အပိုင်း ၂၅၅/ အပိုင္း ၂၅၅

658 59 1
                                    

Unicode

အပိုင်း ၂၅၅ - ဆားကုန်သည်တွေအတွက် နောက်တစ်တွင်းထပ်တူးပေးခြင်း

မုယွမ်ယောင်က မျက်တောင်ပုတ်ရင်း အပြုံးအပြည့်နဲ့ ပြောလာသည်။

"ခက်ခက်ခဲခဲလုထားတဲ့ဟာကို ဘာလို့လွယ်လွယ်လေး ပြန်ပေးလိုက်ရမှာလဲ။ ဆားတွေကို ဈေးမြင့်မြင့်နဲ့ ပြန်ဝယ်ခိုင်းရမှာပေါ့"

ယွဲ့ဝမ်ရဲ့မျက်လုံးတွေ တောက်ပသွားသည်။

"မင်းက ကောလဟာလဖြန့်ပြီး ဆားကုန်သည်တွေကြား ထိတ်လန့်တကြားဖြစ်သွားမှ ချီမင်ကို ရှေ့‌ထွက်ခိုင်းပြီး ဆားကုန်သည်တွေကို အခြေအနေတွေကို ထိန်းသိမ်းဖို့ ဆားတွေဝယ်ရမယ်ဆိုပြီး အကြံပေးစေချင်တယ်ပေါ့။ ဒီလိုနည်းနဲ့ဆို ဝရုန်းသုန်းကား ဖြစ်သွားနိုင်ပေမယ့် ရလဒ်က သိပ်ပြင်းထန်မှာမဟုတ်တော့ ကျန်းနန်မှာ လီအိမ်တော်နောက်တစ်ခု ထပ်ရှိထားတဲ့ အမတ်ချုပ်လီချင်းကျိုးအဖို့ ဒီအခြေအနေကိုဖြေရှင်းဖို့ သေချာပေါက် နည်းလမ်းရှာနိုင်မှာဖြစ်သလို ဧကရာဇ်ကလည်း သိပ်အရေးထားမှာမဟုတ်ဘူး"

"အဟုတ်ပဲ"

ယွဲ့ဝမ်က ခဏလောက် တွေးတောနေသည်။

"ဆားကုန်သည်တွေက ချီမင့်စကားကို နားမထောင်ကြရင်ရော"

"နားထောင်မယ်ဆို ငွေလျန်နည်းနည်း သုံးရုံနဲ့ ကိုယ့်အသက်ကိုယ် ကယ်တင်နိုင်မယ်၊ အနာဂတ်မှာပြန်ရောင်းပြီး ငွေရှာလို့တောင် ရသေးတယ်။ မနားထောင်ရင်တော့ အသက်ဆုံးရှုံးရမယ်။ သူတို့ မတုံးအသရွေ့ ဘယ်လမ်းကိုရွေးရမလဲ သိပါတယ်"

"အဲ့လိုသာဆို ဆားကုန်သည်တွေ ချီမင်ကို မုန်းသွားကြမှာပဲ"

"ချီမင်က ဘာမှမှမဟုတ်ပဲ၊ သူတို့မုန်းချင်ရင် ချီမင်ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားတဲ့သူကိုပဲ မုန်းရမှာ။ စစ်ယဲ့လည်း အရင်က ဒီလိုလမ်းမျိုး မဖောက်ဖူးဘူးလား"

မုယွမ်ယောင်က ယွဲ့ဝမ်ရဲ့အတွေးတွေကို ခန့်မှန်းခဲ့သည်။ ယွဲ့ဝမ်က ချီမင်ရဲ့ အထောက်အထားတွေကို ဖုံးကွယ်ထားပြီး ချီမင်က မြို့တော်မှာရှိတဲ့ပထမမင်းသားအိမ်တော်နဲ့ ဆက်စပ်နေတယ်ဆိုပြီး ကောလဟာ‌လတွေထွင်ခဲ့သည်။ ဆားကုန်သည်တွေ မုန်းချင်ရင်တောင် အဓိကတရားခံပထမမင်းသားကိုပဲ မုန်းသင့်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now