Unicode
အပိုင်း ၃၀၆ - စုမိသားစုက ဘယ်တုန်းကမှ ဆင်ခြင်တုံတရားရှိတဲ့နေရာမဟုတ်ခဲ့ဘူး
လင်းယွီဟန် နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။ သူမကအစေခံတစ်ယောက်ပေမယ့် စုမိသားစုရဲ့သခင်မကြီးနဲ့ သူမအဖိုးရဲ့ဆက်ဆံရေးကြောင့်သာမဟုတ်လျှင် သူမက စုမိသားစုအိမ်တော်ထဲတွင် သက်သာလုံခြုံစွာ နေနိုင်မည်မဟုတ်ပါ။ အခု သူမနှင်ထုတ်ခံရမယ်ဆိုရင်တော့ သူမ တကယ့်အစေခံဘဝသို့ ရောက်ရှိသွားလိမ့်မည်။
အဲဒါကြောင့် သူမနှင်ထုတ်ခံရလို့မဖြစ်ပေ၊ သူမ မုန့်ယန့်ရန်အပေါ်မှာ အပြစ်ပုံချရမယ်။ မုန့်ယန့်ရန်က မုန့်မိသားစုရဲ့ ဆက်ခံသူသမီးတစ်ယောက်မလို့ ဒီနေ့ဖြစ်ပျက်သမျှအားလုံးက သူမရဲ့ဂုဏ်သိက္ခာကိုပဲ အများဆုံးထိခိုက်စေမှာ။ သူမကလိမ်ပြီး တစ်ခြားသူများမေ့သွားအောင် စောင့်ရမယ်။ သူမကတော့ မုန့်ယန့်ရန်နဲ့မတူဘူး။ စုမိသားစုအိမ်တော်ကနေ သူမနှင်ထုတ်ခံရလို့မဖြစ်ဘူး။
မုယွမ်ယောင် လင်းယွီဟန်စကားပြောတာ ပြီးအောင်စောင့်ပြီး အကြီးဆုံးသခင်မရှေ့သို့လျှောက်သွားသည်။
"အကြီးဆုံးအဒေါ်လည်း ဒီကိစ္စရဲ့ အမှန်တရားကို အခုရှင်းရှင်းလင်းလင်း မြင်ပြီလို့ထင်ပါတယ်၊ တရားမျှတအောင်ဆောင်ရွက်ပြီး ကျွန်မကိုဖြေရှင်းချက်တစ်ခုပေးပါ"
လင်းယွီဟန်သည် ထက်မြက်သူဖြစ်သည်။ သူမက သခင်မကြီးကိုနှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ပြီး သခင်မကြီးကိုပဲ သစ္စာရှိခဲ့သောကြောင့် စုယွီယိအတွက် သူမကိုစေလွှတ်ပေးရန် သခင်မကြီးကို ဖြောင်းဖြနိုင်ခဲ့သည်။ ထက်မြက်တဲ့လူတွေက မည်သည့်ရွေးချယ်မှုကို ပြုလုပ်ရမလဲဆိုတာကို သဘာဝကျကျသိသည်။
လင်းယွီဟန်၏ စကားသံတိုးသွားသောအခါ အကြီးဆုံးသခင်မရဲ့ မျက်ဝန်းများ မှေးမှိန်သွားခဲ့သည်။ သူမ မုယွမ်ယောင်ပြောတာကို ဂရုမစိုက်ခဲ့တဲ့အပြင် မုယွမ်ယောင်က ဘာပြဿနာမှ ရှာမှာမဟုတ်ဘူးလို့ယုံကြည်ခဲ့သည်။ ဒါပေမယ့် လင်းယွီဟန်ကတော့ မတူဘူး။ သူမက သခင်မကြီးနဲ့ အနီးကပ်ဆုံးလူဖြစ်ပြီး သခင်မကြီးရဲ့ယုံကြည်မှုကို အပြည့်အဝရထားသောသူဖြစ်သည်။ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သခင်မကြီးရှိကိုရှိမှာ ဖြစ်ဝာာကြောင့်သူမ ပိုပြီးဂရုစိုက်ရတော့မယ်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficción históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...