အပိုင်း ၃၂၀/ အပိုင္း ၃၂၀

305 34 0
                                    

Unicode

အပိုင်း ၃၂၀ - မုယွမ်ယောင်ရဲ့အရှိန်အဝါကိုငှားယူခြင်း

“တိတ်စမ်း!”

အကြီးဆုံးသခင်မက စုယွီယိကို ခက်ထန်စွာလှမ်းကြည့်ရင်း ခပ်တိုးတိုးဆူလိုက်သည်။

“အမေ မှာထားတယ်မလား၊ အိမ်မှာဆိုရင်တောင် စကားကို ဂရုစိုက်ပြောရမယ်လို့လေ။ ကျောချမ်းစရာကောင်းတယ်ဆိုတာ ဘာစကားလဲ! မင်းအဖိုးက စကားလှလှနဲ့ပြောရရင်အရာရှိတစ်ယောက်၊ တဲ့တိုးပြောမယ်ဆို ဧကရာဇ်ချီးမြှောက်ထားတဲ့ အစေခံသာသာပဲ၊ အစေခံက သခင်ကိစ္စတွေထဲမှာ ဝင်ရှုပ်ရဲမှတော့ ဧကရာဇ်က လက်မဖြတ်ပစ်တာတောင် မျက်နှာသာပေးရာရောက်နေပြီ၊ မင်းအဖိုးက အရာရာတိုင်းမှာတော်ပေမယ့် သွေးထိုးရလွယ်လွန်းနေတယ်”

“အဖိုးကလည်း အရမ်းစိုးရိမ်နေတာ၊ ဒီနှစ်တွေထဲ တော်ဝင်ကိုယ်လုပ်တော်သဲ့က ဧကရာဇ်ကိုခစားလာတာ သူမက မျက်နှာသာအပေးခံရဆုံးလိုကိုဖြစ်နေပြီ၊ ဒါပေမယ့် သူမက ကလေးမရနိုင်ဘူးလို့ ဘယ်သူကထင်ထားမှာလဲ၊ အဲလိုမှမဟုတ်ရင် အဖိုးတို့မိသားစုလည်း ဒီလိုအကြပ်အတည်းထဲရောက်မှာမဟုတ်ဘူး”

“တော်လောက်ပြီ ပြီးခဲ့တာတွေက ပြီးသွားပြီလေ၊ ပြောင်းလဲလို့မရတော့တဲ့ဟာတွေကို ပြန်အစဆွဲထုတ်မနေနဲ့တော့”

အကြီးဆုံးသခင်မက ကိုယ်နှဖူးကိုပွတ်ပြီး ပြင်းပြင်းထန်ထန်မျက်မှောင်ကြုတ်ထားသည်။

“တစ်ယောက်ယောက်ကိုလွှတ်ပြီး မင်းအစ်ကိုကို သွားခေါ်ခိုင်းချေ၊ မုယွမ်ယောင်ကိုအထင်မသေးနဲ့ဆိုပြီး အရင်တစ်ခါတုန်းက သူသတိပေးဖူးတယ်၊ ငါကိုယ်တိုင်က အလေးမထားမိတာ! အခုမှပြန်စဉ်းစားကြည့်ရင် သူတစ်ခုခု သိထားတာပဲဖြစ်ရမယ်”

“ဟုတ်ကဲ့ သမီးအခုချက်ချင်း အစ်ကို့ကိုသွားခေါ်ခိုင်းလိုက်ပါ့မယ်”

ခဏကြာပြီးနောက်မှာတော့ စုချင်းဝူရောက်လာသည်။

“နှုတ်ခွန်းဆက်ပါတယ် အမေ”

“ထိုင်ပါ ညစာစားပြီးပြီလား”

စုချင်းဝူက ခေါင်းညိတ်၏။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now