Unicode
အပိုင်း ၃၂၄ - ပွင့်လန်းလာပြီးနောက် ပန်းပွင့်ရာချီကို သတ်ဖြတ်ခြင်း
လျိုလန်ခြံဝင်းထဲမှာ ဧည့်သည်တော်တော်များများရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့တွေက နှစ်ယောက်၊ သုံးယောက်စု စကားပြောနေကြပြီး ပထမသခင်မနားမှာတော့ လူအများဆုံးဖြစ်သည်။
“သခင်မမုန့် သခင်မလေးမုရဲ့နာမည်ကောင်းက အခုဆို မြို့တော်တစ်ခုလုံးပျံ့နှံ့နေပြီ၊ ဧကရာဇ်ကတောင် ဆုချီးမြှင့်တာ။ သူ့လိုသခင်မလေးရှိတဲ့ ဘယ်မိသားစုမဆို ကောင်းချီးပေးခံသလိုကိုဖြစ်နေမှာပဲ”
“ဟုတ်ပါရဲ့ ငွေလျန်တစ်သိန်းကို အေးအေးဆေးဆေးပဲ ထုတ်သုံးလိုက်တာ၊ ငါတို့မိသားစုနောက်ခံနဲ့ဆိုရင်တောင် ဒီလိုလျန်တစ်သိန်းလောက်ထိထုတ်ပြီး သူများကိုလှူပစ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး”
“ မဟုတ်မှ မိန်းမလေးမုက ဧကရာဇ်ဆီကနေ ထပ်ဆုရဦးမှာလား မသိဘူးနော်”
အကြီးဆုံးသခင်မက စိတ်ထဲမှာ ဒေါသထွက်နေပေမယ့် မျက်နှာပေါ်မှာတော့ အပြုံးဆင်ထားဆဲပင်၊ သူမရဲ့အတွေးတွေက ဖတ်ဖို့ခက်ခဲနေသည်။
“အဲ့ကလေးမလေးယွမ်ယောင်က တကယ်သိတတ်ပြီးကြင်နာတတ်တာလေ၊ အိမ်တော်ရောက်တော့လည်း ညီအစ်မတွေအကုန်လုံးနဲ့တည့်သလို ယွီယိကလည်း သူ့ကိုတအားသဘောကျတာ”
“ယွီယိဆိုမှ သခင်မမုန့်က အဲ့ဒီသမီးလေးကို အရမ်းတန်ဖိုးထားတာပဲနော်၊ ပုံမှန်ဆို ပွဲတွေတက်ခိုင်းတာလဲရှားသလို သွားခဲ့ရင်တောင် မျက်နှာလွှားဇာပုဝါနဲ့ပဲသွားတာ၊ ဒီနေ့ ပွဲထုတ်မှရမယ်နော်”
“ဟုတ်တယ်၊ ကောလဟာလတွေအရ ယွီယိက အရည်အချင်းလည်းရှိသလို လှလည်းလှတယ်တဲ့၊ စုမိသားစုရဲ့မျက်ရှုလေးလည်း ဖြစ်နေသေးတယ်၊ သခင်မုန့်ရဲ့အဖိုးတန်သမီးလေးက အရမ်းထက်မြက်မယ်ဆိုတာ ကျွန်မလောင်းရဲတယ်”
“အဲ့ဒီကလေးယွီယိက အနေအေးတယ်၊ ဟိုသွားဒီသွားလည်းကြိုက်တာမဟုတ်ဘူး၊ နောက်ပြီး သူက အိမ်တော်ကစည်းကမ်းတွေသင်ပြီး မိသားစုရေးရာကိစ္စတွေမှာ ကျွန်မကိုကူညီပေးနေရတာဆိုတော့ အပြင်ထွက်ပြီးကစားချိန်မရှိဘူးလေ”
ကိုယ့်သမီးအကြောင်းကိုယ်ပြောနေချိန်မှာတော့ အကြီးဆုံးသခင်မရဲ့အပြုံးက ပိုလို့တောင်စစ်မှန်လာသည်။
“ဒါပေမယ့် ရှင်တို့ကဆတိုက်တွန်းနေမှတော့ သူ့ကိုထွက်လာပြီး နှုတ်ဆက်ခိုင်းလိုက်ပါ့မယ်”
“ကောင်းလိုက်တာ၊ ကျွန်မသမီးလည်းဒီမှာရှိနေတော့ တစ်ယောက်နဲ့တစ်ယောက်သိသွားအောင် မိတ်ဆက်လို့ရတာပေါ့”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...