အပိုင်း ၂၉၈/ အပိုင္း ၂၉၈

512 52 1
                                    

Unicode

အပိုင်း ၂၉၈ - မာနကြီးမောက်မာတဲ့မုန့်ယန့်ရန်

စုအိမ်တော်ရောက်လာတဲ့အချိန်ကတည်းကနေဆို အခုမှ အရှေ့ခြံဝင်း‌ဆီ ပထမဆုံးသွားတာဖြစ်သည်။ မုယွမ်ယောင်က သခင်မကြီးထားပေးထားတဲ့ အစေခံမော့ယွီကို ချက်ချင်းလှမ်းခေါ်လိုက်၏။ မော့ယွီက သခင်မကြီးရဲ့အစေခံတွေထဲက အသက်အကြီးဆုံးဖြစ်ပြီး ထူးခြားတဲ့အသွင်အပြင်နဲ့ နူးညံ့တဲ့စိတ်ထားရှိသည်။ သခင်မကြီးက သူမကို တော်တော်လေးသဘောကျခဲ့ပေမယ့် နောက်ကျ အိမ်တော်ကနေထုတ်ပြီး ရောင်းစားခဲ့သည်။ ထိုသတင်းကြားတုန်းက သူမလည်း သက်ပြင်းချရုံမှလွဲ ဘာမှမလုပ်နိုင်ပေ။

မော့ယွီက မုယွမ်ယောင်ဆီလျှောက်လာပြီး ရိုကျိုးစွာနှုတ်ဆက်လိုက်သည်။

"နှုတ်ခွန်းဆက်ပါတယ် သခင်မ"

"အင်း မုန့်မိသားစုကသခင်မလေး လာလည်မယ်ကြားတယ်၊ အကြီးဆုံးဝမ်းကွဲအစ်မက ကျွန်မကို အရှေ့ခြံဝင်းဘက်ဖိတ်ထားတာ၊ ဒါပေမယ့် ရောက်ခါစမို့ လမ်းသေချာမသိလို့ လမ်းပြပေးဖို့ ရှင့်ကိုဒုက္ခပေးရတော့မယ်"

"သခင်မလေးကိုခစားဖို့အတွက် ရောက်လာတာပါ၊ သခင်မလေးရဲ့စကားတွေကို မငြိုငြင်ရဲပါဘူး၊ သခင်မလေး ကျေးဇူး‌ပြုပြီး နောက်ကလိုက်ခဲ့ပါ"

မုယွမ်ယောင်က အဝတ်အစားကို သပ်ရပ်အောင်ပြင်လိုက်ပြီး အဆင်ပြေပြီဆိုမှ ကျင်းလန်၊ကျင်းချောင်ကိုခေါ်ကာ မော့ယွီနောက်ကနေလိုက်လာကြသည်။

ထိုအချိန် အရှေ့ခြံ‌ဝင်းရဲ့လုယွီဥယျာဉ်ထဲမှာ မုန့်ယန့်ရန်က လက်နဲ့ ပါးတစ်ဖက်ကိုထောက်ရင်း အပြုံးလေးနဲ့မေးနေသည်။

"နင်တို့အိမ် ဒီရက်ထဲ သိပ်မငြိမ်းချမ်းဘူးဆို"

စုယွီယိက ပြုံးရုံသာပြုံး၏။ သူမရဲ့ပြိုင်ဘက်ကင်းလှပတဲ့ မျက်နှာပေါ်ရှိအပြုံးက သူမကို ပိုပြီးနားလည်ရခက်သွားစေသည်။

"ဒီရက်‌ထဲ အဒေါ်နဲ့ဝမ်းကွဲညီမယွမ်ယောင်တို့ ပြန်ရောက်လာတယ်လေ၊ အိမ်တော်မှာ လူနှစ်ယောက်ထပ်တိုးလာမှတော့ ပိုပြီးသက်ဝင်စည်ကားသွားတော့မှာပေါ့"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now