Unicode
အပိုင်း ၃၃၆ - ဟင်းရိုင်းပင်လုံးကြိုင်ပန်း
မုယွမ်ယောင်က လမုန့်စားပွဲတော်လက်ဆောင်ကိုသယ်ပြီး ပြန်လာကြတဲ့သူတွေကိုမြင်တော့ မအံ့ဩဘဲမနေနိုင်တော့ချေ။ ဟင်းရိုင်းပင်လုံးကြိုင်ပန်းက မြောက်ပိုင်းဒေသကနေ လာခဲ့ရတာတောင် အထိအခိုက်တစ်ခုတလေမှ မရှိသလို လှပစွာ ပွင့်လန်းနေသည်။
ကျီယွဲ့ဥယျာဉ်ရဲ့ နဂိုရှုခင်းကိုက အတော်လေးလှပနေပြီပင်။ ခြံဝင်းက နေရာကျယ်ပေမယ့် ဟင်းရိုင်းပင်လုံးကြိုင်ပင်ရှစ်ပင်ကို ချလိုက်တော့ ကျပ်ညပ်သွားတော့သည်။
မုယွမ်ယောင်က ပန်းပင်အောက်မှာရပ်ပြီး နွေးထွေးတဲ့အကြည့်တွေနဲ့ မော့ကြည့်ကာ ကိုင်းတစ်ကိုင်းကို ညင်ညင်သာသာ ဆွဲယူလိုက်၏။
ဘေးမှာရှိနေတဲ့ ကျင်းချောင်က အံ့အားသင့်စွာနဲ့
"မိုင်ပေါင်းထောင်ချီဝေးတဲ့ ကျင်းလင်ကနေ မြို့တော်ထိပို့တာတောင် ဟင်းရိုင်းပင်လုံးကြိုင်ပန်းတွေက လှနေဆဲပဲနော်၊ တစ်လမ်းလုံး သေချာဂရုစိုက်လာတာနေမယ်"
မုယွမ်ယောင်က နေရာလွတ်ရှိတဲ့နေရာကိုလှည့်ပတ်ကြည့်ရင်း
"အကြီးဆုံးအဒေါ်ကို ခြံထဲကစိုက်ထားတဲ့အပင်တွေ ယာယီရွှေ့ထားလို့ရလား သွားမေးကြရအောင်"
အကြီးဆုံးအဒေါ်က ဆူဆူညံညံအသံတွေ ကြားထားပြီးသားမို့ မုယွမ်ယောင်အလာကိုတောင် မစောင့်ဘဲ ကျီယွဲ့ဥယျာဉ်ကို မုယွမ်ယောင်စိတ်ကြိုက်လုပ်ခွင့်ရှိကြောင်း လူလွှတ်အကြောင်းကြားလာသည်။ မုယွမ်ယောင်ကလည်း ကိုယ်တိုင်သွားစရာ မလိုတော့တာမို့ ပျော်သွား၏။ သူမက စိုက်ထားတဲ့အပင်တွေကို တူးထုတ်ပြီး ဟင်းရိုင်းပင်လုံးကြိုင်ပန်းတွေကိုစိုက်ဖို့ ညွှန်ကြားလိုက်သည်။
"သခင်မလေး ကျင်းလင်မြို့သူ၊ မြို့သားတွေပို့လိုက်တဲ့ သင်္ဘောသုံးစင်းလည်း ရှိပါသေးတယ်။ အစားအသောက်တွေ အသီးအရွက်တွေ သယ်ဆောင်လာတာပါ၊ အကုန်လုံးကို အထဲသယ်ခိုင်းလိုက်ရမလား"
မုယွမ်ယောင်က အံဩသွားပြီး
"ကျင်းလင်ကပို့လိုက်တဲ့ လက်ဆောင်တွေလား"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Tiểu thuyết Lịch sửစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...