Unicode
အပိုင်း ၂၄၄ - လီယွမ်ယီရဲ့ နှလုံးသားအခြေအနေ
ဒုတိယနေ့တွင် ယွဲ့ဝမ်က အစောကြီးထွက်သွားသည်။ မသွားခင် သူက အထိန်းတော်ချင်းကို အကယ်၍ ပူးရှန့်လုံမှာ တစ်ခုခုဖြစ်ခဲ့လျှင် မုယွမ်ယောင်ရဲ့ လုံခြုံရေးကို သေချာအောင် လုပ်ပေးရမယ်လို့ မှာကြားခဲ့သည်။
ထုံးစံအတိုင်း အထိန်းတော်ချင်းက သဘောတူလိုက်ပြီး ကျင်းရှို့ဥယျာဥ်တွင် လူတွေကို ဂရုတစိုက် နေရာချခဲ့သည်။
ဒါက မုယွမ်ယောင် မျှော်လင့်ထားသလိုပါပဲ၊ လီယွမ်ယီက ဒုတိယနေ့တွင်လည်း မလာခဲ့ပေ။ မင်ယင်းက မုယွမ်ယောင်ရဲ့ သင်ကြားပေးမှုတွေကို လိုက်နာပြီး ရေထဲကို ပြုတ်ကျယောင်ဆောင်လိုက်သည်။ ထို့နောက် သူမ နေပြန်ကောင်းမလာမချင်း ဧည့်သည်တွေကို ဧည့်ခံနိုင်မှာ မဟုတ်ကြောင်း ပြောခဲ့သည်။
ထိုညတွင် လီယွမ်ယီက သူ့ရဲ့နောက်လိုက်တွေကို မင်ယင်းဆီသွားဖို့ လွှတ်လိုက်သည်။ သူက သူမ အားပြန်ပြည့်လာဖို့အတွက် ဆေးပင်တွေ အများကြီးတောင် ပို့လိုက်သေးသည်။
မင်ယင်းက မြန်မြန် ကျေးဇူးတင်လိုက်ပေမယ့် ဆေးတွေကို ပြန်ပေးလိုက်သည်။
လီယွမ်ယီက သူ့နောက်လိုက်ရဲ့ တင်ပြမှုကိုကြားတော့ သူ့နှလုံးသား လှုပ်ခါသွားပြီး ထိုနေ့က မင်ယင်းနဲ့ တွေ့ခဲ့တဲ့အကြောင်းကို ပြန်ပြီး စဥ်းစားနေမိသည်။
လီမုနျန်လာတော့ သူ့ကို ထိုအခြေအနေနဲ့ တွေ့လိုက်ရပြီး မနေနိုင်ဘဲ အကြံပေးမိသည်။
"ပူးရှန့်လုံက တခြားနေရာတွေနဲ့ မတူဘဲ ကွဲပြားတယ်။ နောက်ပြီး ဦးလေးက ဒီကို ဆားခွန်တွေစီစစ်ဖို့ လာတာကြောင့် တခြားရှုပ်ထွေးမှုတွေ ရှိနေရင် မသင့်လျော်ဘူး။ အကယ်၍ ဦးလေး မင်ယင်းကို တကယ်သဘောကျတယ်ဆိုရင် ကိစ္စတွေ ဖြေရှင်းပြီးသွားတဲ့အခါကျမှ သူ့ကို ဦးလေးအိမ်တော်ဆီ လွှတ်ပေးဖို့ နည်းလမ်းရှာလိုက်မယ်လေ"
"စိတ်မပူပါနဲ့ တူလေး၊ ငါလုပ်နေတာ ငါသိပါတယ်"
သူက အလှလေးတွေကို သဘောကျပြီး ပိုးပန်းရတာ နှစ်သက်သည်။ နောက်ပြီး သူ့ရဲ့ အဆင့်အတန်းကြောင့် သူပါးစပ်ဟလိုက်တာနဲ့ လူတွေက အလှလေးတွေကို သူ့အိပ်ရာဆီသို့ တန်းပြီးပို့လာကြလိမ့်မည်။ အဲ့တာက သိပ်ပြီး ပျော်စရာမကောင်းပေ။ လီမုနျန်ကလည်း အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ သူက လီယွမ်ယီအကြောင်းကို သိပြီး လီယွမ်ယီရဲ့ အနေအထိုင်နဲ့ အပြုအမူတွေကို သဘောမကျပေ။ သူ့ထက် အကြီးပိုင်းဖြစ်နေလို့သာ ဦးလေးလို့ ခေါ်နေရတာ ဖြစ်တာကြောင့် သိပ်အဆင်မပြေတဲ့ အရာမျိုးတွေကို သိပ်ပြီးမပြောပေ။
"ဦးလေး ယန်ကျိုးမြို့ကို ဘယ်အချိန် သွားမှာလဲဆိုတာ ကျွန်တော်သိချင်နေတာ"
ကျင်းလင်မြို့နဲ့ နှိုင်းယှဥ်ကြည့်လျှင် ယန်ကျိုးမြို့နဲ့ စုကျိုးရဲ့ တောင်ပိုင်းမြို့တွေက စစ်ဆေးဖို့ အဓိကကျတဲ့နေရာတွေ ဖြစ်သည်။ လီယွမ်ယီက မခန့်မှန်းနိုင်တဲ့ အပြုံးဖြင့် ပြုံးလိုက်သည်။
"အခု ကျင်းလင်မြို့ရဲ့ အတွင်းဗဟိုချက်က ဆားခွန်တွေကို စစ်ဆေးဖို့ အချိန်နည်းနည်းတော့ ယူရဦးမယ်။ အဲ့ကိစ္စအတွက် ဆားကုန်သည်တွေလည်း ယန်ကျိုးမြို့ကို လာနေတာမလို့ ငါတို့ ဒါကို ပိုပြီးအသေးစိတ်ကျကျ စစ်ဆေးနိုင်မယ်လို့ ထင်တယ်။ ဒါထက် ငါ ကောလဟာလတချို့လည်း ကြားထားတာကြောင့် ယန်ကျိုးမြို့ကို အလျင်စလို မသွားဘဲနဲ့ ကျင်းလင်မှာပဲ ပိုကြာကြာနေလို့ရတယ်"
ဆားကုန်သည်တွေသာ မရူးသွပ်ဘူးဆိုရင် လီယွမ်ယီက သူတို့ကို ပိုပြီးဂရုတစိုက် စစ်ဆေးတာမျိုး ခံချင်မှာမဟုတ်ပေ။ အခု သူတို့က ယခုလိုပြောတော့ ဆားကုန်သည်တွေက ပြင်ဆင်ဖို့ အချိန်ရအောင်လို့ လီယွမ်ယီကို ကျင်းလင်မြို့မှာပဲ ခပ်ကြာကြာ နေစေချင်တော့သည်။ ကြည့်ရတာ ဒီတစ်ကြိမ် ဆားခွန်ကိစ္စမှာ ကြီးမားသည့်ပြဿနာ ဖြစ်တော့မည့်ပုံပင်။
လီမုနျန်က မျက်လုံးပင့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဦးလေး ဘာကိုဆိုလိုတာလဲ?"
"ဟုတ်တယ် အဲ့တာကို ဖြေးဖြေးချင်း စစ်ဆေးပြီး ဆားကုန်သည်တွေကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ဖို့ အချိန်တချို့ ပေးထားမယ်။ ပြောရရင် အခု ငါ ဆားကုန်သည်တွေကို သူတို့ရဲ့ ကောင်းကျိုးအတွက် ကူညီပေးထားမယ်။ နောင်မှာ သူတို့ဆီကရနိုင်မယ့် အကျိုးအမြတ်တွေက အဆုံးမရှိပဲလေ"
သူ့ရဲ့ ဒီတစ်ခေါက် ရည်ရွယ်ချက်က ဒီဆားကုန်သည်တွေကို ပထမမင်းသား ကြိုးကိုင်နိုင်ပြီး အနာဂတ်မှာ သူတို့ဆီကနေ အကျိုးအမြတ်တွေ များများထုတ်နိုင်ရန်အတွက် ကူညီပေးဖို့ဖြစ်သည်။ သူ ဒီမှာ ခဏလေးနေရခိုက် ကျင်းလင်မြို့ကနေ သတင်းကောင်းတွေ ကြားရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။
လီမုနျန်က အရမ်းပျော်နေတာကြောင့် သူက လီယွမ်ယီကို သတိပေးလိုက်သည်။
"ဒါက သတင်းကောင်းဖြစ်ပေမယ့် လှည့်စားတာတွေ တစ်ခုခုရှိခဲ့ရင် ဦးလေး ပိုပြီးတော့ ဂရုစိုက်သင့်တယ်နော်။ ဆားကုန်သည်တွေက ဉာဏ်များပြီး ဒီရေရဲ့ အတိမ်အနက်ကလည်း ကြီးတယ်။ အကယ်၍ ဦးလေး သတိလွတ်သွားရင် လှေက မြောင်းထဲနစ်သွားနိုင်တယ်"
"တူလေး စိတ်မပူပါနဲ့၊ သတင်းတစ်ခုခုရှိခဲ့ရင် ငါ မင်းနဲ့လာပြီး ဆွေးနွေးလှည့်မယ်။ အဲ့မှာ အမှားတစ်ခုမှ မရှိလောက်ပါဘူး"
ဒီကိစ္စက အရေးကြီးတဲ့ကိစ္စ ဖြစ်တာကြောင့် သူက လီမုနျန်ကို သေချာပေါက် ဆွဲထားမည်ဖြစ်သည်။ ဆိုလိုတာက သူ့နောက်တွင် အမတ်ချုပ်လီရဲ့ ထောက်ပံ့မှုရှိနေပြီး သူနဲ့ ပထမမင်းသား နှစ်ယောက်လုံးက ကြီးမားတဲ့ အားသာချက်ရှိသူတွေ ဖြစ်သည်။
"ကောင်းပါပြီ၊ ကျွန်တော်မဆုံးဖြတ်နိုင်ရင် မြို့တော်ဆီစာပို့ပြီး အဖေ့ဆီက လမ်းညွှန်မှု တောင်းလိုက်မယ်"
လီမုနျန်နဲ့ လီယွမ်ယီက တစ်ယောက်နဲ့တစ်ယောက် ပျော်ရွှင်စွာဖြင့် ပြောဆိုနေကြသည်။ သူ ထွက်မသွားခင် လီမုနျန်က သူ့ရဲ့လှပတဲ့ အမျိုးသမီးအစေခံနှစ်ယောက်ကို ထားခဲ့ပေမယ့် လီယွမ်ယီကတော့ မင်ယင်းကို စိုးရိမ်နေသည်။ သူရှေ့က အမျိုးသမီးအစေခံနှစ်ယောက်ကို ထပ်ကြည့်လိုက်တဲ့အခါ သူတို့က သာမန်မိန်းမတွေပဲဖြစ်ပြီး မင်ယင်းလို ကြော့ရှင်းပြီး မသိမ်မွေ့သလို ခံစားလိုက်ရသည်။
"ကြည့်ရတာ မနက်ဖြန် ကိုယ်ရေးကိုယ်တာအတွက် သွားလည်ရတော့မယ့်ပုံပဲ"
"နောက်တစ်နေ့တွင် လီယွမ်ယီက ပူးရှန်းလုံသို့ ဦးမလှည့်ခင် ခါးသီးစွာ စောင့်နေသည်။ သူရောက်တော့ မင်ယင်းကို မတွေ့ပေမယ့် ဆိုင်ရှင်ချင်းကတော့ ကြိုဆိုလာသည်။
"လီတာ့ရန်ကို အရိုအသေပေးပါတယ်၊ ဒီနေ့အဖို့ ယွင်ချွန်းကို လက်ဖက်ရည်ဖျော်ခိုင်းလိုက်ရပါမလား"
ယွင်ချွန်းက ရှေ့သို့တိုးလာပြီး နှုတ်ဆက်လိုက်သည်။
"လီတာ့ရန်ကို အရိုအသေပေးပါတယ်"
ယွင်ချွန်းကလည်း သိမ်မွေ့တဲ့အသွင်အပြင်၊ သိမ်မွေ့တဲ့ မျက်ခုံးတွေရှိသည်။ သူမရဲ့ အဖြူရောင်ဝတ်စုံက လန်းဆန်းမှုကိုပေးသည်။ ပုံမှန်အားဖြင့် ယွမ်ယီက ဒီလိုမျိုးလေးတွေကို သေချာပေါက် ထိတတ်ပေမယ့် သူ့ရှေ့မှာ မင်ယင်းရှိနေရင် သူ့မျက်လုံးထဲမှာ ဘယ်သူမှမရှိတော့သလိုပင်၊ ဒီလိုခံစားမှုမျိုးက သူ့ဆီမှာပေါ်မလာတာ ကြာပြီဖြစ်ပြီး သူ့ကို ပိုသိချင်လာအောင် ဖြစ်စေသည်။ ဒီနှစ်တွေအတွင်း သူ့ဘေးပတ်လည်မှာ အလှလေးတွေ အများကြီးရှိပေမယ့် ဘယ်သူမှ သူ့နှလုံးသားကို မလှုပ်ရှားစေပေ။ မင်ယင်းက သူစိတ်ပူရတဲ့ ပထမဆုံးသူ ဖြစ်တာကြောင့် သူ့မှာ လက်မလျှော့ချင်တော့ပေ။
"ဆိုင်ရှင်ချင်း ကျုပ် လက်ဖက်ရည်သောက်ဖို့ လာခဲ့တာမဟုတ်ဘူး။ မိန်းကလေးမင်ယင်းမှာ တစ်ခုခု ဖြစ်သွားတယ်လို့ ကြားတယ်။ အဲ့တာကြောင့် သူ့ဆီကိုလာလည်တာ"
အထိန်းတော်ချင်းက အနည်းငယ် ဒုက္ခရောက်သွားပုံရသည်။
"ဒါက...လီတာ့ရန်ကို အမှန်အတိုင်းပြောရရင် မိန်းကလေးမင်ယင်းရဲ့ ထိခိုက်မှုကြောင့် ကျွန်တော်တို့ဆီကို လာတဲ့ဧည့်သည်တွေက အတောသတ်မသွားပေမယ့် မိန်းကလေးမင်ယင်းကတော့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ သူမက အစကတည်းက စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ပူးရှန်းလုံရဲ့ စစ်ချာဖြစ်ပေမယ့် ကျွန်တော့်အနေနဲ့ သူမကို တွန်းအားပေးလို့ မရပါဘူး"
"လက်စသတ်တော့ အဲ့လိုကိုး။ ဒါဖြင့် ဆိုင်ရှင်ချင်းက မိန်းကလေးမင်ယင်း ကျုပ်ကိုတွေ့ချင်လားလို့ မေးကြည့်ပေးလို့ရမလား"
အထိန်းတော်ချင်းက ခဏလောက် အံအားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။ အပြုံးဖြင့် သူက ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ ယွင်ချွန်းကို သွားမေးကြည့်ခိုင်းလိုက်ပါ့မယ်။ အကယ်၍ မိန်းကလေးမင်ယင်းက တွေ့ချင်တယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ"
သူ့အမူအရာကို ကြည့်လိုက်ပြီး လီယွမ်ယီက ပြုံးလိုက်ကာ ဆိုင်ရှင်ချင်းက မရရအောင် တစ်ခုခု လုပ်ပေးလိမ့်မယ်ဆိုပြီး တိတ်တဆိတ် တွေးလိုက်သည်။
"ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ ဆိုင်ရှင်ချင်း။ ကျုပ် ခင်ဗျားအပေါ် အကူအညီအတွက် အကြွေးတင်သွားပြီလို့ မှတ်ထားလိုက်ဗျာ"
ထုံးစံအတိုင်း မင်ယင်းကိုရပြီးရင် ဆိုင်ရှင်ချင်းအပေါ် အကြွေးရှိတာကို သူက စိတ်ထဲထားတော့မည် မဟုတ်ပေ။
အထိန်းတော်ချင်းရဲ့ မျက်နှာပေါ်ရှိ အပြုံးက ပိုပြီးကျယ်ပြန့်လာကာ လီယွမ်ယီကို လက်ဖက်ရည် ဧည့်ခံလိုက်ပြီး သူနဲ့အတူ စောင့်ပေးနေလိုက်သည်။
သူ လက်ဖက်ရည်နှစ်ခွက် သောက်ပြီးနောက် ယွင်ချွန်းက အဆင်မပြေတဲ့ အမူအရာဖြင့် ပြန်လာသည်။
"လီတာရန် မိန်းကလေးမင်ယင်းက နေလို့မကောင်းတာကြောင့် တာ့ရန်ကို သူ အခုတွေ့လို့မရသေးပါဘူးတဲ့၊ ခွင့်လွှတ်ပါ"
လီယွမ်ယီက မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် အနိုင်ရဖို့ ခိုင်မာတဲ့ဆန္ဒ ရှိနေသည်။
"အဲ့လိုဆိုမှတော့ ကျုပ် နောက်တစ်နေ့မှပဲ လာပါတော့မယ်"
သူ ပြောပြီးနောက် ထွက်သွားတော့သည်။
ယွင်ချွန်းကလည်း အလျင်အမြန် လိုက်လာသည်။
"လီတာ့ရန် ခဏလောက်စောင့်ပါဦး၊ တကယ်တော့ မင်ယင်းက တာ့ရန်ကို တွေ့ချင်ပါတယ်၊ အဲ့တာက ဒီတိုင်း...."
လီယွမ်ယီက လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး မပျော်မရွှင်ဖြင့် ပြောလိုက်သည်။
"သူက ကျုပ်ကိုတွေ့ချင်တာကို မင်းက ဘာလို့ကိစ္စတွေကို ခက်ခဲအောင် လုပ်နေတာလဲ?"
"ယွင်ချွန်း ဘယ်တော့မှ အဲ့လိုမလုပ်ရဲပါဘူး။ ကျွန်မ စကားကို ရှင်းရှင်းမပြောခဲ့မိတာပါ။ ကျွန်မနောက်ကနေ လိုက်ခဲ့ပေးပါ။ တာ့ရန်မြင်ရင် နားလည်သွားပါလိမ့်မယ်"
ယွင်ချွန်းက အံကြိတ်လိုက်ပြီး ကျင်းရှို့ဥယျာဥ်ရဲ့ နောက်ဖက်ခြံဝန်းထဲသို့ ခေါ်လာလိုက်သည်။
ထိုအချိန်တွင် နောက်ဘက်ခြံဝန်း၌ ပန်းတွေပွင့်နေပြီဖြစ်သည်။ ထူပိန်းသော ခရမ်းရောင်နဲ့ အနီရောင်ပန်းများက အတော်လေးကို လှပနေသည်။
ကြီးမားသော ခြံဝန်းရဲ့အဆုံးတွင် ရေတွေစီးနေသံကို ကြားရသည်။ လေသာဆောင်လေးက ရေပေါ်တွင်ဆောက်ထားပြီး ကျက်သရေရှိသော အသွင်အပြင်ရှိသည်။ အဆောင်ထဲတွင် မင်ယင်းက လက်တန်းကိုမှီကာ လဲလျောင်းနေပြီး လက်တစ်ဖက်က သူမမေးကိုထောက်၍ ရေမျက်နှာပြင်ကိုကြည့်ရင်း ငေးမောနေသည်။
ထိုအခိုက်အတန့်တွင် သူမက အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဂါဝန်စက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ လေဖြတ်တိုက်သွားချိန်တွင် သူမရဲ့ဝတ်ရုံလက်တွေက ညင်သာစွာ လွင့်မျောနေပြီး သူမက လေဟုန်စီးနေသလို ဖြစ်နေသည်။ လီယွမ်ယီက အဝေးကနေ သူမကို ကြည့်နေသည်။ သူမရဲ့ ဖြူဖျော့ပြီး သိမ်မွေ့တဲ့မျက်နှာကို ကြည့်ရင်း သူ့နှလုံးသားက သူမအတွက် ပူပန်နေမိသည်။
"မိန်းကလေးမင်ယင်း..."
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historische fictieစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...