုက်သည်။
ဟုတ်ပါသည်။ သူ့ကြွက်သားတွေ တင်းခနဲဖြစ်သွားတာကို ချက်ချင်းခံစားလိုက်ရသည်။
ချင်ရှီးသည် သူမ၏ အပြုံးကို ဖုံးကွယ်ရန် မျက်လွှာကို နှိမ့်ချလိုက်သည်။ လုကျဲ့ထျန်းက သူမကို သဘောကျနေကြောင်း သူမ သိသော်လည်း မသိဟန်ဆောင်ကာ တုံ့ပြန်ခြင်းမရှိခဲ့ပေ။
ဤအခိုက်အတန့်တွင် သူမသည် သူ့ကို အနည်းငယ် သဘောကျသွားပြီး ချစ်မိသွားစေရန် စိတ်ကူးရှိခဲ့သည်။
'သိပ်မကြိုက်ပေမဲ့ (သူက)တော်တော်ကောင်းတယ်လို့ ထင်တာဘဲလေ'
ဒါပေမဲ့ သူမ စဉ်းစားကြည့်လိုက်တော့ သူတို့နှစ်ဦး ချစ်မိသွားရင် နောက်ပိုင်းမှာ ပြဿနာတွေရှိလာတဲ့အခါ ပုံမှန်ထက်ပိုပြီး ဒုက္ခများလာနိုင်ပါသည်။
ချင်ရှီးက စိတ်ထဲကနေ ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ခေါင်းကို လက်နှစ်ဖက်နှင့် အားပြု၍ ပြန်မော့လိုက်သည်။
'မေ့လိုက်ပါတော့ ဒီယောက်ျားအတွက် လောဘမတက်တာ ပိုကောင်းပါတယ်'
သူမ၏ခေါင်းကို အဝေးသို့ ရွှေ့လိုက်သည်ကို မြင်လိုက်ရသောအခါ လုကျဲ့ထျန်းသည် တင်းမာနေသော သူ၏ကြွက်သားများ ဖြေလျှော့သွားသော်လည်း အနည်းငယ် ပျောက်ဆုံးသွားသလိုခံစားရကာ စိတ်ပျက်သွားသည်။
ဒါပေမဲ့ အခုက ဒီအရှုပ်အထွေးတွေအကြောင်း စဉ်းစားရမဲ့အချိန်မဟုတ်သေးဘူး။ လုကျဲ့ထျန်းက သူမလက်မောင်းက ဒဏ်ရာကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက လေးနက်လို့သွားသည်။
လုကျဲ့ထျန်းသည် ယူနီဖောင်းကို ၀တ်ဆင်ထားသောကြောင့် ဆေးရုံရှိလူများက ကူညီရန် အလွန်စိတ်အားထက်သန်ကြသည်။ ဒဏ်ရာရသွားသောသူမှာ သူ၏ဇနီးဖြစ်သည်ကို သိပြီးနောက် ချက်ချင်းခေါ်ဆောင်သွားရန် သူနာပြုအား တောင်းဆိုခဲ့သည်။
လုကျဲ့ထျန်းသည် ဆေးရုံကုတင်ပေါ်တွင် ချင်ရှီးကို ပွေ့ဖက်ကာချထားလိုက်ပြီး ချင်ရှီး၏ ဘောင်းဘီကို ဂရုတစိုက် မြှောက်ကာ ခြေအိတ်များကို ညင်သာစွာ ဆွဲချလိုက်သည်။
"ဟစ်..."
ချင်ရှီးသည် နာကျင်မှုကို မခံနိုင်ပါ။
ဒဏ်ရာအားလုံးကို ဖော်ထုတ်လိုက်သောအခါ လုကျဲ့ထျန်းသည် သူမ၏ ပွန်းပဲ့နေပြီး ရောင်နေသော ခြေကျင်းဝတ်ကိုကြည့်ကာ သူ၏အမူအရာသည် အလွန်ရုပ်ဆိုးသွားသည်။
"ဒေါက်တာ ကျေးဇူးပြုပြီး ငါ့မိန်းမရဲ့ခြေထောက်ကို ကြည့်ပေးပါဦး"
ဆရာဝန်က အနားရောက်လာပြီး ချင်ရှီးရဲ့ ခြေကျင်းဝတ်ကို ဖိလိုက်ရာ ချင်ရှီးက ချက်ချင်း ထအော်လိုက်သည်။
လုကျဲ့ထျန်းက အလျင်စလိုပြောသည်။
" ကျေးဇူးပြုပြီး နူးညံ့ပေးပါ"
ဆရာဝန်က ကြင်နာစွာ ပြုံးပြသည်။
" မင်းတို့က ကြင်စဦးလေးလား။ မင်းတို့က ပေါင်းသင်းဆက်ဆံရေးကောင်းကြတဲ့ပုံဘဲ "
ချင်ရှီးရဲ့ခြေထောက်ပေါ် အချက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် နှိပ်နယ်ပေးသည်။
ချင်ရှီးသည် နာကျင်ခြင်းကြောင့် အေးစက်သော ချွေးများထွက်လာပြီး လုကျဲ့ထျန်း၏ လက်မောင်းကို အလိုအလျောက် ဆုပ်ကိုင်လိုက်သည်။ လုကျဲ့ထျန်းက နာကျင်တယ်လို့ မပြောပေမဲ့ မှုန်ကုပ်ကုပ်မျက်နှာနှင့် ဝမ်းနည်းမှုတွေ ပြည့်နှက်နေတဲ့ သူမမျက်နှာကိုကြည့်ပြီး လွှတ်ထားလိုက်သည်။
စစ်ဆေးမှုအပြီးတွင် ဆရာဝန်က ရှင်းပြသည်။
"ကြွက်သားအရွတ်တွေ စုတ်ပြဲသွားပေမဲ့ အရိုးတွေက ကောင်းနေသေးလား ဓာတ်မှန်ရိုက်ကြရအောင်"
ဆရာဝန်အနေဖြင့် သာမန်လူများဆိုလျှင် ဤသို့ပြောမည်မဟုတ်ပါ။ လုကျဲ့ထျန်းနှင့် ချင်ရှီးတို့၏ ဝတ်စားထားပုံက သာမန်အဆင့်မဟုတ်ကြောင်းသိနိုင်၍သာ။ တကယ်တော့ ဓာတ်မှန်ရိုက်ကူးရေးက ဈေးကြီးလှသည်မဟုတ်လား။
လုကျဲ့ထျန်းက တုံ့ပြန်လိုက်ပြီး ဓာတ်မှန်ရိုက်ရန် ချင်ရှီးကို သူ့ရင်ခွင်ထဲသို့ထည့်ကာ သယ်ဆောင်သွားသည်။
ဆရာဝန်က သူနာပြုကို ဘီးတပ်ကုလားထိုင် ယူလာခိုင်းဖို့ ပြောရန်ပြင်ပေမဲ့ အဲ့ဒီလူကတော့ သူ့အမျိုးသမီးကို ပွေ့ဖက်ပြီး ထွက်သွားလေပြီ။
"ကျွတ်....အခုခေတ် လူငယ်တွေ..."
ဆရာဝန်ကြီးသည် ခေါင်းယမ်းကာ လက်ကိုဆေးပြီး ပိုးသတ်ရန် ထွက်သွားသည်။
ဒီခေတ်ကလူတွေဟာ အများအားဖြင့် တစ်ဦးတည်းနေတတ်ကြကာ စုံတွဲတွေတောင်မှ ရှေးရိုးဆန်ကြပြီး လူအများကြားထဲမှာ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိသလောက်ပါဘဲ။
ယခု လုကျဲ့ထျန်းသည် ချင်ရှီးကို လှေကားအတက်အဆင်းအတွက် သယ်သွားပြီး လူတိုင်း၏အာရုံကို စွဲဆောင်သွားကာ အခြေခံအားဖြင့် လူတိုင်းက သူတို့ကို ကြည့်နေပေလိမ့်မည်။
ချင်ရှီးသည် အရေထူပြီး ဤအရာများကို ဂရုမစိုက်သည့်တိုင် တောက်လောင်နေကြသောစိတ်အားထက်သန်မှုနှင့် အတင်းအဖျင်းပြောဆိုမှု သို့မဟုတ် အထင်အမြင်သေးရှုံ့ချခြင်းများကြောင့် သူမ အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့ရသည်။
"ငါ့ကို ဘီးတပ်ကုလားထိုင် ဒါမှမဟုတ် ထောက်ဖို့တုတ်တစ်ချောင်းဘဲရှာပေးပါ"
ဓာတ်မှန်ရိုက်ပြီးနောက် တံခါးဝမှာ စောင့်နေတဲ့ လုကျဲ့ထျန်းအား ချင်ရှီးက လက်မောင်းကို ညင်သာစွာ လှမ်းဆွဲလိုက်သည်။
လုကျဲ့ထျန်းက တကယ်တော့ မသွားချင်ပါဘူး။ သူဒီလိုဘဲ သူမကို ပွေ့ဖက်ချင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာလည်း သူသိထားတာကြောင့် ခေါင်းညိတ်ပြရုံသာရှိသည်။
"မင်း ဒီမှာထိုင်ပြီး အနားယူလိုက်ပါ။ မကြာခင် ငါလာခဲ့မယ်"
ချင်ရှီးက နာခံမှုဖြင့် ခေါင်းညိတ်ကာ လုကျဲ့ထျန်းထွက်သွားသည်ကို ကြည့်နေသည်။
သိပ်မကြာခင်မှာဘဲ လုကျဲ့ထျန်းက ဘီးတပ်ကုလားထိုင်ကို တွန်းပြီး ပြန်လာခဲ့သည်။
နှစ်ယောက်သား ဆရာဝန်ကို ထပ်တွေ့ဖို့ အောက်ထပ်ကို ဆင်းသွားကြသည်။ ဆရာဝန်က သေသေချာချာကြည့်ပြီးနောက် သူကထပ်ပြောသည်။
“အရိုးက ကောင်းပေမဲ့ ကြွက်သားအရွတ်က နည်းနည်းတော့ စုတ်သွားပြီဆိုတော့ မင်းကို ပလာစတာနဲ့(ပတ်တီးနှင့်) လဝက်လောက်ထားပြီး ပြန်စစ်မယ်”
လုကျဲ့ထျန်းနှင့် ချင်ရှီးတို့နှစ်ယောက်လုံး အရိုးများကောင်းမွန်ကြောင်း သေချာမှ သက်ပြင်းချလိုက်ကြသည်။
ဆရာဝန်က ချင်ရှီးရဲ့ခြေထောက်တွေကို သေချာပြုစုပေးပြီး ချင်ရှီးရဲ့လက်တွေကို သန့်စင်ပေးကာ ခြစ်ရာရှရာတွေကို ကုသပေးသည်။
"ဒါက ဆေးပါ။ နေ့တိုင်းလဲပေး ရေမထိပါနဲ့။ မင်းခြေထောက်ကိုသုံးပြီး မတ်တပ်မရပ်ရဘူး။ လမ်းလျှောက်ဖို့ တုတ်ကိုသုံးရမယ်..."
သူနာပြုက မှာကြားသည်။
ချင်ရှီးသည် ပြောပြတာကို သေသေချာချာနားထောင်သည်။ လုကျဲ့ထျန်း၏ အမူအရာသည် ချင်ရှီးထက် ပိုလေးနက်ပြီး သူ့ဘေးနားရှိ သူနာပြုများနှင့် ဆရာဝန်များကို မနာလိုဖြစ်မိစေသည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် အားလုံး ဖြေရှင်းနိုင်ခဲ့ပေပြီ။
လုကျဲ့ထျန်းသည် ချင်ရှီးအား ခရိုင်ရဲစခန်းသို့ ဒဏ်ရာအကဲဖြတ်ချက်နှင့် ဆေးဘက်ဆိုင်ရာငွေတောင်းခံလွှာများကဲ့သို့သော ပစ္စည်းမျိုးစုံဖြင့် ခေါ်ဆောင်သွားခဲ့သည်။
အချိန်အတော်ကြာစောင့်ဆိုင်းနေသော ဟေးဟူးနှင့် ရဲများသည် သူတို့အား မှတ်စုရေးရန် အလျင်အမြန်ခေါ်၍ အခြေအနေအသေးစိတ်မေးမြန်းပြီးနောက် စာရင်းကို မှတ်တမ်းတင်ရန် သိမ်းဆည်းခဲ့ကြသည်။
သူခိုးသည် ငွေအမြောက်အမြား ဒဏ်ကြေးပေးဆောင်ရရုံသာမကဘဲ ခဏတာ အကျဉ်းချခံခဲ့ရပြီး ဥပဒေအရလည်း အပြစ်ပေးခံခဲ့ရသည်။
စီရင်ချက်သည် အလွန်တင်းကျပ်သော်လည်း ချင်ရှီးသည် လုံးဝမပျော်ရွှင်နိုင်ခဲ့ပါ။
ခြေထောက်ဒဏ်ရာရပြီးနောက် ရွေ့လျားရန် အဆင်မပြေသလို အလုပ်သွားရန်နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်လည်း အဆင်မပြေသောကြောင့် အလွန်နှောင့်နှေးစေလိမ့်မည်။
သို့သော် နည်းလမ်းမရှိပြီ။ ချင်ရှီးက သက်ပြင်းချကာ အခြေအနေကို လက်ခံခဲ့လိုက်ရသည်။
ဒီကိစ္စပြီးသွားတော့ နေ့လည် ၃ နာရီလောက်ရှိနေပြီဖြစ်ကာ ချင်ရှီးဟာ ဆာလောင်လို့သေလုနီးပါး ဖြစ်နေပါပြီ။
"ငါ ဗိုက်အရမ်းဆာနေပြီ။ ကျဲ့ထျန်း... ဝက်သားနဲ့ပေါင်းထားတဲ့ ပေါက်စီနှစ်ခု ဝယ်ပေးနော်။ နင်ရော နေ့လည်စာ စားပြီးပြီလား"
"မရီး...ခဏစောင့် ငါ မင်းအတွက် မုန့်တွေဝယ်ပေးမယ်"
ဟေးဟူးသည် ပြောပြီးသည်နှင့် ကားပေါ်မှ အမြန်ဆင်းလိုက်သည်။
ချင်ရှီးသည် လုကျဲ့ထျန်းကို ဘေးတိုက်ကြည့်ကာ မေးသည်။
" ငါဒီနေ့ပြန်လာခဲ့မယ်လို့ဘဲပြောထားတာလေ။ ဒါပေမဲ့ ဘယ်အချိန်မှာ ပြန်လာမယ်ဆိုတာတော့ အတိအကျမပြောထားဘူး။ တကယ်လို့ ငါက ညမှ ပြန်လာရင် ဘယ်လိုလုပ်မလဲ"
လုကျဲ့ထျန်းက ဂရုမစိုက်ဟန်နှင့် သဘာဝကျကျပြောသည်။
" အဆင်ပြေပါတယ်။ ငါစောင့်နေမှာပေါ့"
ချင်ရှီးက သူစကားပြောတာကိုကြားတော့ စိတ်ထဲမှာ ခံစားလိုက်ရသည်။
ဟေးဟူးပြန်ရောက်လာပြီး ချင်ရှီးသည် ပေါက်စီကိုယူကာ လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် စတင်စားလိုက်သည်။
"ဒီပေါက်စီကြောင့် ငါ လုယက်ခံရပြီး ဒဏ်ရာရသွားတာ"
ချင်ရှီးက ပေါက်စီကို ပြင်းပြင်းထန်ထန် ကိုက်လိုက်ကာ ဒေါသကို ထုတ်ဖော်လိုက်သည်။
လုကျဲ့ထျန်းက ရယ်မောပြီး အစောကတည်းက သူပြင်ဆင်ထားတဲ့ရေကို ထုတ်ယူပြီး အချိန်မရွေးသောက်နိုင်ဖို့ အဆင်သင့်လုပ်ထားသည်။
"မင်းပေါက်စီတွေ မဝယ်ရင်တောင် သူက မြန်မြန်ဆန်ဆန် လုယက်နိုင်ဖို့ အခွင့်အရေးရလိမ့်မယ်"
ချင်ရှီးက အော်ဟစ်လိုက်သည်။
"ဒီမှာ တရားဥပဒေစိုးမိုးမှု မကောင်းဘူး။ ကောင်းကင်ကြီးက တောက်ပနေဆဲဖြစ်တဲ့ နေ့ခင်းကြောင်တောင်မှာ လူရှေ့သူရှေ့ လုယက်သွားတာ"
ဟေးဟူးကလည်း ဝင်ပြောသည်။
"ဟေး...တကယ်တော့ ဒီနေရာက တရားဥပဒေစိုးမိုးရေးက တော်တော်ကောင်းတယ်။ ငါတို့ရဲ့ မွေးရပ်မြေဆို တော်တော်လေးရှုပ်ထွေးလို့ ကောင်မလေးတွေ တစ်ယောက်တည်း မသွားရဲကြဘူး"
ချင်ရှီးက အံ့အားသင့်သွားသည်။
"တကယ်လား"
"တကယ်ပါ မရီး။ ငါ မင်းကို ပြောပြပါရစေ..."
ဟေးဟူးသည် လေအိုးတစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် ချင်ရှီးက ပြဿနာကို ထုတ်ဖော်ပြောဆိုသောအခါတွင် သူသည် မရပ်မနား ပြောဆိုလာကာ လုကျဲ့ထျန်းကလည်း ရံဖန်ရံခါ စကားအနည်းငယ်ဝင်ပြောကာ နေရာမျိုးစုံနှင့် မြင်ကွင်းများအကြောင်း ပြောဆိုလျက် ချင်ရှီးမှာ ခဏတာ အံ့ဩသွားခဲ့သည်။
အိမ်ပြန်ရောက်တော့ ဘေးအိမ်မှာ ဆော့နေကြတဲ့ နဂါးနှင့်ဖီးနစ်တို့က ကားသံကြားတော့ ထိတ်လန့်တကြားနှင့် မိခင်ကိုခေါ်ဖို့ ချက်ချင်း ပြေးထွက်လာကြသည်။
"မေမေ...မေမေ"
"မေမေ ပြန်လာပြီလား"
နဂါးနှင့်ဖီးနစ်တို့သည် ကားဘေးနားသို့ ပြေးသွားသောအခါ လက်များ၊ ခြေထောက်များကို ပတ်တီးစီးထားသော ချင်ရှီးအား လုကျဲ့ထျန်းက ကူတွဲထားသည်ကို တွေ့လိုက်ရသည်။
"မေမေ..."
ဖျင်ဖျင်သည် ချင်ရှီး၏ သနားစရာကောင်းသော အသွင်အပြင်ကြောင့် ထိတ်လန့်သွားပြီး မဝံ့မရဲ အော်လိုက်သည်။
"မေမေ ဘာဖြစ်တာလဲ ဒဏ်ရာရလာတာလား"
အန်အန်းက ချင်ရှီးရဲ့ နံဘေးကို ရွှေ့လိုက်ပြီး သူမကို ဆွဲချင်ပေမဲ့ ချဉ်းကပ်ဖို့ မဝံ့မရဲဖြစ်ကာ သူမ မျက်လုံးထဲမှာ မျက်ရည်တွေ ချက်ချင်းစီးကျလာသည်။
ဒီကလေးနှစ်ယောက်ရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ ချင်ရှီးက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"နေကောင်းပါတယ်။ ငါလဲကျသွားလို့ ခဏနေရင် ကောင်းသွားလိမ့်မယ်"
"တကယ်လား"
နဂါးနှင့်ဖီးနစ်တို့က သူမကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
ချင်ရှီး : "တကယ်ပါ။ မင်းတို့ ငါ့ကိုမယုံရင် မင်းအဖေကိုမေးလို့ရတယ်"
အမြွှာနှစ်ယောက်က လုကျဲ့ထျန်းကို ကြည့်သည်။
လုကျဲ့ထျန်း :"တကယ်ပါ။ မင်းတိုု့အမေကို အိမ်ထဲဝင်ဖို့ အရင်ပြော။ ဒီတိုင်းမနေနိုင်တော့ဘူး"
အာမခံချက်ရလိုက်မှသာ အမြွှာနှစ်ယောက် စိတ်သက်သာရာရပြီး လမ်းဖွင့်ဖို့ ချက်ခြင်းပဲ ရှေ့ကို ပြေးသွားသည်။
ဖျင်ဖျင်က တံခါးကန့်လန့်ကာကို ထိပ်ဖျားမှာတင်လိုက်သည်။
"မေမေ လာပါ"
အန်အန်းက တံခါးကို ကျယ်ကျယ်ဖွင့်လိုက်ပြီး အသံကြားတော့ ထွက်လာတဲ့ကြောင်ကို လှမ်းဆွဲပြီးတားလိုက်သည်။
"မေမေ တံခါးခုံကို သတိထားပါ။ ဖေဖေ မေမေ့ကို ကူညီပါ ပြုတ်မကျပါစေနဲ့"
ချင်ရှီးက သူတို့နှစ်ယောက်၏ ချစ်စရာကောင်းပြီး ဥာဏ်ရည်ထက်မြက်တဲ့ပုံကိုကြည့်ရင်း သဘောကျနေ၏။
"ကောင်းပြီ စိတ်မပူကြနဲ့။ ငါ သတိထားလိုက်မယ်"
လုကျဲ့ထျန်းက ချင်ရှီးကိုစိုက်ကြည့်နေရင်း သူမ မျက်လုံးများသည် ကလေးများနှင့်ပြည့်နေပြီး သူ့ကို လုံးဝဂရုမစိုက်ကြောင်းတွေ့ရကာ စိတ်ထဲမှာ သက်ပြင်းချမိသည်။
_***_