အပိုင်း ၂၉၂/ အပိုင္း ၂၉၂

413 42 0
                                    

Unicode

အပိုင်း ၂၉၂ - မိသားစုနဲ့ပြန်လည်တွေ့ဆုံခြင်း

မုယွမ်ယောင်ကိုကြည့်လိုက်တဲ့အခါ သခင်မကြီးရဲ့မျက်လုံးထဲမှာ မတူညီတဲ့ခံစားချက်တွေ ဖြတ်ခနဲလက်သွားသည်။

"ဒါ‌က ယောင်အာပေါ့ ဟုတ်လား"

မုယွမ်ယောင်က လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေးပေးလိုက်၏။

"ယွမ်ယောင်က အဖွားကိုနှုတ်ခွန်းဆက်ပါတယ်"

မိန်းမလှနှစ်ယောက်ထဲမှာ ဘယ်ဘက်မှာရှိတဲ့ ကြာပန်းအ‌ရောင်ဝတ်စုံနဲ့တစ်ယောက်က မုယွမ်ယောင်ကိုထဖို့ ကူညီပေးလာသည်။ သူမမှာ တောက်ပတဲ့မျက်နှာနဲ့ မိုးမခရွက်ပုံစံမျက်ခုံးအပြင် ဖီးနစ်မျက်ဝန်းတစ်စုံရှိနေသည်။ ထိုသူကတော့ သခင်မကြီးရဲ့ ဒုတိယချွေးမပင်။

ဒုတိယသခင်မက မုယွမ်ယောင်ရဲ့လက်ကိုကိုင်ကာ သူမကို ဂရုတစိုက်ကြည့်လိုက်သည်။

"အကြီးဆုံးယောင်းမ ယောင်အာကိုကြည့်ပါဦး၊ ဒီလိုသဘာဝအလှတရားမျိုးရှိနေတာ။ လက်ပန်းထိုးတဲ့နေရာမှာလည်း ကျွမ်းကျင်ပြီး လက်ဖက်ရည်အနုပညာမှာလည်း ထဲထဲဝင်ဝင် သိထားသေးတယ်။ ရုပ်ရည်ရော၊ အရည်အချင်းရော ယွီယီထက်နိမ့်ကျမှာမဟုတ်ဘူး။ သခင်မကြီးရဲ့မြေးတွေကတော့ တစ်ယောက်မှညံ့တဲ့သူ မပါဘူး။ အခု မင်းကသခင်မကြီးရဲ့ဘေး ပြန်ရောက်လာပြီဆိုတော့ ရက်နည်းနည်းလောက်သင်ကြားပြီးတာနဲ့ မင်းကိုမနာလိုတဲ့သူတွေ ဘယ်လောက်တောင်ပေါလာလိုက်မလဲ"

တခြားအမျိုးသမီးက အပြုံးလေးနဲ့ ခေါင်းညိတ်သည်။ သူမ သူမိသားစုရဲ့အတွင်းရေးရာကိစ္စတွေကို ကိုင်တွယ်တဲ့ အကြီးဆုံးသခင်မဖြစ်၏။ ဒုတိယသခင်မနဲ့ယှဉ်ရင် သူမက နူးညံ့ပြီး ကျက်သရေရှိတဲ့ပုံစံဖြစ်သည်။ ခပ်လှမ်းလှမ်းနေရာမှာ ခပ်မတ်မတ်နဲ့ စည်းစနစ်ကျကျရပ်နေပြီး အပြုံးကလည်း လျော့လည်းမလျော့၊ များလည်းမများတဲ့ပုံစံဖြစ်နေတာကြောင့် လူတွေအဖို့ သူမကိုနားလည်နိုင်ဖို့ရာ ခက်ခဲသည်။

"ယောင်းမလေးပြောသလိုပဲ ယောင်အာက တကယ် ထူးချွန်ထက်မြက်လွန်းပါတယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now