Unicode
အပိုင်း ၂၆၃ - ရှေ့ဆက်ဖို့ အရှည်ကြီး ကျန်သေးတယ်
နေ့လယ်ခင်းတွင် နီယွင်ဖန်း၌ လုပ်စရာ အများကြီး မရှိတာကြောင့် စုချင်က မုယွမ်ယောင်ကို အိမ်ကို စောစောပြန်လာပြီး နားဖို့ ပြောသည်။
မုယွမ်ယောင် အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျင်းလန်က လာရောက်တင်ပြတာကို ကြားလိုက်ရသည်။“သခင်မလေး၊ ဆိုင်ရှင်ကျင်းက သခင်မလေးကို ကျင်းရှို့ဥယျာဉ်ဆီ ဖိတ်ကြားလိုက်ပါတယ်”
နှင်းမြေခွေးလေးက မုယွမ်ယောင်ရဲ့ ဒူးပေါ် ခုန်တက်လိုက်ပြီး သူမလက်ချောင်းတွေကို သူ့ခေါင်းနဲ့ အသာပွတ်သပ်သည်။ ယင်းက ပါးစပ်ကနေ “အူအူ”နဲ့ အသံပြုလျက် အလွန်စိတ်ထိခိုက် ဝမ်းနည်းနေပုံရသည်။မုယွမ်ယောင် ခေါင်းငုံ့ကာ နှင်းမြေခွေးရဲ့ခေါင်းကို ပွတ်သပ်ပေး၏။ သူမလက်ချောင်းထိပ်ကနေ နူးညံ့နွေးထွေးမှုကို ခံစားရစေသည်။ သူမ ခဏကြာအောင် စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါသိပြီ”
သူမလက်ထဲမှာ ငွေလျန်အလုံအလောက် ရှိတာကြောင့် အခုချက်ချင်း ယွဲ့ဝမ်ဆီက ခွဲထွက်ဖို့ မဖြစ်နိုင်တာ မဟုတ်ပေမယ့် နီယွင်ဖန်းနဲ့ ပူးရှန့်လုံက အပြန်အလှန် ချိတ်ဆက်နေပြီး လွယ်လွယ် ချိုးဖြတ်ဖို့ များလွန်းအားကြီးတယ်။ ထပ်ပြီး တစ်ချက်ကြည့်ကြည့်တာ ပိုကောင်းတယ်။ ယွဲ့ဝမ် ဆက်ပြီး စစ်မေးနေမယ်ဆိုရင် နာကျင်ရမယ်ဆိုရင်တောင် ဖြစ်နိုင်သမျှ မြန်မြန် သူနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရလိမ့်မယ်။ကျင်းရှို့ဥယျာဉ်ထဲတွင် ယွဲ့ဝမ် အနည်းငယ် စိုးရိမ်နေမိသည်။
သူတို့တွေ အခြေအနေမကောင်းဘဲ ခွဲခွာနေတာ လေးရက်ရှိပြီဖြစ်သည်။ ယွဲ့ဝမ် သေချာစဉ်းစားကြည့်ပြီးတဲ့နောက် အဲ့ဒီအချိန်တုန်းက သူ တကယ်ပဲ အလွန် စိတ်လိုက်မာန်ပါ ဖြစ်ခဲ့သည်။ သူမနဲ့ အချိန်အကြာကြီး တွေ့ဆုံပြီးနောက် မုယွမ်ယောင်က အလွန်အကာအဆီးထားတယ်ဆိုတာ သူသိပြီးဖြစ်ပြီး သူမကို အဲ့ဒီမေးခွန်းမေးဖို့ အတင်းဖိအားပေးခဲ့တာက သူ သူမကို ပိုပြီးဝေးအောင် တွန်းပို့လိုက်တယ်ဆိုတာ အသိသာကြီးပင်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...