အပိုင်း ၃၂၈/ အပိုင္း ၃၂၈

206 29 0
                                    

Unicode

အပိုင်း ၃၂၈ - ရေစီးကြောင်းကိုမွှေနှောက်မည့်သူ

မုယွမ်ယောင် ခန်းမထဲကိုဝင်လာတော့ စုယွီယိရဲ့ကဗျာရွတ်နေသံကိုကြားလိုက်ရသည်။

“‌နွေဦးမှဆောင်းဦးတိုင်ကြာတဲ့ ထူပြောတဲ့မျက်နှာချေ၊ ကောင်းကင်ယံကနှစ်ပေါင်းထောင်ချီတဲ့အလှတရားကို ကမ္ဘာမြေပေါ်ကအဝါရောင်သို့ ကိုးရက်တာပြောင်းလဲစေခဲ့.....”

“ယွီယိကရုပ်ကလေးလှရုံတင်မဟုတ်ဘူး၊ အသိပညာကလည်းပြိုင်ဘက်ကင်းတာပဲ၊ သခင်မမုန့်ကတော့ တကယ်ကံကောင်းတာပဲနော်”

ခန်းမကြီးထဲကသခင်မတွေအားလုံး စုယွီယိကို မရပ်မနားချီးကျူးနေကြတာမို့ မုယွမ်ယောင်ဝင်လာတာကို သတိထားမိတဲ့သူ သိပ်မရှိချေ။ စုချင်က မုယွမ်ယောင်ကိုသတိထားမိတော့ လက်ကိုဆွဲကာ ပြောလာသည်။

“ယောင်အာ...”
“အမေ ဗိုက်ဆာနေပြီလား”

စားသောက်ပွဲကြီးက အရမ်းကိုကြီးကျယ်ခမ်းနားနေပေမယ့် တကယ့်စားလို့ရတာကသိပ်မရှိပေ။ အဲ့ဒီအပြင် လူရှေ့သူရှေ့မှာ ပါးစပ်အပြည့်စားလိုက်ရင်လည်း အစားလောဘကြီးတယ်လို့ အတင်းပြောခံရနိုင်သည်။ အမေကထိုဒဏ်တွေမခံနိုင်တဲ့သူမို့ အခုဗိုက်ဆာနေရင်တောင် သည်းခံမှဖြစ်မည်။

စုချင်ကခေါင်းယမ်းကာ စိုးရိမ်ရိပ်သန်းနေတဲ့အကြည့်နဲ့ ‌ပြန်ဖြေ၏။

“အမေမစားချင်သေးပါဘူး၊ အခုလေးပဲ အရေးကြီးတဲ့ဧည့်သည်ရောက်လာတယ်လို့ ကြားလိုက်လို့လေ”

ယောင်အာရဲ့အတိတ်ဘဝကအကြောင်းတွေကို သူမစိတ်ထဲမှာ ထပ်ခါထပ်ခါရေရွတ်နေမိဆဲပင်။ တကယ်တော့ ဒီနေ့လာတဲ့သူက ယောင်အာရဲ့အမျိုးသားဖြစ်ခဲ့တဲ့ကျင်းဝမ်မှန်း သူမ သိထားသည်။ ယောင်အာက ထိုလူ့အကြောင်းကို စကားလုံးအနည်းငယ်နဲ့ပဲ မရောမရာပြောခဲ့ပေမယ့် မျက်လုံးတွေထဲက အမုန်းတရားတွေကိုတော့ အမေတစ်ယောက်အနေနဲ့မြင်နိုင်၏။

မုယွမ်ယောင်က ပြုံးရင်းခေါင်းခါလိုက်သည်။

“အရေးအကြီးတဲ့ဧည့်သည်က ပွဲစကတည်းကပြန်သွားတာမို့ အမေစိုးရိမ်ဖို့မလိုပါဘူး”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now