အပိုင်း ၂၉၉/ အပိုင္း ၂၉၉

490 38 1
                                    

အပိုင်း ၂၉၉
ရန်လိုတတ်တဲ့ မုန့်ယန်ရန်

မုန့်ယန့်ရန် ဒေါသ ပေါက်ကွဲတော့မှာကို သိတဲ့ စုယွီယိက အလျင်အမြန် ရှေ့တိုးလိုက်ပြီး သူမလက်တွေကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။

"မင်းတို့ အားလုံးက ငါ့ညီမတွေပဲလေ၊ ဘာလို့ ငါတို့ တံခါးနားမှာ ရပ်ပြီး ပြောနေကြမှာလဲ? လာ..လာ အထဲကို အမြန်ဝင်ခဲ့ကြ၊ ကျင်းလင်က ဝယ်လာတဲ့ လက်ဖက်ရည်

ဖျော်ခိုင်းထားတယ်၊ တကယ် သောက်လို့ကောင်းတယ်ဆိုပဲ ညီအစ်မနှစ်ယောက်လုံး လာသောက်လှည့်ကြလေ"

မုန့်ယန့်ရန်က အေးစက်စက်နှင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခန်းမထဲသို့ အမြန်လျှောက်ဝင်သွားတော့သည်။ သို့ပေမယ့် သူမစိတ်ထဲ၌ အခဲမကျေနိုင်ဘဲ တနုံ့နုံ့ ဖြစ်နေသေးသည်။ မုယွမ်ယောင် ဖြည်းဖြည်းဝင်လာသည်ကို ကြည့်ရင်း ပြောလာသည်။

"အစ်မ ယွီယိ၊ ဒီ လုယိဥယျာဉ်လေးကို ပြင်ဆင်တုန်းက ငွေ တော်တော်ကုန်ခဲ့ရတာမှတ်မိသေးတယ်၊ ဟုတ်တယ်မလား?"

"အကုန်အကျ သိပ်မများအောင် တတ်နိုင်သလောက် ကြိုးစားကြည့်ခဲ့ပေမယ့်လည်း တကယ် တော်တော်လေးကုန်သွားခဲ့တာလေ"

စုယွီယိက ဝင့်ကြွားစွာပြုံးလိုက်သည်။တကယ်တော့ ဒီ လုယိ ဥယျာဉ်လေးကို သူမစိတ်ကြိုက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။အသေးစိတ် သေချာပြင်ဆင်ခဲ့တာကြောင့် ငွေလျန်ပေါင်း ရှစ်သောင်းပင် ကုန်ကျခဲ့သည်။ မြေပြင်ပေါ်ခင်းထားတဲ့ အုတ်တွေကအစ အရည်အသွေးမြင့် ပစ္စည်းများကိုသာ အသုံးပြုထားပြီး ဝန်းထဲရှိ သစ်ပင်ပန်းမန်တိုင်းမှာလည်း အလွန်ရှားပါး၍ အဖိုးတန်သော မျိုးစိတ်များ ဖြစ်သည်။ အပင်တစ်ပင်၏တန်ဖိုးက မိသားစုတစ်ခုကို လပေါင်းများစွာ ကျွေးမွေးထားရန်ပင် လုံလောက်သည်။

"ဒါကလည်း ဦးလေးနဲ့အဒေါ်တို့က အစ်မကို တအားချစ်ကြလို့လေ၊ အစ်မအရွယ်ရောက်လာတုန်းက ဒီဥယျာဉ်လေးကို လက်ဆောင်အဖြစ် လုပ်ပေးခဲ့ကြတာမလား..အဲ့ဒီတုန်းကဆို အစ်မရဲ့ ဆံထိုးတင်အခမ်းအနားကို လာတဲ့ မိန်းကလေးတွေအားလုံးရဲ့ မျက်လုံးတွေ ရဲတက်သွားတဲ့အထိမနာလိုဖြစ်နေကြတာလေ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now