Unicode
အပိုင်း ၂၀၁ - ယွဲ့ဝမ်ရဲ့တစ်ဖက်ခြမ်း
စုချင်က စစ်ချင် သတင်းပေးလာတာကို ကြားတဲ့အခါ ကြိုဆိုဖို့အတွက် သူမလူတွေ အမြန်ခေါ်လိုက်သည်။ အနက်ရောင် ဝတ်ထားတဲ့ ယွဲ့ဝမ်ကို မြင်လိုက်ရချိန် သူမ စိတ်ထဲမှာ တိတ်တဆိတ် ချီးမွမ်းမိ၏။
"ဒီ နိမ့်ကျတဲ့ အမျိုးသမီးက နင်းစစ်ယဲ့ကို နှုတ်ခွန်းဆက်ပါတယ်"
ယွဲ့ဝမ်က သူမကို ထိန်းပေးဖို့ သူ့လက်ကို ဆန့်လိုက်သည်။
“သခင်မ၊ သိပ်ပြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော်က နင်းမျိုးရိုး။ နာမည်က ဟွိုက်ကျင်း။ ကျွန်တော့်ကို ဟွိုက်ကျင်းလို့ပဲ ခေါ်နိုင်ပါတယ်"
ပထမတော့ ယွဲ့ဝမ်ရဲ့ အေးစက်စက် အမူအယာကိုမြင်ပြီး စုချင် စိတ်ထဲကနေ ကြောက်ရွံ့နေခဲ့သည်။ အခု သူရဲ့ ပြေပြစ်တဲ့ အပြုအမူ၊ ယဉ်ကျေးတဲ့ အပြောအဆိုတို့ကို မြင်လိုက်ရတော့ သူမ မထိန်းချုပ်နိုင်စွာ ပြုံးပြလိုက်ရင်း
"စစ်ယဲ့ရဲ့ နာမည်ကို တိုက်ရိုက်ကြီး ဘယ်လိုခေါ်ရဲမှာလဲ.."“သခင်မက ကျွန်တော့်ထက်အကြီးပဲ။ ကျွန်တော့်ကို စစ်ယဲ့(စတုတ္တသခင်လေး)လို့ခေါ်ရင် တကယ်ရှက်စရာကောင်းပါတယ်။ အငယ်တစ်ယောက်အနေနဲ့ အကြီးက တလေးတစား ခေါ်တာကို ငြိမ်ခံနေရင် ဘယ်ကောင်းပါ့မလဲ..."
ယွဲ့ဝမ်၏ မျက်နှာထက်တွင် အမူအယာများစွာ မရှိသော်ငြား သူ့ပတ်ဝန်းကျင်ရှိ အရှိန်အဝါက နူးညံ့လာနေ၏။
စုချင်က ဒါကိုမြင်တော့ ဆက်ငြင်းဖို့ မကောင်းတော့သည်မို့ ပြုံးကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း သခင်လေးနင်းလို့ ခေါ်မယ်ကွယ်။ မင်းရဲ့မွေးရပ်မြေက မြို့တော်မှာလို့ ကြားတယ်။ ကျွန်မတို့ နှစ်သစ်ကူးအတွက် ပြင်ဆင်ထားတာလည်း မြောက်ပိုင်းစာတွေချည်းပဲ။ သခင်လေး သေချာပေါက် စားနိုင်မယ်လို့ ထင်ပါတယ်""ကျေးဇူးတင်ပါတယ်၊ သခင်မ"
နှင်းဘောလုံးကိုင်ပြီး ကြောင်ရပ်နေတဲ့ မုယွမ်ယောင်ကို စုချင်မြင်လိုက်ရတဲ့အခါ အပြစ်တင်သည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်ပြီး
"မင်း အသက်ဖြင့် ကြီးပြီးကြီလှပြီ။ ခုထိ ကစားရတာကြိုက်တုန်း။ သခင်လေးနင်းကို ပင်မခန်းမဆောင်ဆီ အမြန်ခေါ်သွား။ အမေ စားဖိုဆောင်သွားပြီး မင်းပြင်ထားတာတွေကို သွားကြည့်လိုက်ဦးမယ်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...