အပိုင်း ၁၉၇/ အပိုင္း ၁၉၇

883 86 0
                                    

Unicode

အပိုင်း ၁၉၇

အထိန်းတော်ချင်းက ဒန်းစင်ရာမှာ ကူညီပေးသည်။ ကန်ရေပြင်ပေါ်မှာ ရှိနေတဲ့သူတွေကို ကြည့်ပြီး သူ မနေနိုင်ဘဲ ပြုံးမိသည်။ ဒီလွန်ခဲ့တဲ့ရက်တွေတွင် ကျင်းလင်မြို့မှာ နှင်းတွေ ထူထပ်စွာ ကျဆင်းပြီး ကျင်းရှို့ဉယျာဉ်ထဲက ရေတွေလည်း အေးခဲကုန်သည်။ မိန်းကလေးမုက
အလုပ်သမားတွေကို ဆော့ရအောင် ရေခဲပြင်ဆီ ခေါ်လာခဲ့သည်။ အလုပ်သမား‌တွေက တခြားနေရာတွေမှာ ကျွမ်းကျင်ပုံရပေမယ့် ရေခဲပြင်ပေါ်ရောက်တော့ သူတို့က ဘူးသီးခြောက်ကဲ့သို့ တလိမ့်လိမ့်ဖြစ်နေကြသည်။ သို့ပေသည့် သူတို့ အဲ့လိုဖြစ်လေ ကစားဖို့ အင်တိုက်အားတိုက်ဖြစ်လေပင်၊ မုယွမ်ယောင်ရဲ့ ကာကွယ်မှုမရှိဘဲ အတင်းထရပ်ပြီး ဆော့ကြပြန်သည်။

ယွီယီကလည်း သူ့ဘေးမှာ မတ်တပ်ရပ်နေသည်

“အထိန်းတော်ချင်း မနက်ဖြန် နှစ်သစ်ရောက်ပြီ။ ဝမ်ရယ် ဘယ်လိုနေနေလဲမသိဘူး"

အထိန်းတော်ချင်းက သက်ပြင်းချ၏။
“ဝမ်ရယ်က ဧကရာဇ်ရဲ့ မွေးနေ့မှာပဲ တစ်ကြိမ်ပြန်လာတယ်။ မဟုတ်ရင် နှစ်သစ်မှာတောင် အနောက်ပိုင်း ကွမ်းတုံဒေသမှာပဲ နေတယ်။ သူ ဒီနှစ်လည်း အရင်ကလိုပဲ ဖြတ်သန်းလိမ့်မယ်ထင်ပါရဲ့။ ဝမ်ရယ် နှစ်သစ်ကို ကောင်းကောင်း ကုန်ဆုံးနိုင်ဖို့ ဂျင်းလက်ဖက်ရည်နဲ့ ငွေလျန်တွေ ပို့ပေးချင်လိုက်တာ အိုင်း ဝမ်ရယ်သာ ဒီလာနိုင်ရင်”

“ဘာ ဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ၊ ဝမ်ရယ်က ဘာလို့လာ…”

ယွီယီ မယုံကြည်နိုင်စရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်။ သူ အထိန်းတော်ချင်း နောက်ကျောဘက်ကို ကြည့်ပြီး အော်လေသည်

“ဝမ်ရယ်!!"

"တိတ်တိတ်နေစမ်းပါ အော်ရုံနဲ့ဝမ်ရယ်ကရောက်လာမှာလား!"

ယွီယီ ချက်ချင်းပဲ အထိန်းတော်ချင်းကို ဆွဲခေါ်လိုက်သည်
“ဝမ်ရယ်!…အထိန်းတော်ချင်း ခင်များနောက်မှာ အမြန်လှည့်ကြည့်လိုက်”

အထိန်းတော်ချင်း ခေါင်းလှည့်ကြည့်တော့ မြင်လိုက်ရတာကြောင့် မျက်လုံးအပြူးသားနဲ့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now