Unicode
အပိုင်း ၃၁၄ - ပြန်တိုက်ချင်ပါတယ်
မုယွမ်ယောင်ပြန်ဖြေလိုက်သည်။
"အရှင်မင်းကြီး! သူကကျွန်မကိုရိုက်ခဲ့ပေမယ့် ကျွန်မရဲ့အကြီးဆုံးအဒေါ်က သူမဘက်ကလိုက်ပြီး အပြစ်မပေးဘဲ ဒီတိုင်းလွှတ်ပေးလိုက်ပါတယ်၊ ကျွန်မဒါကိုလက်မခံနိုင်ပါဘူး၊ ဒါကြောင့်ကျွန်မ သူ့ကိုအပြစ်ပြန်ပေးချင်ပါတယ်"
ဒါကိုကြားကြားချင်း ရှုလီထိန့်လန့်ကာ မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပေ။ ဒီဘိုးဘေးလေးက ဧကရာဇ်ကိုသဘောကောင်းတယ် မှတ်နေတာလား။ ပြောရဲဆိုရဲလိုက်တာ။ အဲဒါကထားပါဦး မိန်းကလေးမုန့်က ဘယ်သူမလို့လဲ? တော်ဝင်နန်းတော်က မဟာပရောဟိတ်ကြီးနဲ့ ချင်နင်မင်းသမီးရဲ့ မြေးမဖြစ်ပြီး တော်ဝင်ကိုယ်လုပ်တော်သဲ့ရဲ့ တူမလည်းဖြစ်တယ်။ သူမကိုပြန်တိုက်ခိုက်မှာကို လက်ခံမှာတဲ့လား?
မျှော်လင့်ထားသလိုပဲ ဧကရာဇ်မျက်မှောင်ကြုတ်လိုက်ပြီး သူရဲ့မျက်လုံးတွေက အလိုအလျောက် ကျဉ်းမြောင်းသွားသည်။ သူသာမန်လူတစ်ယောက်ဆိုရင် စိတ်ထဲမှာမပျော်မရွှင်ဖြစ်နေလောက်ပြီ။ ဒါပေမယ့် မုယွမ်ယောင်ရဲ့စကားများက အရမ်းကိုစိတ်ဝင်စားစရာ ကောင်းနေပြီး သူမရဲ့မျက်နှာကလည်း ဧကရာဇ်အမဖြစ်သူရဲ့ နတ်သမီးကဲ့သို့ ရုပ်ရည်ကိုပိုင်ဆိုင်ထားသဖြင့် ဧကရာဇ်ပုံမှန်ထက် ပိုစိတ်ရှည်နေခြင်းဖြစ်သည်။
"သူမကဘယ်သူလဲဆိုတာရော မင်းသိရဲ့လား?"
မုယွမ်ယောင် ခေါင်းငြိမ့်လိုက်သည်။
"သိပါတယ်၊ ဒီနန်းတော်ကိုမလာခင်ကတည်းက မုန့်မိသားစုရဲ့ဂုဏ်ကျက်သရေက ဘယ်လောက် ထူးခြားကြောင်းနဲ့ သခင်မလေးမုန့်ကို ကျွန်မ ဘယ်တော့မှ တိုက်ခိုက်နိုင်မှာမဟုတ်ကြောင်း အကြီးဆုံးအဒေါ်က ပြောလိုက်ပါတယ်"
"အဲဒါကိုသိသိကြီးနဲ့ ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးတာလား?"
"ပြန်တိုက်ချင်ပါတယ်"
မုယွမ်ယောင် တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficción históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...