Unicode
အပိုင်း ၃၂၁- ညီအစ်မရင်းချာ စိတ်ဓာတ်
အကြီးဆုံးသခင်မက သိပ်အပြစ်တင်ဖို့ မရည်ရွယ်ခဲ့ပေ။ အပြုံးနှင့် သူမလက်ကို ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"မင်းအဖေလည်း တတိယမင်းသားအပေါ် သိပ်အကောင်းမြင်တာလေ ၊ဒါပေမယ့် အခုချိန်က ဘုရင်ကြီးရဲ့ ကျန်းမာရေးလည်း ကောင်းနေပြီဆိုတော့ တရားရေးရုံးတော် ရဲ့အခြေအနေတွေက မရှင်းလင်းသေးဘူး၊ဒါ့ကြောင့် လွယ်လွယ်ပြောလို့မရတာတွေ အများကြီးရှိနေသေးတယ်၊ အမေလည်း နှစ်တွေအကြာကြီး ဒုက္ခသုက္ခခံပြီး မင်းကို သိုဝှက်ထားခဲ့ရတာ ဆိုတော့ .ခုက လူတိုင်းကို အံအားသင့်အောင်လုပ်ဖို့ အချိန်ပဲ"
စုယွီယိ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။
"အမေ၊ အချိန်ကျလာပြီလို့ ဆိုလိုတာလား?"
စုမိသားစု၏ အကြီးဆုံးသမီး စုယွီယိဟာ ပါရမီနှင့်ပြည့်စုံပြီး ဆွဲဆောင်မှုရှိသည်ဟု မြို့တော်မှ လူတိုင်းက သိကြ၏။ သို့သော်လည်း လူအနည်းငယ်လောက်သာလျှင် သူမကို မြင်ခွင့်ရကြသည်။အကြီးဆုံးသခင်မလည်း သူ့သမီးအတွက် သေချာ အားစိုက်ထုတ်ခဲ့သည်။သူ့သမီးရဲ့ ရုပ်ရည်ဟာ အားကောင်းတဲ့လက်နက် ဖြစ်တယ်ဆိုတာ သူမ သိခဲ့သည်။သို့ပေမယ့် ဒီလိုလက်နက်မျိုးကို အခြားအရာတွေ မလွှမ်းမိုးနိုင်မည့် အသင့်တော်ဆုံးအချိန်တွင်သာ ထုတ်သုံးရပေမည်။ ဒါက နှစ်ရာပေါင်းများစွာကြာမှ တစ်ကြိမ်သာလျှင်တွေ့ရတဲ့ အဖိုးတန် အလင်းထုတ်ပုလဲလိုပေါ့...။တစ်ယောက်ယောက်ကသာ ထိုအရာနှင့် တစ်ခန်းထဲတွင် တနေကုန် ရှိနေရမယ်ဆိုရင်တော့ ဘယ်လောက်ပင်တန်ဖိုးရှိပါစေ..ထိုအရာမှာ ထပ်၍အဖိုးတန်တော့မည် မဟုတ်ပေ။
ရှားပါးနေစဉ်သာ အရာများက အဖိုးထိုက်တန်ကြသည်။ အလှတရားလည်း ထိုနည်း၎င်းပင်..။
အကြီးဆုံးသခင်မက ဖြည်းဖြည်းချင်း ခေါင်းညိမ့်လိုက်သည်။
"အခြေအနေတွေ ရှင်းပြီးပြီဆိုတာနဲ့ မင်းကို လူလုံးထုတ်ပြဖို့ စဉ်းစားနေတာ၊ ဒါပေမယ့် ရုတ်တရက် တော်ဝင်မင်းသမီးကြီးယီသဲ့ က ပျောက်သွားတဲ့ သူ့သမီး နာမည်ရှိတဲ့သူကိုမွေးစားဖို့ သင့်တော်တဲ့ မိန်းကလေးရှာချင်နေတယ်လို့ ပြောတယ်၊ ဒီသတင်းကတော့ တကယ်ရှားပါးဖြစ်ရပ်ပဲ၊ ဒီလို အခွင့်ကောင်းတစ်ခုကို အမေတို့ လက်မလွှတ်သင့်ဘူးလေ"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...