Unicode
အပိုင်း ၂၈၂ - လှေက မသယ်နိုင်ဘူး
မုယွမ်ယောင်နဲ့စုချင်တို့ တစ်ညလုံးနီးပါးစကားပြောနေခဲ့ကြပြီး ညဉ့်နက်မှအိပ်ပျော်သွားကြသည်။နောက်တစ်နေ့မနက်မှာတော့ နှစ်ယောက်လုံး စောစောနိုင်လာကြ၏။ သူတို့ဆေးကြောပြီးချိန်မှာပဲ ကျင်းလန်က ဝမ်မော့မော့တို့အဖွဲ့ တံခါးဝမှာစောင့်နေတဲ့အကြောင်း အကြောင်းကြားလာသည်။
မုယွမ်ယောင်က ခန့်မှန်းရခက်စွာပြုံးရင်း
"တကယ်စိတ်လောနေကြတာပဲ။ နေရာချပေးထားလိုက်ဦး မနက်စာစားပြီးမှသွားကြတာပေါ့""ဟုတ်ကဲ့သခင်မလေး"
ဝမ်မော့မော့တို့အဖွဲ့ နားနေဆောင်မှာ မနက်စာစားနေစဉ် အပြင်ကနေ ဆူဆူညံညံအသံတွေကို ကြလိုက်ရသည်။p
"အပြင်မှာဘာဖြစ်နေတာလဲ"
"မစိုးရိမ်ပါနဲ့ မော့မော့၊ ဆိုင်ရှင်ချင်းနဲ့ ပူးရှန့်လုံကအလုပ်သမားတွေ ပစ္စည်းသယ်နေကြတာပါ"
အပြင်ကအသံတွေကိုနားထောင်ကာ ဝမ်မားမားတို့အဖွဲ့ ထမင်းစားနေရင်း စိတ်နဲ့ကိုယ်နဲ့မကပ်နိုင်တော့ချေ။ စားပြီးသွားတော့ စပ်စုချင်စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ တံခါးနားမှာသွားကြည့်ကြတော့သည်။ တစ်ချက်ကြည့်ရုံနဲ့တင် ခြံဝင်းထဲမှာ သေတ္တာပေါင်းတစ်ရာနီးပါးလောက်ချထားတာကို မြင်လိုက်ရသည်။ လက်ထဲမှာအပြည့်သယ်ထားတဲ့သူတွေတောင် ရှိသေး၏။
ဝမ်မားမားက နည်းနည်းကြောင်အသွားသည်။
"သခင်မနဲ့သခင်မလေးက အဲ့လောက်ပစ္စည်းအများကြီးယူမလို့လား"
လျိုမော့မော့က တိတ်တိတ်လေးနှုတ်ခမ်းမဲ့ရင်း စိတ်ထဲမှာရေရွတ်နေသည်။ ထင်ထားတဲ့အတိုင်းပဲ တောကလာတဲ့သူတွေဆိုတော့ အကုန်လုံးကို ရတနာလိုသဘောထားနေတာ၊ သေတ္တာတွေထဲမှာ အိုးတွေ၊ခွက်တွေသာဆိုလို့ကတော့ စုအိမ်တော်ရောက်တာနဲ့ အလှောင်ခံရတော့မှာပဲ။
အထိန်းတော်ချင်းက ဝမ်မော့မော့တို့ထွက်လာတာကိုမြင်တော့ သူတို့ဆီလျှောက်သွားသည်။
"ကျေးဇူးပြုပြီးခဏလောက်စောင့်ပါဦး၊ ဒီပစ္စည်းတွေကိုမှတ်တမ်းတင်ပြီးရင် သေတ္တာထဲထည့်တော့မှာပါ၊ အဲ့အချိန်ကျရင် သင်္ဘောပေါ်တင်လို့ရပါပြီ"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficción históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...