အပိုင်း ၁၉၃/ အပိုင္း ၁၉၃

883 83 0
                                    

Unicode

အပိုင်း ၁၉၃

ချောင်ယွင်နျန်က ရယ်လိုက်ပြီး အမျိုးသမီးကျင်းရဲ့ ဗိုက်ကို ချစ်ခင်စွာဖြင့် ထိလိုက်သည်။

“ဒါက ကိုယ်တို့ရဲ့ ပထမဆုံးကလေးပဲ၊ သူ့ကို ကိုယ့်လက်ထဲမှာချီပွေ့ထားပြီး မြတ်နိုးယုယချင်တာ သဘာဝပါပဲ၊ အိုက်ယိုး! ကလေးက ကိုယ့်ကို ကန်တယ်! ဖုရန်ခံစားမိလား? သူ ကိုယ့်ကို ကန်တယ်!”

ချောင်ယွင်နျန်ရဲ့ မျက်လုံးများက ပြူးကျယ်နေပြီး သူ့မျက်နှာက အံ့အားသင့်မှုတို့ဖြင့် ပြည့်နေကာ ပါးစပ်က နားရွက်ဆီတက်ချိတ်လောက်အောင် ပြုံးနေသည်။

ထိုအခြေအနေကိုမြင်တော့ အမျိုးသမီးကျင်းရဲ့ စိတ်က နူးညံ့သွားသည်။

“ဒီကလေးက သူ့အဖေကို နှုတ်ဆက်နေတာပဲ၊ ပြောကာမှ ရက်အနည်းငယ်လောက်အတွင်း ကျွန်မကလေးအတွက် အဝတ်အစားတစ်ချို့ စီစဉ်ရဦးမယ်…”

“ဖုရန် မင်းကိုယ်မင်း ပင်ပန်းစေလို့ မဖြစ်ဘူး‌နော်၊ ကိုယ်လုပ်တော်ကျိုးရဲ့ ပန်းထိုးစွမ်းရည်က အတော်လေးကောင်းသလားလို့၊ သူ့မှာလည်း ဘာမှလုပ်စရာမရှိဘူးဆိုတော့ သူ့ကို ပြင်ဆင်ခိုင်းလိုက်ရမလား?’

သူမက ပြုံးပြီး ခေါင်းညိတ်လိုက်ကာ ကျေနပ်မှုအပြည့်ရှိသော အကြည့်တို့က သူမမျက်လုံးထဲတွင် လင်းလက်သွားသည်။ ကိုယ်လုပ်တော်ဝမ် မရှိသည့် ရက်တွေအတွင်း ကိုယ်လုပ်တော်ကျိုးလည်း အနည်းငယ်မာနထောင်လွှားနေတာကြောင့် သူမကိုဒီအခွင့်အရေးသုံးပြီးဖိနှိပ်ထားကာ ထိန်းထိန်းသိမ်းသိမ်းနေခြင်းက ဘာလဲဆိုတာ သိစေရမည်။

“ဒါဆို ဒီနှစ်ရက်အတွင်း သူမဆီကို လူလွှတ်ပြီး ပြောခိုင်းလိုက်မယ်”

မကြာခင်မှာပဲ ဖိတ်ကြားထားသည့် ဧည့်သည်များက ချောင်မိသားစုအိမ်တော်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတော့သည်။

ယောကျာ်းသား ဧည့်သည်တော်များဖက်တွင် ချောင်ယွင်နျန်က ကိုယ်တိုင်ကိုယ်ကျဧည့်ခံနေတာကြောင့် ဧည့်သည်တွေစိတ်ထဲ ဝမ်းမြောက်ဝမ်းသာဖြစ်‌နေကြသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now