အပိုင်း (၇၀)
ချင်ရှီးတို့နှစ်ဦးသည် ဤဆက်ဆံရေးအလွှာကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးနောက် လုကျဲ့ထျန်းသည် သူ့အတွေးများကို ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ ချင်ရှီး၏ နံဘေးသို့ နေ့တိုင်းသွားကာ သူမအား စကားပြောရင်း အလုပ်ကူပေးသည်။
ချင်ရှီး အလုပ်များနေလျှင်ပင် လုကျဲ့ထျန်းက သူမဘေးတွင်ထိုင်ပြီး သူမကိုကြည့်နေတတ်ကာ ချစ်စိတ်ပြင်းပြသောမျက်လုံးများက သူမကို ပူလောင်လုနီးပါးဖြစ်စေသည်။
လုကျဲ့ထျန်းဟာ ဒီလိုပုံစံမျိုးဖြစ်လာလိမ့်မယ်လို့ ချင်ရှီး မမျှော်လင့်ထားခဲ့ပါဘူး။ ပုံမှန်အားဖြင့်တော့ သူက သနားစရာပုံပေါက်ပေမဲ့ အခုတော့ သူအရမ်းစိတ်အားထက်သန်လာခဲ့ပါပြီ။
ဒါပေမဲ့ လုကျဲ့ထျန်းက တခြားဘာမှ လွန်လွန်ကျူးကျူးမလုပ်ခဲ့ပါဘူး။ အိမ်မှုကိစ္စကူလုပ်ရုံနှင့် သူမ အကြိုက်ဆုံးအစားအစာများကိုဝယ်ပေးပြီး နံဘေးတွင်နေကာ အရူးအမူး စိုက်ကြည့်နေတာကလွဲလို့ တခြားလွန်ကဲတဲ့ အပြုအမူတွေ မရှိပါဘူး။
နေ့ရက်တွေက တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားပြီး တစ်ပတ်ကြာတဲ့နောက် ချင်ရှီးဟာ အလုပ်သွားရာလမ်းမှာ လီချန်းချန်နှင့် ထပ်ဆုံသည်။
"ဟေး တိုက်ဆိုင်လိုက်တာ"
လီချန်းချန်သည် သူမလက်ထဲတွင် ဖတ်စာအုပ်ကိုကိုင်လျက် ချင်ရှီးဘက်သို့ ရွှေ့လာသည်။
ချင်ရှီးသည် သူမ၏မျက်နှာပေါ်တွင် ယဉ်ကျေးပြီး ခံစားချက်ကင်းမဲ့သော အပြုံးဖြင့် သူမကိုကြည့်နေ၏။
"ဒါက တိုက်ဆိုင်မှုတစ်ခုဘဲနော်"
'သူမကိုတားဖို့ သက်သက်စောင့်နေတာမဟုတ်လား... ရယ်စရာကောင်းလိုက်တာ'
လီချန်းချန်သည် ချင်ရှီးနှင့် ယဉ်ကျေးသော နှုတ်ခွန်းဆက်စကားအနည်းငယ်ပြောခဲ့ပြီး လုကျဲ့ထျန်းအကြောင်း ခေါင်းစဉ်ပြောင်းရန် ကြိုးစားနေသော်လည်း ချင်ရှီးကမဖြေဘဲနေရာ လီချန်းချန်က တိတ်တဆိတ် မုန်းတီးနေမိပြီး ခြောက်ကပ်ကပ်ရယ်၍သာ စကားပြောနေနိုင်ခဲ့သည်။
"စကားမစပ် ပေကျင်းမှာ ခေါင်းဆောင်လုရဲ့ ပညာရေးအစီအစဉ်က ဘာဖြစ်သွားလဲ။ သူ လက်ခံလိုက်ပြီလား"
ချင်ရှီးသည် သူမအား လုကျဲ့ထျန်းကို ဘာကြောင့် အရမ်းအာရုံစိုက်နေတာလဲလို့ မေးချင်ပေမဲ့ ပါးစပ်ကိုဖွင့်လိုက်တော့ ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး နှုတ်ခမ်းကထွက်လာတဲ့ စကားလုံးတွေ ပြောင်းသွားသည်။
"အဆင်ပြေပါတယ်။ ဒါက အရမ်းကောင်းတဲ့အခွင့်အရေးဘဲလို့ သူလည်းယုံကြည်ပါတယ်"
ချင်ရှီးက လီချန်းချန်ကို ပြုံးပြုံးရွှင်ရွှင်နှင့် ကျေးဇူးတင်ကြောင်းပြောသည်။
"အရင်က ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒါကို ငါမသိခဲ့ရဘူး"
"ဟေး...ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပါဘဲ”
လီချန်းချန်က သူမဘေးနားကို လူမိုက်တွေ တွန်းပို့လိုက်တဲ့ မူရင်းစာအုပ်ရဲ့ ဇာတ်ကွက်ကို သတိရသွားပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
လုကျဲ့ထျန်းသည် ရုပ်ချောပြီး တောက်ပသောအနာဂတ်ရှိကာ သူမမိသားစုအတွက် ကောင်းမွန်သည့်အပြင် သူ၏သားသမီးသုံးဦးစလုံးသည် အထူးကောင်းမွန်သောအနာဂတ်ရှိမည်ဖြစ်သဖြင့် သူ့ကို တစ်သက်လုံးလက်ထပ်ရန် စိတ်ပူနေစရာမလိုပါ။
အထောက်အပံ့ဖြစ်အောင် ကူညီပေးခဲ့တဲ့ ချင်ရှီးကို တကယ်ကျေးဇူးတင်မိသည်။ လီချန်းချန်က ချင်ရှီးကို လေးလေးနက်နက် ကြည့်လိုက်သည်။
"ငါ အတန်းတက်ရတော့မှာကြောင့် အရင်သွားတော့မယ်။ နောက်မှတွေ့မယ်နော်"
စကားပြောပြီးနောက် သူမ ထွက်သွားသည်။
ချင်ရှီးသည် လီချန်းချန်၏ စိတ်လှုပ်ရှားနေသောအကြည့်ကို ကြည့်နေသော်လည်း သူမမျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲပေ။
'လုကျဲ့ထျန်းမသွားဘူးဆိုတာကိုသိရင် မင်းဂုဏ်ယူနိုင်သေးလားဆိုတာ ကြည့်ကြရအောင်'
ချင်ရှီးသည် သူမ၏အကြည့်ကို ဆုတ်ခွာလိုက်ပြီး ချိုင်းထောက်ကိုမှီကာ သင်ကြားရေးအဆောက်အဦးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
လီချန်းချန် ပညာသင်မသွားခင်ကာလတစ်လျှောက်လုံး သူမကိုပြန်တွေ့ဖို့ အခွင့်အလမ်းနည်းသွားပြီဆိုတာကို သူမ သိလိုက်သည်။
သူမ ထွက်သွားချိန်မှာ လုကျဲ့ထျန်းကို မတွေ့ခဲ့ရဘူးဆိုလျှင် ဒီကိစ္စက ပြီးပြတ်သွားလေပြီ။ ဒါကို ပြောင်းလဲဖို့ မဖြစ်နိုင်တော့ပေ။ သူမ ဒေါသထွက်ရင်လည်း သူမ လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး။
ချင်ရှီးသည် နောက်ပိုင်းမျိုးဆက်များ၏ သီချင်းများကို မြူးမြူးကြွကြွညည်းရင်း သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုနက်ရှိုင်းလာသည်။
နောက်ထပ်သုံးရက်လောက်ကြာတော့ လီချန်းချန်ဟာ နောက်ထပ် လုံးဝမလှုပ်ရှားတော့ဘဲ ချင်ရှီးပြောသမျှကို တကယ်မစစ်ဆေးဘဲ ယုံကြည်နေပုံရသည်။
ဒါပေမဲ့ လီချန်းချန်၏ မျက်လုံးထဲမှာတော့ ချင်ရှီးက ဘာမှမဟုတ်ပါဘူး။ စာအုပ်တွေကနေတစ်ဆင့် ဇာတ်လမ်းကိုသိလာပြီး မာနကြီးကာ ဘဝင်မြင့်နေ၏။ ချင်ရှီးက သူမကိုလိမ်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါ။
အရာရာက ဒီလိုအလိုက်သင့်လေးတော့မဟုတ်ခဲ့ပါ။ ပညာသင်ခရီးစဉ် မထွက်ခွာခင်တစ်ရက်မှာ လီချန်းချန်က မစ္စတာလီ၏အိမ်မှာ ညစာစားပြီး လေ့လာရေးခရီးအကြောင်း ပြောကြသည်။
စကားစမြည်ပြောနေစဉ် မစ္စတာလီက လုကျဲ့ထျန်းအကြောင်းပြောသည်။
"သူက ချစ်စိတ်ပြည့်နေတဲ့ ကောင်လေးဖြစ်နေတုန်းလို့ ငါ မမျှော်လင့်ခဲ့မိဘူး။ နောက်ထပ် လေ့လာရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုကို သူ့ဇနီးရဲ့ ခြေထောက်ဒဏ်ရာကြောင့် သူ မသွားနိုင်တော့ဘူးတဲ့လေ။ ငါ သူ့ကို စည်းရုံးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့ပါသေးတယ်။ အကြိမ်ပေါင်းများစွာ စည်းရုံးပေမဲ့ သူက သဘောမတူဘူး။ နှမြောစရာပါဘဲ"
လီချန်းချန် အံ့ဩသွားသည်။
" လုကျဲ့ထျန်းက မသွားဘူးလား "
မစ္စတာလီရဲ့ဇနီးက အနည်းငယ် ခေါင်းညိတ်ပြပြီး လီချန်းချန်က စားလက်စ ပန်းသီးကို ပါးစပ်ထဲမှာ ဝါးဖို့မေ့သွားကာ သူမ အံ့ဩသွား၍ ဘာဖြစ်နေမှန်းမသိတော့ပေ။
"ရှောင်လုက လူကောင်းလေးပါ"
မစ္စတာလီ၏ဇနီးက ချီးကျူး၏။
"ရှောင်ချင်ရဲ့ခြေထောက်က ဒဏ်ရာရပြီး ဘာမှလုပ်ရတာအဆင်မပြေဘူး။ အိမ်မှာ ကလေးသုံးယောက်လည်းရှိတယ်။ ဒါကြောင့် ရှောင်လုက မသွားဘဲ အိမ်မှာဘဲနေမှာ သူက တာဝန်ကျေတဲ့သူပါ"
မစ္စတာလီက သူ့ဇနီး၏မျက်လုံးထဲက (သူ့ကို)အဆိုးမြင်တဲ့ပုံစံအား မြင်ပြီး အလျင်အမြန်ပြောလိုက်သည်။
"ဒါကိုဘဲ ငါပြောပြတာပါ။ ငါလည်း သူက ဆိုးတယ်လို့ မထင်ပါဘူး။ မင်း ဖြစ်နေတဲ့ ပုံစံကိုကြည့်စမ်းပါဦး"
မစ္စတာလီ၏ဇနီးက မစ္စတာလီကို တစ်ချက်ကြည့်လိုက်သည်။
မစ္စတာလီက ထိုအကြည့်ကို ချက်ချင်းချေပသည်။
"ငါက ဘာဖြစ်နေလို့လဲ။ မင်းသိတဲ့အတိုင်းဘဲ ငါကအလုပ်ရှုပ်ပြီး အိမ်မပြန်နိုင်ရုံပါ"
မစ္စတာလီ၏ဇနီး : "သမီးလေး နောင်လက်တွဲဖော်ရှာတဲ့အခါ မင်းအဖေလိုလူကို မရှာနဲ့။ မင်းက တစ်ယောက်ယောက်ကို ရှာချင်ရင် ရှောင်လုလို မိသားစုကို ဂရုစိုက်တဲ့သူကို ရှာကြည့်စမ်းပါ"
မစ္စတာလီ : " သူ့ကိုဘဲ ချီးကျူးလိုက်ပါလား။ ဘာလို့ ငါ့ကို ဆွဲထည့်ရတာလဲ... "
မစ္စတာလီတို့က စကားစမြည်ပြောနေကြစဉ် ထောင့်မှာထိုင်နေတဲ့ လီချန်းချန်ဟာ စားပြီးတဲ့ ပန်းသီးတစ်ခြမ်းကို ကိုင်ထားရင်း မျက်လုံးတွေ မှိန်ဖျော့သွားပြီး သူမဟာ စိတ်ရှုပ်ထွေးနေသည်။
'လုကျဲ့ထျန်းက မသွားဘူးတဲ့။ ချင်ရှီးက သူမကို လိမ်ညာခဲ့တာဘဲ။ သူ(မ)ဘာလို့ ငါ့ကိုလိမ်ခဲ့တာလဲ'
'ဇာတ်လိုက်မင်းသားက မသွားဘူးဆိုတော့ ဇာတ်လမ်းကရော...။ ဒီအခွင့်အရေးကိုမရရင် သူ(မ)ဘယ်လိုလက်ထပ်ရမလဲ'
လီချန်းချန်၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာပြီး သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
'လေ့လာရေးအစီအစဉ်က သဘက်ခါထွက်ရတော့မယ်။ စာရင်းတွေက ပြည့်နေပြီ။ သူလိုက်ဖို့ အခွင့်အရေးရှိနိုင်သေးရဲ့လား'
အရှုံးမပေးချင်သော လီချန်းချန်သည် နောက်နေ့နံနက်စောစောတွင် လုကျဲ့ထျန်း၏အိမ်သို့သွားခဲ့သော်လည်း နောက်ဆုံးတွင် အိမ်တွင်မည်သူမျှမရှိခဲ့ပေ။
ဘေးအိမ်က အန်တီကျောင်းက အပြင်က လှုပ်ရှားမှုကိုကြားတော့ ထွက်လာပြီး လီချန်းချန်ကို ပြောပြသည်။
"ရှောင်ချင်နဲ့ သူတို့မိသားစုက ကျောက်ပတ်တီးတွေဖယ်ပြီး ကလေးတွေကို ဆော့ကစားဖို့ ခေါ်သွားကြတာ။ မင်း သူတို့ကို မေးစရာရှိသေးရင် ရက်အနည်းငယ်ကြာမှ ပြန်လာခဲ့လိုက် "
လီချန်းချန်၏ စိတ်တွေ အေးခဲသွားရသည်။ ဟုတ်ပါသည်။ မနက်ဖြန် မနက်စောစော လေ့လာရေးအဖွဲ့က ထွက်ခွာလိမ့်မည်။ ရက်အနည်းငယ်အတွင်းမှပြန်လာမည့် သူတို့ကို ဘယ်လိုမှီအောင်လုပ်ရမည်နည်း။
သူမသည် ထိုနေရာတွင် အကြာကြီးရပ်နေကာ နောက်ဆုံးတွင် သူမ၏လက်များကို ဆုပ်လိုက်ပြီး စိတ်ပျက်အားငယ်မှုက မျက်နှာပေါ်တွင် ကျန်ရစ်ခဲ့သည်။
ဒီအခြေအနေအထိ ရောက်နေပြီ။ ဘာဘဲဖြစ်ဖြစ် သူမ လုပ်သမျှက အသုံးမဝင်တော့ပါဘူး။ သူမ အရင်ဦးစွာ လေ့လာရေးပညာသင်သွားပြီး နောက်ပိုင်းမှာ အစီအစဉ်တွေ ရေးဆွဲနိုင်ပါလိမ့်မည်။
... ... ...
လီချန်းချန်က သူတို့ကို တွေ့ဖို့ လာတာကို ချင်ရှီးကတော့ မသိခဲ့ပါဘူး။
"ဒီနေ့ ကျောက်ပတ်တီးတွေကို ဖယ်ပြီးရင် မေမေ့ခြေထောက်တွေ ကောင်းသွားပြီလား"
အန်အန်းက ချင်ရှီးရဲ့ ပေါင်ကို ဆုပ်ကိုင်ထားပြီး သူမ ဘယ်လောက် လေးနက်တဲ့ပုံပေါက်နေတယ်ဆိုတာ ပြောစရာပင်မလိုပါ။
"ဟုတ်တယ် ငါ အခု လမ်းလျှောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ အများကြီး လမ်းမလျှောက်နိုင်သေးဘူး။ မပြေးနိုင်ဘူး။ ခုန်လို့မရဘူး။ ခဏလောက်တော့ ဂရုစိုက်ရမယ်"
ချင်ရှီးသည် အန်အန်း၏ ခေါင်းလေးကို ထိလိုက်သည်။
ဖျင်ဖျင်က ချင်ရှီး၏ခြေထောက်တွေကို ကြည့်ပြီးပြောသည်။
"ကောင်းပြီ မေမေ ပြေးတာခုန်တာမျိုး မလုပ်မိအောင် သား ကြီးကြပ်ပေးမယ်"
ချင်ရှီးက ဖျင်ဖျင်၏ မျက်နှာလေးကို ညင်သာစွာ ညှစ်လိုက်သည်။
"ကောင်းပြီ ဒါဆို ငါ မင်းကို ဒုက္ခပေးရမှာဘဲ"
ဖျင်ဖျင်က သူ့မျက်လုံးတွေကိုတစ်ချက်မှိတ်ပြီး ချင်ရှီးကို စိုက်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက အထင်ကြီးလေးစားမှုတွေအပြည့်နှင့်ရှိနေသည်။
"ဒါက ဒုက္ခမဟုတ်ပါဘူး"
ခရီးသည်ထိုင်ခုံပေါ်ရှိ ကုချင်းဟိုင်က သူတို့ရဲ့ချစ်စဖွယ်အသွင်အပြင်ကို ကြည့်ပြီး အကြာကြီး ဘေးကကြည့်နေရတာကို သည်းမခံနိုင်တော့ပေ။
" အိမ်မှုကိစ္စတွေကို ကျွန်တော်ကူညီပေးမယ်”
ပြောပြီးနောက် သူအနည်းငယ်ရှက်ကာ အဆင်မပြေဖြစ်သွားပြီး ချက်ချင်းပင် ခေါင်းကိုလှည့်လိုက်သည်။
သူ့ရဲ့ မာနကြီးတဲ့ အသွင်အပြင်ကို မြင်တော့ ချင်ရှီးက မရယ်နိုင်ဘဲ မနေနိုင်တော့ချေ။
"ကောင်းပြီ ကျေးဇူးတင်ပါတယ် ရှောင်ဟိုင်။ မင်း ဒီအချိန်မှာ အရမ်းတော်တဲ့ အလုပ်ကို လုပ်ခဲ့တယ်။ နောက်မှ မင်းလိုချင်တဲ့ လက်ဆောင်တွေ ငါဝယ်ပေးလို့ရတယ်"
"ငါတို့လည်း လိုချင်တယ်။ ငါတို့လည်း အရမ်းကောင်းပါတယ် မေမေ...."
အမြွာများက ချင်ရှီး၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်ကာ ပျက်စီးသွားသော ကလေးတွေလို အရူးအမူး ဖြစ်နေကြသည်။
ချင်ရှီး : " ငါ့မှာ အများကြီးရှိတယ်။ မင်းတို့နှစ်ယောက် ဘာလိုချင်လဲ "
" သမီးက ၀တ်စုံအသစ် လိုချင်တယ် "
အန်အန်းက သူမလက်ကို အရင်ဆုံး မြှောက်လိုက်သည်။
"ကျွန်တော်က အရောင်စုံရှိတဲ့ခဲတံတွေကို လိုချင်တယ်"
ဖျင်ဖျင်က ချင်ရှီးကို မျှော်လင့်တကြီး ကြည့်နေသည်။
"ကိစ္စမရှိပါဘူး"
ချင်ရှီးက ကုချင်းဟိုင်ကိုကြည့်သည်။
"ရှောင်ဟိုင် မင်းက ဘာလိုချင်လဲ"
ကုချင်းဟိုင်သည် အစတုန်းက ဘာမှ မလိုချင်ပေမဲ့ ဒီအရှက်မရှိတဲ့အမြွှာလေးနှစ်ယောက်က ချင်ရှီးကို နှောင့်ယှက်ပြီး သူ့ကို ပုတ်ခတ်နေကြတာကို မြင်လိုက်ရပြီးနောက် သူတို့ကို အရမ်းချစ်ပြီး ပွေ့ဖက်ထားသည်အား မနာလိုဖြစ်နေမိ၏။
“ကျွန်တော့်ကို အင်္ဂလိပ်လို သင်ပေးစေချင်တယ်”
"ဟမ်”
ချင်ရှီး အနည်းငယ် အံ့သြသွားသော်လည်း ဒါက သူ့တောင်းဆိုမှု ဖြစ်လာဖို့ မမျှော်လင့်ထားပေ။
အများအားဖြင့် ချင်ရှီးသည် ကုချင်းဟိုင်၏ အင်္ဂလိပ်စာကို သင်ကြားပြသပေးလေ့ရှိသော်လည်း ကုချင်းဟိုင်က အလွန်ထက်မြက်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝေါဟာရများကို သူ့ဘာသာသူ မှတ်သားလေ့ရှိသောကြောင့် သူ့ကို ဂရုစိုက်ရန် မည်သူမျှ မလိုအပ်ပါ။
သူတို့ စကားစမြည်ပြောနေစဉ် လေးလေးနက်နက် ကားမောင်းနေသည့် လုကျဲ့ထျန်းက ကုချင်းဟိုင်ကို တစ်ချက်လောက်မျှ မကြည့်နိုင်ဘဲ မနေနိုင်တော့ချေ။
ကုချင်းဟိုင် : "ကျွန်တော် အင်္ဂလိပ်စာကို အရမ်းစိတ်ဝင်စားပြီး ပိုလေ့လာချင်ပါတယ်။ ဆရာ့စကားက ဖြည်းညင်းပြီး ရိုးရှင်းလွန်းတဲ့အတွက် ကျွန်တော်က အရာအားလုံးကို သိနိုင်ခဲ့တာပါ"
ထိုသို့ပြောရင်းဖြင့် မေးကိုမော့ကာ ဂုဏ်ယူပျော်ရွှင်တဲ့အသွင်အပြင်ကို ထုတ်ဖော်ပြသနေလေသည်။
သူက ချင်ရှီး၏အာရုံကို ဆွဲဆောင်ဖို့ ကြိုးစားနေပေမဲ့ သူ့စကားလုံးတွေက လွဲမှားနေတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလိုခပ်ကြွားကြွားလေးများကို အရင်က ပြောခွင့်မရခဲ့ဘူး။ အခုချိန်မှပြောလည်း နှောင့်နှေးမနေဘူးမဟုတ်လား။
"ကိစ္စမရှိပါဘူး။ မင်းလေ့လာချင်ရင် ငါသင်ပေးမယ်။ ဒါပေမဲ့ ဒါက ဆုလာဘ်မဟုတ်ဘူး။ နောက်တစ်ခုပြောလို့ရတယ်"
ချင်ရှီးက ပြုံးပြီး ပြောလိုက်သည်။
ကုချင်းဟိုင်က ဒီအကြောင်းကို တွေးနေပေမဲ့ သူဘာလိုချင်လဲဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး။ သူ့မှာ မုန့်ဖိုးတွေ အများကြီးရှိပြီး သူကြိုက်တဲ့ အရုပ်တွေကို သူ့ဘာသာသူ ဝယ်နိုင်သည်။ မဖတ်ရသေးတဲ့ စာအုပ်တွေလည်း အများကြီးရှိသေးတာမို့ ထပ်ဝယ်ဖို့ မရှိသေးဘူး။ အစားအစာလား... သူ စားချင်စိတ်ကို လောဘကို မရှိပါဘူး။ ချင်ရှီး ချက်ပြုတ်တာကိုဘဲ နှစ်သက်သည်။ အခုတော့ သူ(မ)ခြေထောက်တွေ သက်သာလာပြီး နေ့တိုင်း ချက်ပြုတ်နိုင်တော့မည်။ ကုချင်းဟိုင်ကလည်း အပြင်မှာ မစားချင်ပါဘူး။
အချိန်အတော်ကြာစဉ်းစားပြီးနောက် ကုချင်းဟိုင်က ခေါင်းခါလိုက်သည်။
"ဘာမှမလိုချင်ဘူး"
ချင်ရှီးက သူ့ကို အတင်းအကြပ်မခိုင်းတော့ပေ။
"ကောင်းပြီ ဒါဆို ဒါကိုမှတ်ထားလိုက်။ နောက်တစ်နေ့ မင်း တစ်ခုခုလိုချင်ရင် ငါ့ကိုပြောပြပါ"
ကုချင်းဟိုင်က ချက်ချင်း ခေါင်းညိတ်ပြီး ဝမ်းသာအားရ ပြုံးလိုက်သည်။
လုကျဲ့ထျန်းက ချင်ရှီးကို ကြည့်ပြီးပြောသည်။
"ငါ့ကရော... ကလေးတွေကတော့ တောင်းဆိုခွင့်ရှိပြီး ငါကရော မရှိဘူးလား"
လုကျဲ့ထျန်းက ချင်ရှီးကို နောက်ကြည့်မှန်ကနေ ကြည့်သည်။
" ငါကရော နောက်ပိုင်းမှာ တောင်းဆိုဖို့ မှတ်ထားလို့မရဘူးလား"
ချင်ရှီးက မျက်လုံးပြူးသွားသည်။ နှစ်ယောက်သား နောက်ကြည့်မှန်ထဲမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တော့ လုကျဲ့ထျန်း၏မျက်လုံးများကိုကြည့်ရင်း သူမ မျက်လုံးများ မှိတ်တုတ် မှိတ်တုတ်လုပ်လိုက်သေး၏။
မကြာသေးမီက ခြေထောက်ကို ဒဏ်ရာရခဲ့သော်လည်း လက်ကိုဒဏ်ရာရခဲ့သလို ဆက်ဆံခဲ့ကြသည်။ အခြေခံအားဖြင့် သူမသည် အလုပ်များများစားစားမလုပ်ရဘဲ လုကျဲ့ထျန်းနှင့် ကလေးများကသာ လုပ်ကြသည်။
' ကောင်းပြီလေ သူ တကယ်တော်ပါတယ်'
ချင်ရှီး : "ဒါဆို နင်ဘာလိုချင်လဲ"
လုကျဲ့ထျန်း : "ငါလိုချင်တာကို မင်းသိပါတယ်"
ချင်ရှီး : "နင်က အရမ်းတော်လွန်းတာဘဲ။ ဒါကတော့ အလုပ်မဖြစ်ဘူး"
လုကျဲ့ထျန်းက နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။
"ဘာလို့လဲ...မရသေးဘူးပေါ့"
ချင်ရှီးက အဝေးကို လှမ်းကြည့်ကာ သူ့ကို ထပ်မကြည့်တော့ဘဲ အိတ်ထဲက အပူခံခွက်ကိုထုတ်ကာ ကလေးတွေကို ရေတိုက်သည်။
လုကျဲ့ထျန်း၏ မျက်လုံးများသည် အနည်းငယ် မချင့်မရဲဖြစ်နေသော်လည်း ချင်ရှီးက မော့မကြည့်တော့သောအခါ ပြုံးကာ ဟန်ဆောင်မှုကို ရပ်လိုက်ရသည်။
"ကောင်းပါပြီ ကောင်းပါပြီ"
"ဖေဖေနဲ့မေမေ ဘာတွေပြောနေတာလဲ" အန်အန်းက ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။
"ဘာဖြစ်နေတာလဲ"
ဖျင်ဖျင်က ခေါင်းမော့ပြီး သူတို့နှစ်ယောက်ကြားကို အပြန်ပြန်အလှန်လှန်ကြည့်သည်။
"ဖေဖေ ဘာလိုချင်လို့လဲ"
ကုချင်းဟိုင်က အရမ်းသိချင်နေသည်။
လုကျဲ့ထျန်းသည် ကလေးများကို မကြည့်ဘဲ ရှေ့တည့်တည့်ကို စိုက်ကြည့်ကာပြောသည်။
"ဒါက မင်းတို့အမေနဲ့ငါကြားက လျှို့ဝှက်ချက်ဘဲ။ ငါပြောလို့ မရဘူး"
ဒီလိုလျှို့ဝှက်ထားလေလေ ပိုဆွဲဆောင်မှု ရှိလေလေမဟုတ်လား။
လုကျဲ့ထျန်းက ကားမောင်းနေပြီး ကလေးတွေက သူ့ကို မပူဆာတော့ဘဲ ချင်ရှီးကို ပြင်းပြင်းထန်ထန်ပူဆာမေးမြန်းကြရာ နောက်ဆုံးမှာတော့ လုကျဲ့ထျန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေမိတော့၏။
လုကျဲ့ထျန်းက ဒါကိုမြင်လိုက်ရတော့ သူ့ပါးစပ်ထောင့်တွေ တွန့်ကွေးသွား၏။
ခရိုင်သို့ရောက်သောအခါ ချင်ရှီး၏ခြေပေါ်ရှိ ကျောက်ပတ်တီးကို ဖယ်လိုက်ပြီး သူမသည် မြေပြင်ပေါ်သို့ နင်းလျှောက်သွားကာ တစ်ကိုယ်လုံး သက်တောင့်သက်သာရှိသွားလေသည်။
"နေလို့ကောင်းရဲ့လား နာကျင်သေးလား"
လုကျဲ့ထျန်းက စိတ်ပူစွာမေးလိုက်သည်။
အမြွာတွေကလည်း လိုက်ကာ ထပ်ခါထပ်ခါပြောဆိုကြသည်။
"ရပါတယ် မနာပါဘူး"
ချင်ရှီးက သူတို့ကို ပြုံးပြသည်။
"သွားကြရအောင်။ ခရိုင်ထဲမှာ အရမ်းအရသာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ ငါမင်းတို့ကို အရင်စားခိုင်းလိုက်မယ် ပြီးရင် တည်းခိုခန်းရှာကြမယ်"
"ကောင်းတယ်...ကောင်းတယ်"
အမြွှာနှစ်ယောက်က ရွှင်မြူးပြီး ကုချင်းဟိုင်ကလည်း မျှော်လင့်ချက်အပြည့်နှင့်ဖြစ်နေသည်။
ချင်ရှီးသည် အမြွာများကို ကိုင်ဆွဲထားပြီး ကုချင်းဟိုင်က သူမ၏ နောက်မှ လိုက်သွားခဲ့သည်။ လုကျဲ့ထျန်းသည် သူတို့တွေ စကားပြောနေပြီး ရယ်မောပျော်ရွှင်နေကြသည်ကို အလွန်ညင်သာသော အမူအရာဖြင့်ကြည့်နေလျက် နောက်ကလိုက်သွားသည်။
'သူ ချင်ရှီးနှင့်တွေ့ရတာ ဘယ်လောက်ကံကောင်းလိုက်သလဲ'
... ... ...
အစားစားပြီးသောအခါ လုကျဲ့ထျန်းက သူတို့ကို ဧည့်ရိပ်သာသို့ ခေါ်သွားသည်။ကလေးများက အနည်းငယ် အိပ်ငိုက်နေသဖြင့် ချင်ရှီးက လုကျဲ့ထျန်းကိုပါ အိပ်ခိုင်းပြီး သူမက လွယ်အိတ်ကို ကိုင်ကာ အလုပ်ကိစ္စများ ဆောင်ရွက်ရန် ထွက်လာခဲ့သည်။
သူမ ဒီနေ့ထွက်လာတော့ ပိုက်ဆံတွေအားလုံးကို ယူလာပြီး ဘဏ်မှာ အပ်ထားရန် စီစဉ်သည်။ စုန့်စစ်းနော့က နမူနာအနည်းငယ် ပြီးသွားပြီလို့ပြောပြီး လွန်ခဲ့သည့်နှစ်ရက်က သူမထံ ဖုန်းဆက်ထားရာ တစ်စုံတစ်ခုအမှားရှိမရှိကိုသိရန် သူမထံပို့ပေးခဲ့ကြောင်းပြောသဖြင့် နေရာပြောင်းပို့ဖို့ တောင်းဆိုထားသည်။
သူမသည် အဝတ်အစားအသေးစိတ်အချို့ကို ပြောင်းလဲခဲ့ပြီး အသေးစိတ်အချက်အလက်များကို ချရေးကာ နမူနာများကို စုန့်စစ်းနော့ထံသို့ ပြန်လည်ပေးပို့မည်ဖြစ်သည်။
ချင်ရှီးသည် ထိုကိစ္စများကို ကိုင်တွယ်ပြီးနောက် ဧည့်ရိပ်သာသို့ ပြန်သွားကာ ခဏမျှ အိပ်လိုက်သည်။ နေ့ခင်းဘက်အိပ်ပြီး၍ ထသောအခါ ကလေးများကို မြို့ထဲသို့ ဦးစွာခေါ်သွားကာ ဈေးဝယ်ထွက်၊ စားသောက်ကာ ပျော်ပျော်ပါးပါး လျှောက်သွားခဲ့ကြသည်။
ကလေးတွေက အရမ်းပျော်ပြီး သူတို့မျက်နှာပေါ်က အပြုံးတွေက ဘယ်တော့မှ မကျသွားပါဘူး။ ချင်ရှီးနှင့် လုကျဲ့ထျန်းတို့ဟာ အစပိုင်းမှာ အတော်လေး ပင်ပန်းခဲ့ကြပေမဲ့ သူတို့တွေ အရမ်းပျော်နေတာကို တွေ့ရရင် ထိုက်တန်ပါသည်။
နေ့လယ်ခင်းတစ်ခုလုံး ကစားပြီးနောက် ကလေးတွေလည်း မောပန်းနွမ်းနယ်ပြီး မျက်နှာသစ်ဆေးကြော၍ ပြန်လာတဲ့အခါအလွန် အိပ်ချင်နေကြလေပြီ။
ကုတင်ပေါ်ရောက်တော့ စက္ကန့်ပိုင်းအတွင်း တစ်ယောက်ပြီးတစ်ယောက်အိပ်ပျော်သွားရာ အခန်းက ချက်ချင်း တိတ်ဆိတ်သွားသည်။
ချင်ရှီးက လုကျဲ့ထျန်းကို ကြည့်လိုက်တော့ သူက သူမကို စိုက်ကြည့်နေတာကို တွေ့ရသည်။
"ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ"
လုကျဲ့ထျန်း :"ငါ အမြဲကြည့်ချင်နေတာ ထိန်းချုပ်လို့မရဘူး"
ချင်ရှီး ဘာပြောရမှန်းမသိအောင် ပါးစပ်ပိတ်ထားလိုက်ရပြီး အဝတ်အစားလဲပြီးနောက် ရေချိုးခန်းထဲ လျှောက်သွားလိုက်သည်။
"ငါ ရေချိုးတော့မယ်။ ကလေးတွေ မပြုတ်ကျအောင် စောင့်ကြည့်ထားပါ"
လုကျဲ့ထျန်းက သူမ ရေချိုးခန်းထဲဝင်သွားပြီးနောက် ရေသံကြားတာနဲ့တင် သူ့ရင်ထဲ ပုရွက်ဆိတ်တွေ ရှိနေသလိုမျိုး သူ့စိတ်တွေ တုန်လှုပ်ခြောက်ခြားသွားသည်။
နှလုံးသားက ယားယံပြီး ခံစားရတာ အဆင်မပြေလှပါ။
ခဏအကြာတွင် လုကျဲ့ထျန်းသည် ရေမသောက်ရန် မနေနိုင်တော့ဘဲ ဖန်ခွက်ကြီးတစ်လုံးနီးပါး သောက်ပြီးနောက် တစ်ကိုယ်လုံး ပူလောင်နေဆဲဖြစ်သည်။
ချင်ရှီးသည် စိုစွတ်သောဆံပင်နှင့် ညဝတ်အင်္ကျီဝတ်ကာ ထွက်လာသောအခါ လုကျဲ့ထျန်းသည် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာကို ကြည့်ပြီး အေးခဲသွားသည်။
'ထူးဆန်းတယ်။ အိမ်မှာရှိတုန်းကလည်း ဒီလိုမျိုးမြင်ဖူးပေမဲ့ ဘာလို့ အခုမှ မျက်စိမခွာနိုင်ဖြစ်ရတာလဲ'
"နင်ရော ရေချိုးချင်လား"
ချင်ရှီးက ဆံပင်တွေကို မျက်နှာသုတ်ပုဝါနှင့်သုတ်ရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အွန်း"
လုကျဲ့ထျန်းက ပြန်ဖြေပြီး အဝတ်အစားတွေကို ပေါ့ပေါ့ပါးပါး ချွတ်လိုက်ကာ ရေချိုးခန်းထဲကို ပြေးသွားလိုက်သည်။
သူ၏ လှုပ်ရှားမှုကြီးကြီးမားမားပုံစံကို မြင်လိုက်ရတော့ ချင်ရှီးသည် ပထမတော့ အနည်းငယ် စိတ်ရှုပ်သွားသော်လည်း သူမ လျင်မြန်စွာ သဘောပေါက်သွားပြီး အသံကျယ်ကျယ် ရယ်လိုက်သည်။
'တော်တော် ရိုးသားဖြူစင်တာဘဲ'
သူမ၏ဆံပင်က အချိန်ခဏဖြင့် မခြောက်နိုင်သောကြောင့် ချင်ရှီးသည် စာအုပ်တစ်အုပ်ကို ယူကာ ကုတင်ဘေးတွင်ထိုင်လျက် ပေါ့ပေါ့ပါးပါး လှန်လိုက်သည်။
ရုတ်တရက် ရေချိုးခန်းထဲက ရေစီးသံတွေ ရပ်သွားပြီး လုကျဲ့ထျန်းက ထွက်လာသည်။
ချင်ရှီးသည် သူမ၏ခေါင်းကို မော့ကာ ပေါ့ပေါ့တန်တန် ကြည့်လိုက်ရာ လုကျဲ့ထျန်းသည် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အဝတ်ဗလာဖြစ်နေပြီး ဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
လုကျဲ့ထျန်းတွင် ကျယ်ပြန့်သောပခုံးနှင့် ကျဉ်းမြောင်းသောခါး၊ ဝမ်းဗိုက်ကြွက်သားရှစ်ခုနှင့် ရေသူမလိုင်းများသည် အလွန်ထင်ရှားပြီး ရင်ဘတ်နှင့် လက်မောင်းများရှိ ကြွက်သားများကိုလည်း ရှင်းရှင်းလင်းလင်းမြင်ရသည်။
ဆံပင်တိုတိုကို ပေါ့ပေါ့ပါးပါး ရေသုတ်နေပုံပေါ်ပါသည်။ ဒီအချိန်မှာတော့ ရေတွေက ရွှဲနေသေးပြီး ရေစက်လေးတွေက သူ့နှာခေါင်းကနေ ခါးအထိ လိမ့်ဝင်သွားတာကြောင့် ဆွဲဆောင်မှုရှိတဲ့ အလှတရားပါဘဲ။
ချင်ရှီး၏ မျက်လုံးများသည် အနည်းငယ် မှေးစင်းသွားသည်။ အပေါ်ဖုံးအဝတ်အစားမပါဘဲ လုကျဲ့ထျန်းကို ပထမဆုံးအကြိမ်အဖြစ် ရှင်းရှင်းလင်းလင်းတွေ့လိုက်ရခြင်းဖြစ်သည်။ ဤပုံသဏ္ဍာန်သည် အလွန်အံ့သြဖွယ်ကောင်းလှသည်။
ချင်ရှီးက သူ့ကို စိုက်ကြည့်နေတာကိုမြင်တော့ လုကျဲ့ထျန်း၏ နားရွက်တွေ နီရဲလာသည်။ သူက ရှင်းပြသည်။
"ငါက မြန်မြန်ဆန်ဆန်နဲ့ဝင်သွားတော့ ငါ့အင်္ကျီကို မယူသွားခဲ့ရဘူး..."
ချင်ရှီးက ဘာမှမထူးခြားဘဲ ခေါင်းညိတ်လိုက်ပြီး သူ့ဝမ်းဗိုက်ကြွက်သားတွေကို မျက်လုံးတွေက စိုက်ကြည့်နေတုန်းပင်။ လုကျဲ့ထျန်းက ဒီလိုအကြည့်ခံရတာ နည်းနည်းအဆင်မပြေဘူး။
လုကျဲ့ထျန်းက သူ့အဝတ်အစားတွေဝတ်ပြီး မြန်မြန်အိပ်ချင်ပေမဲ့ ခဏတုံ့ဆိုင်းနေပြီး အင်္ကျီကိုဝတ်ပြီးနောက် အခန်းတဝိုက် လျှောက်သွားလိုက်သည်။
ချင်ရှီးသည် သူမ၏ချစ်လှစွာသော ဝမ်းဗိုက်ကြွက်သားများ ပျောက်ကွယ်သွားသည့်အတွက် နှမြောမိပါသည်။ လုကျဲ့ထျန်းသည် သူမအား တစ်ချိန်လုံး အာရုံစိုက်နေကာ သူ့မျက်လုံးများထဲတွင် အလင်းတန်းများ ထွက်ပေါ်လာကာ သူမက သူ့ရုပ်သွင်ကို သဘောကျကြောင်း ရုတ်တရက် နားလည်သွားသည်။
“အိပ်တော့”
ကြည့်ရန် ဝမ်းဗိုက်ကြွက်သားများမရှိတော့သော ချင်ရှီးသည် စာအုပ်ကိုချကာ အိပ်လိုက်ပြီး မျက်လုံးမှိတ်ထားလိုက်ရာ ယခုပုံရိပ်က သူမ စိတ်ထဲမှာ ရှိနေဆဲဖြစ်သည်။
လုကျဲ့ထျန်း၏ရုပ်ရည်က အရမ်းကောင်းပြီး နောက်ပိုင်းမျိုးဆက်တွေက အမျိုးသားမော်ဒယ်တွေထက် အများကြီးမဆိုးဝါးဘူးဆိုတာကို သူမ သိပါ၏။
ပြင်းပြစွာတွေးတောနေသော ချင်ရှီးသည် လျင်မြန်စွာ အိပ်ပျော်သွားသော်လည်း လုကျဲ့ထျန်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဖျင်ဖျင်ကိုကြည့်ကာ သူဘာတွေတွေးနေမှန်းမသိနိုင်ပေ။
... .... ....
ချင်ရှီးတို့ငါးယောက်က ခရိုင်ထဲမှာ နှစ်ရက်ကြာအောင် လျှောက်လည်ခဲ့ကြပြီး ကလေးတွေက မပြန်ချင်သေးပေမဲ့ ကုချင်းဟိုင်နှင့် ချင်ရှီးတို့က အတန်းတက်နေရဆဲမို့ အိမ်ပြန်ခဲ့ရသည်။
ပြန်ရောက်ပြီးနောက် ချင်ရှီးသည် အန်တီကျောင်းထံမှတစ်ဆင့် လီချန်းချန် လာရှာသည်ဟု ပြောသည်ကို ချင်ရှီး ကြားလိုက်သဖြင့် သူမ လုံးဝ မအံ့သြခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ပေကျင်းသို့သွားမည့်အဖွဲ့သည် အစောကြီး ထွက်ခွာသွားကာ လုကျဲ့ထျန်းက လုံးဝမလိုက်ခဲ့သဖြင့် သူမမှာ စိုးရိမ်စရာ ဘာမှ မရှိခဲ့ပေ။
နေ့ရက်တွေက တစ်နေ့ပြီးတစ်နေ့ ရိုးစင်းပြီး နွေးထွေးစွာ ကုန်ဆုံးသွားခဲ့သည်။
.... .... ....
တစ်နှစ်ခွဲကြာပြီးနောက် လုကျဲ့ထျန်းသည် ချင်ရှီးကို နေ့တိုင်းအဝတ်လှန်းကူ၊ ခြံကိုသန့်ရှင်းရေးလုပ်ကူ၊ ရေသယ်ရန်နှင့် ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန်ကူကာ ခင်ပွန်းကောင်းတစ်ဦး၏ ဂုဏ်သတင်းသည် တပ်နယ်မြေအနှံ့ ပျံ့နှံ့သွားခဲ့သည်။
တစ်ခေါက်က ချင်ရှီး အဖျားကြီးခဲ့ရာ လုကျဲ့ထျန်းက နှစ်ညတာ မအိပ်ခဲ့ဘဲ သူမကို ပြုစုစောင့်ရှောက်ပြီးနောက် ထုံးစံအတိုင်း အလုပ်သွားကာ နောက်နေ့တွင် သူ့မျက်လုံးအောက်မှာ အစက်အပြောက်အမည်းများ ထွက်လာခဲ့သည်။
ချင်ရှီးသည် သံမဏိလူသားမဟုတ်ပါ။ သူမ၏နှလုံးသားသည် မည်မျှပင်မာကျောပါစေ နူးညံ့သိမ်မွေ့သောဆက်ဆံမှုဖြင့် အချိန်ကြာမြင့်စွာ ဆက်ဆံခံရပါက နှလုံးသားကို ပျော့ပျောင်းသွားစေမည်ဖြစ်သည်။
ချင်ရှီးသည် လုကျဲ့ထျန်းကို ချစ်မိသွားသော်လည်း အချိန်အတော်ကြာအောင် ထုတ်ဖော်မပြခဲ့ပေ။
လုကျဲ့ထျန်းသည် သူမကလည်း သူ့ကို သဘောကျတယ်လို့ ခံစားနေရပေမဲ့ ဆက်ဆံရေးကို ပြောင်းလဲကြဖို့ သူမက ယခုအချိန်ထိ သဘောမတူသေးပါ။ သူမက ဘာကိုကြောက်ရွံ့စိုးရိမ်နေလဲဆိုတာ သူလည်း မသိနိုင်ခဲ့ပါ။
လုကျဲ့ထျန်းသည် ကူကယ်ရာမဲ့နေသော်လည်း သူ မမေးတော့ဘဲ သူမဘက်က အပြည့်အဝလက်ခံရန် မျှော်လင့်ကာ သူမကို ပိုကောင်းအောင် ဆက်ဆံခဲ့သည်။
သိပ်မကြာခင်မှာဘဲ ပေကျင်းမှာ ပညာသင်ကြားနေတဲ့အဖွဲ့ ပြန်ရောက်လာသည်။ လုကျဲ့ထျန်းဟာ ချင်ရှီးနှင့် အပြင်မှာ လမ်းလျှောက်လာရင်း သူတို့နှင့် တွေ့ခဲ့ရသည်။
လုကျဲ့ထျန်းက သူသိတဲ့လူတွေကို နှုတ်ဆက်နေစဉ် ချင်ရှီးက လီချန်းချန်ကို မြင်လိုက်ရပြီး အမျိုးသားတစ်ယောက်ရဲ့ လက်မောင်းကို ကိုင်ထားတာကိုပါ တွေ့လိုက်ရသည်။
လီချန်းချန်သည် ချင်ရှီးနှင့် လုကျဲ့ထျန်းတို့အားမြင်ပြီး တစ်ဖက်လူ၏လက်ကို မသိစိတ်က လွှတ်လိုက်သော်လည်း မကြာမီတွင် သူ့ကို ပြန်လည်လက်တွဲလိုက်ကာ သူတို့ဘက် မကြည့်တော့ပေ။
ချင်ရှီးသည် သူမကို ဤကဲ့သို့မြင်လိုက်ရကာ အလွန်အံ့သြသွားသည်။ သူမသည် အလွန်ပင် ပဟေဠိဖြစ်နေမိသည်။
'လုကျဲ့ထျန်းကို စွန့်လွှတ်ပြီးနောက် သူ(မ)၏ဦးတည်ရာပစ်မှတ်က ပြောင်းလဲသွားတာလား'
လုကျဲ့ထျန်းက လူတွေကို နှုတ်ဆက်ပြီးနောက် ချင်ရှီးကို ကြည့်လိုက်ပြီး အစာကြေဖို့အတွက် သူမနှင့်အတူ ဆက်လျှောက်သွားကြသည်။
ချင်ရှီးသည် ထိုအကြောင်းအရာကို မမေးမြန်းရသေးခင်မှာဘဲ နောက်နေ့မတိုင်မှီတွင်ပင် လီချန်းချန်သည် ပေကျင်းတွင် လူဆိုးဂိုဏ်းနှင့်တွေ့ပြီး ကယ်တင်ခြင်းခံရကြောင်း သိလိုက်ရသည်။
ထိုသူက လုကျဲ့ထျန်းနှင့်တူတဲ့လူမဟုတ်ပေမဲ့ တစ်ယောက်ကိုတစ်ယောက် သဘောကျပြီး အတူရှိနေကြဆဲပါ။
သူတို့က အိမ်ထောင်ရေး အစီရင်ခံစာကို ပြင်ဆင်ပြီးပြီလို့ကြားသိရပြီး မကြာခင် တရားဝင် စုံတွဲဖြစ်လာတော့မှာပင်။
ချင်ရှီးသည် ထိုအကြောင်းကို နားထောင်ပြီးနောက် ဇာတ်လမ်းက လုံးဝပြောင်းသွားပြီဆိုတာ သူမ သိလိုက်ရသည်။ လုကျဲ့ထျန်း၏ အပြစ်ကင်းစင်မှုဟာ ထိန်းချုပ်လို့မရတော့ဘဲ ဇာတ်ကွက်က သူ့ကို မထိခိုက်စေနိုင်တော့ပါဘူး။
ချင်ရှီး၏နှလုံးခုန်သံက တိုးပွားလာပြီး သူမ၏ပျော်ရွှင်မှုသည် ပြောမပြနိုင်လောက်အောင်ဖြစ်ခဲ့ရကာ သူမ၏စိုးရိမ်မှုများသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
ညနေပိုင်းတွင် ချင်ရှီးသည် ဟင်းပွဲကြီးတစ်ပွဲချက်ပြုတ်ခဲ့ရာ လုကျဲ့ထျန်းနှင့် ကလေးများက သူမသည် အလွန်စိတ်ကောင်းဝင်နေကြောင်း သိလိုက်ရသည်။
ညစာစားပြီးနောက် ကလေးများသည် ဧည့်ခန်းထဲတွင် ဆော့ကစားကြသည်။ ချင်ရှီးသည် သီချင်းညည်းရင်း ပစ္စည်းများကို သပ်ရပ်အောင် ပြင်ဆင်နေသည်။
"မေမေ ဘာဖြစ်တာလဲ။ အရမ်းပျော်နေပုံဘဲ"
အန်အန်းသည် စပ်စုမေး၏။
"ဘာမှမဖြစ်ပါဘူး မင်းတို့တွေ ကစားတာရပ်ပြီး အိပ်ရာဝင်တော့။ မနက်ဖြန် ကျောင်းတက်ဖို့ စောစောထရမယ်"
ချင်ရှီးက သူတို့ကို ဆေးကြောသန့်စင်ဖို့ အမြန်ပြောလိုက်သည်။
ကလေးသုံးယောက်မှာ အပျော်လွန်နေကြပြီး မအိပ်ချင်သေးကြောင်း ခုခံရန်ကြိုးစားသော်လည်း ထိရောက်မှု မရှိခဲ့ပေ။ ချင်ရှီး၏ မျက်နှာထားသည် ပြင်းထန်လွန်းသဖြင့် နောက်တစ်ကြိမ် ထပ်မပြောဝံ့တော့ပေ။
ချင်ရှီးဒေါသထွက်နေချိန် လူတွေကို ထိတ်လန့်အောင်မလုပ်ပေမဲ့ သူမရဲ့ မျက်လုံးနှင့် အမူအရာတွေက ကြောက်စရာကောင်းပြီး သူတို့ကို ပုံမှန်လို ဆက်ဆံတာမျိုး မရှိတော့ဘဲ စိတ်ခံစားချက်ကို ထိန်းသိမ်းထားတတ်သည်။
ကလေးများသည် သူမ၏ ချီးမွမ်းခြင်းနှင့် ချစ်ခြင်းများကို ကျင့်သားရနေကြပြီး သူမ၏ မျက်နှာအမူအရာမှာ လုံးဝ သည်းမခံနိုင်တော့ကြောင့် မြင်ရသဖြင့် အားလုံးက သူမ၏ ဒေါသကို ကြောက်ကြသည်။
မအိပ်ချင်သေးရင်လည်း ဆေးကြောသန့်စင်ကာ အိပ်ယာဝင်ကြရမည်ပင်။
ဒါပေမဲ့ ကလေးတွေက လဲလျောင်းပြီး မကြာခင်မှာ အိပ်ပျော်သွားကြသည်။
ချင်ရှီးသည် ပေါ့ပေါ့ပါးပါးဖြင့် ကြည့်ရန် ဝင်လာကာ စောင်များခြုံပေးလျက် ပြန်ထွက်လာကာ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ပြီး လုကျဲ့ထျန်းအပြင်ထွက်သွားသည်ကို စောင့်နေသည်။
လုကျဲ့ထျန်း ပြန်လာပြီးနောက် ချင်ရှီးထိုင်နေသည့် ဆိုဖာဘက်သို့ ချက်ချင်းလျှောက်လာပြီး သူမ ဘေးတွင် ဝင်ထိုင်သည်။
"မင်းငါ့ကိုစောင့်နေတာလား။ ဘာကိစ္စရှိလို့လဲ"
ချင်ရှီးက လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး လုကျဲ့ထျန်း၏ မျက်လုံးများကလည်း မသိစိတ်အရ လေးနက်လာသည်။
"ဘာဖြစ်နေလို့လဲ "
ချင်ရှီးက သက်ပြင်းချကာ စကားမပြောဘဲနေတော့ လုကျဲ့ထျန်းက ရုတ်တရက် စိတ်တွေပူလာပြီး ချင်ရှီးဘက်သို့ ငုံ့ကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ။ ငါ့မှာ အရာအားလုံးရှိတယ် မကြောက်နဲ့ ငါ့ကိုပြောပါ"
ချင်ရှီးက လုကျဲ့ထျန်းကို မော့ကြည့်သည်။
"ဒါဆို ခဏနေ သိပ်စိတ်မလှုပ်ရှားပါနဲ့"
လုကျဲ့ထျန်းက ခေါင်းညိတ်ပြလိုက်ပါသည်။ ရန်သူကိုရင်ဆိုင်လိုသည့်အမူအရာဖြင့် မျက်မှောင်ကြုတ်ကာ ဂရုတစိုက်နားထောင်သည်။
"ပြောပါ"
ချင်ရှီးသည် လုကျဲ့ထျန်း၏ စိုးရိမ်စိတ်ကြောင့် သေဆုံးတော့မည့်ဟန်ကိုကြည့်ကာ ဤတစ်ကြိမ်တွင် မအောင့်ထားနိုင်တော့ဘဲ ရယ်မောကာ ပွေ့ဖက်လိုက်သည်။
"နင် ငါ့ရဲ့စာမေးပွဲကိုအောင်မြင်သွားပြီ"
လုကျဲ့ထျန်း အံ့အားသင့်သွားသည်။
"မင်း ဘာပြောလိုက်တာလဲ"
ချင်ရှီးက လုကျဲ့ထျန်းကို လွှတ်လိုက်သည်။
"ငါပြောတာ နင် ငါ့ရဲ့စာမေးပွဲကိုပြီးမြောက်နိုင်သွားပြီ။ အတူတူနေကြရအောင်"
လုကျဲ့ထျန်းသည် စိတ်လှုပ်ရှားစွာဖြင့် ချင်ရှီးကိုကြည့်ကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။
“တကယ်လား”
ချင်ရှီးက ခေါင်းညိတ်ပြသည်။
“ဒါပေမဲ့ နင် ငါ့ကို ဆိုးဆိုးရွားရွား ဆက်ဆံပြီး မမြတ်နိုးတော့ဘူးဆိုရင်တော့ မင်းကို ငါကွာရှင်းမှာ။ ကွာရှင်းဖို့က လွယ်ပေမဲ့ တကယ်ထွက်သွားလို့ မရဘူးဆိုရင်တောင် မင်း..."
လုကျဲ့ထျန်းက ချင်ရှီးကို ပွေ့ဖက်လိုက်ပြီး သူမကို ဆက်ပြောခွင့် မပေးတော့ပေ။
"ငါ မလုပ်ပါဘူး။ မင်း ငါ့ကို ထားခဲ့ဖို့ အခွင့်အရေး မပေးဘူး "
"ချင်ရှီး...ချင်ရှီး ငါ အရမ်းပျော်တယ်။ အရမ်းပျော်တယ်။ ငါဒီရက်တွေကို စောင့်နေတာကြာပြီ။ နောက်ဆုံးတော့ မင်း ငါ့ကိုလက်ခံခဲ့တယ်။ ငါမင်းကိုအရမ်းချစ်ပါတယ်"
လုကျဲ့ထျန်းက ချင်ရှီးကို ကြောင်ကလေးတစ်ကောင်လို ပွေ့ဖက်ထားသည်။လက်မလွှတ်ဘဲ စကားပြောရတာက ရှားရှားပါးပါးဖြစ်ပြီး သူမကို ချစ်ကြောင်း ပြောပြရန် မအောင့်ထားနိုင်တော့ပေ။
ချင်ရှီးက နားထောင်ပြီး ပြုံးလျက်ပွေ့ဖက်လိုက်သည်။
"သိပါတယ် ငါလည်း မင်းကို သဘောကျတယ်"
လေထုက တဖြည်းဖြည်း ပူလာပြီး နေရာတိုင်းမှာ မရေရာတဲ့ အငွေ့အသက်တွေ ရှိနေသည်။
လုကျဲ့ထျန်းသည် ချင်ရှီးအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။ သူမ၏ မျက်လုံးများကို မှိတ်ထားကာ အလွန်ပျော်ရွှင်နေပြီး တောင့်တောင့်တင်းတင်းဖြင့် နှုတ်ခမ်းများကို နမ်းလိုက်သည်။
... ... ...
အငွေ့အသက်တစ်ချို့တွေရောက်လာပြီး ချင်ရှီးက *အသားအတွက် တစ်ချိန်လုံး လောဘကြီးနေတာမို့ သူမ ခုခံမနေဘဲ လုကျဲ့ထျန်းက လေးလေးနက်နက် နမ်းလိုက်ပြီး သူ့အခန်းထဲကို ခေါ်သွားလိုက်သည်။
(*အသား - skinship)
နောက်တစ်နေ့ ချင်ရှီး နိုးလာသောအခါ နေရောင်သည် သူမခေါင်းထက်တွင် ရှိနေသည်။ သူမသည် နာကျင်နေသော ခြေထောက်နှင့် ခါးကို ပွတ်သပ်ကာ စုတ်သတ်လိုက်မိသည်။
အကြာကြီး အထီးကျန်နေတဲ့ ယောက်ျားကို သွားရှုပ်လို့တော့ မရဘူး။ အရမ်းအနေအေးနေပေမဲ့ နည်းနည်းတော့ အရှုပ်ထုပ်တွေကို လုပ်တတ်နေတုန်းဘဲ။
အတွေးများနေစဉ် အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး လုကျဲ့ထျန်းက လမ်းလျှောက်ဝင်လာကာ ချင်ရှီး၏နံဘေးသို့ ရွှေ့လာပြီး သူမ၏နဖူးကို ညင်သာစွာနမ်းလိုက်သည်။
"စားချိန်ရောက်ပြီ"
ချင်ရှီးက မျက်လုံးကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ ချစ်ခြင်းတွေ ရောင်ပြန်ဟပ်လို့ ပြည့်လျှံနေတာကို တွေ့လိုက်ရပါတော့သည်။
_ပြီးပါပြီ_