မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

7.7K 299 2
                                    

Chapter 1
ဘွဲ့တစ်ခုမှ မရှိဘူး

ဤနေ့က ပုံမှန်အတိုင်း ပူပြင်းလှသော နွေရာသီနေ့ရက်တစ်ရက်ဖြစ်လေသည်။

လမ်းဘေးတစ်ဖက်တစ်ချက်စီမှ အစိမ်းရောင်အပင်များကလည်း နွဲ့နှောင်းစွာဖြင့် လေယူရာယိမ်းနေကြသည်။ အင်းဆက်များ၏အော်သံကလည်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ပင်။

ခြစ်ခြစ်တောက်ပူနေသည့် လမ်းမထက်တွင် ကားအကောင်းစားကြီးတစ်စီးက မော်တော်ဆိုင်ကယ်လေးဖြင့် တိုက်မိချိန်တွင် ထိုသို့သောအဖြစ်အပျက်ကို စိတ်ဝင်တစားစောင့်ကြည့်လိုသူအချို့က သစ်ပင်ရိပ်များနောက်တွင် ကွယ်နေကြသည်။ သူတို့က ထိုသစ်ပင်များအောက်မှ လုံးဝ မထွက်သွားကြပေ။ အကယ်၍ သူတို့၏ ဇနီး သို့မဟုတ် ခင်ပွန်းက ထွက်ပြေးသွားလျှင်ပင် အပြင်ဘက်ထွက်ပြီး လိုက်ခေါ်ကြမည် မဟုတ်ပေ။

မော်တော်ဆိုင်ကယ်မောင်းလာသူက ကားရှေ့မီးသီးကို ဝင်ဆောင့်မိပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။ ဆိုင်ကယ်နောက်ခုံပေါ်တင်လာသည့် အိတ်က ဇစ်ကွဲထွက်သွား၍ အထဲမှပစ္စည်းများ အပြင်ထွက်ကုန်ပြီး လမ်းပေါ်တွင် ပြန့်ကျဲကုန်သည်။

" ဟေး..."

ကားပေါ်မှ အသံစွာစွာဖြင့် လူငယ်လေး ထွက်လာကာ လက်ပိုက်ထားပြီး မြေကြီးပေါ်မှ ပစ္စည်းများကို တစ်ခုချင်းလိုက်ကောက်နေသည့် လူငယ်လေးကို ငုံ့ကြည့်နေသည်။

" ဘရို... မင်း ငါ့ဆီက ငွေလိမ်ယူမလို့လား..."

သူက အေးအေးလူလူ ကားမောင်းနေစဉ်တွင် မော်တော်ဆိုင်ကယ်က အကြောင်းအရင်းမရှိပဲ လမ်းထောင့်မှ ရုတ်ချည်းထွက်ချလာပြီး သူ့ကားကို တည့်တိုး လာတိုက်ခြင်းဖြစ်သည်။
သူ့ စိတ်ထဲ တစ်ခုခု မှားနေတယ်လို့ မထင်ပဲ နေတော့မလား...

ကံကောင်းသည်မှာ သူက ပုံမှန်အတိုင်းကားမောင်းနေခြင်းဖြစ်ပြီး ကားပေါ်တွင်လည်း မှတ်တမ်းတင်သည့်ကိရိယာ တပ်ဆင်ထားသောကြောင့်ဖြစ်သည်။  ထိုသို့မဟုတ်ပါက သူ ထပ်မံအလိမ်ခံရနိုင်သည်။

" တောင်းပန်ပါတယ် ကျွန်တော် ဆိုင်ကယ်မောင်းနေရင်း အာရုံမစိုက်လိုက်မိလို့ပါ..."

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းOù les histoires vivent. Découvrez maintenant