အပိုင်း ၃၂၉/ အပိုင္း ၃၂၉

203 32 0
                                    

Unicode

အပိုင်း ၃၂၉ - အကြီးဆုံးသခင်မ ပြောပြတဲ့ ပုံပြင်ဟောင်းတစ်ပုဒ်

ဒီအမျိုးသမီးအားလုံး သူတို့အိမ်တော်တိုင်းတွင် ကိုယ်ပိုင်လက်ပန်းထိုးသမများ ရှိကြသည်။ နီယွင်ဖန်းရဲ့ ဂုဏ်သတင်းကလည်း အင်မတန် ထင်ပေါ်ကျော်ကြားလှသည်။ပြီးတော့ ဧကရာဇ် ချီးမြှင့်ထားသည့် ရွှေတံဆိပ်လည်း ပိုင်ဆိုင်ထားသေးသည်။ နီယွင်ဖန်းကလည်း လုပ်ငန်းကိစ္စများကို သာမန်လူတန်းစားနှင့် တွဲဖက်လုပ်ကိုင်လေ့မရှိပေ။ နီယွင်ဖန်းမှာ ဝယ်ယူအားပေးကြသူအားလုံးက ‌လူသိထင်ရှားများသာ ဖြစ်ကြသည်။ ထိုကဲ့သို့ အထည်များကသာလျှင် သူတို့အဆင့်အတန်း၊ ဂုဏ်သိက္ခာ နှင့် သင့်လျော်ကိုက်ညီသည် မဟုတ်ပါလော။

ဒါ့အပြင် နှစ်သစ်မှာ မုယွမ်ယောင် ပေးခဲ့တဲ့ လက်ဆောင်က တကယ်ကို ရင်သပ်ရှူမောစရာပင်..။ထိုသို့ လှပတင့်တယ်သော လက်ပန်းထိုးအထည်ကို ဝတ်ဖို့ စိတ်ကူးကြည့်ရုံနဲ့တင် ဝတ်ဆင်ရသူအဖို့ သက်တောင့်သက်သာ ခံစားရမည်မှာ သေချာလှသည်။

"တကယ်လို့ နီယွင်ဖန်းသာ မြို့တော်မှာ ဖွင့်မယ်ဆို ပူးရှန့်လုံကရော? ဧကရာဇ်ကိုယ်တိုင်က ပူးရှန့်လုံက ကြာသင်းရနံ့နှင်းစက်ကို ချီးမွမ်းခဲ့တာလေ၊ ငါတို့တွေ ဘယ်ချိန်များမှ အဲ့အရသာကို မြည်းကြည့်ခွင့်ရဖို့ ကံကောင်းမှာလဲနော်?"

"ပူးရှန့်လုံရဲ့ ခြောက်လွှာမှာ အဲ့ဟာကို တကယ်လုပ်တတ်တဲ့သူ နည်းနည်းလောက်ပဲရှိတာတဲ့၊မြို့တော်မှာ အဖျော်ဆရာတော်တော်များ ရှိကြတာ၊ပူးရှန့်လုံသာ ဒီမှာဖွင့်ရင် လက်ဖက်ရည်ကျိုတဲ့နည်းသိဖို့ ပထမဆုံး အပြေးရောက်လာကြမှာ သူတို့တွေပဲ"

ခဏကြာလာတော့ ဧည့်ခံပွဲက လူတွေက မုယွမ်ယောင်နား ဝိုင်းလာပြီး စကားစလာကြသည်..အလွန်တော်သည့် စုယွီယိကို နောက်မှာ ချန်ထားခဲ့ကြသည်...။

မုယွမ်ယောင်က အခြားအမျိုးသမီးများနှင့် စကားပြောနေရင်း မျက်လုံးထောင့်မှ အကြီးဆုံးသခင်မနဲ့ စုယွီယိတို့ရဲ့ အမူအရာကို လှမ်းကြည့်လိုက်၏။ သူတို့ရဲ့ ပြုံးရွှင်နေသော မျက်နှာထားများ မည်းမှောင်သွားတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူမနှုတ်ခမ်းများက လျှို့ဝှက်စွာ ကွေးတက်သွားတော့သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now