အပိုင်း (၃၃)
လုကျဲ့ထျန်းသည် ဌာနချုပ်သို့ အမြန်ပြေးသွားခဲ့သည်။
တံခါးမှထွက်လာသော ခေါင်းဆောင်လဲ့သည် လုကျဲ့ထျန်းကိုမြင်လိုက်သည်။
"ဘာလို့ ကားငှားထားတာလဲ။ အစည်းအဝေးမှာ မင်းကိုမတွေ့ပါဘူး"လုကျဲ့ထျန်း စကားမပြောရသေးခင်မှာ ကြီးကြပ်ရေးမှူးက သူ့ကိုဖုန်းဆက်သည်။
"လုကျဲ့ထျန်း ပြန်လာပြီလား။ မြန်မြန်လာခဲ့တော့"
"ဟုတ်ကဲ့"
လုကျဲ့ထျန်းက အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီး ခေါင်းဆောင်လဲ့ကို ခေါင်းညိတ်ပြပြီး အစည်းအဝေးခန်းထဲကို သွားလိုက်သည်။ခေါင်းဆောင်လဲ့သည် ပိတ်သွားသော တံခါးကို သူ့မျက်နှာမှာ မမြင်နိုင်သော အမူအရာဖြင့် ကြည့်နေသည်။
'ဒါက ဘယ်လိုသဘောထားလဲ။ သူတို့နှစ်ယောက်က ရာထူးတစ်တန်းတည်းဖြစ်နေရင်တောင် သူက စီနီယာလည်းဖြစ်သည်မဟုတ်လား။ အကျင့်ပျက်ပြီး ဘာမှမထူးခြားသလို လာဆက်ဆံနေတယ်ပေါ့လေ'
သူသည် အသက်လေးဆယ်ကျော်တွင် တပ်ရင်းမှူးအဖြစ် ရာထူးတိုးခံခဲ့ရသော်လည်း လုကျဲ့ထျန်းသည် အသက်နှစ်ဆယ်ကျော်တွင် ရာထူးတိုးခံခဲ့ရပြီး တပ်ထဲတွင် အများက သူ့ကို မနာလိုဖြစ်ကြသည်။ ဒါပေမဲ့ လူတိုင်းမှာ တကယ့်အရည်အချင်းတွေရှိသည်မို့ လူတိုင်းက မနာလိုပေမဲ့ သူ့ကို ယုံကြည်နေကြဆဲပင်။ခေါင်းဆောင်ခယ်လဲ့သည် အနည်းငယ် မသက်မသာခံစားနေရသည်။
'သူက စက်ယန္တရားနှင့်နည်းပညာကျွမ်းကျင်တာလေးဘဲကို။ ဘာကြောင့် သူ့ကို ဒီလောက် တန်ဖိုးနေကြတာလဲ'
တစ်နည်းအားဖြင့်ဆိုရသော် ဘယ်သူကမှ အလိုအလျောက် ထူးချွန်နေသူ မဟုတ်ပါဘူး။ သူ့တာဝန်ကို ထမ်းဆောင်နေချိန်က သူ့ကိုယ်သူ ဘယ်တော့မှ လျော့ပေါ့မထားဘဲ အရာရာကို အလေးအနက်ထားလုပ်သည်။တက္ကသိုလ်တက်ပြီး နည်းပညာကို နားလည်သဘောပေါက်တာက မင်းမှာ အရည်အချင်းရှိသည်ဟု ဆိုလိုခြင်းပေလား။
ခေါင်းဆောင်လဲ့သည် ထိုအရာများကို အမှန်တကယ် နားမလည်နိုင်၊ မလေ့လာနိုင်ဟု တွေးကာ သက်ပြင်းချလျက် ထွက်ခွာသွားသည်။