အပိုင်း ၃၁၁/ အပိုင္း ၃၁၁

333 33 0
                                    

Unicode

အပိုင်း ၃၁၁- သေချာပေါက် အထွန့်တက်သင့်တယ်

မုယွမ်ယောင် လက်မောင်းကို ခေါင်းအုံးရင်း အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ သူမရဲ့ ဖြူဝင်းပြီး အပြစ်ကင်းစင်တဲ့ လက်မောင်းတွေက သူမမျက်နှာပေါ်က ထိခိုက်ဒဏ်ရာတွေနဲ့ အပ်လျက်သားဖြစ်၏။ သိသိသာသာ ဆန့်ကျင်နေမှုက လွန်စွာ ပြင်းထန်ပြီး လူတွေ သူမကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သည်။ အဲ့ဒီမိန်းကလေးမုန့်က ကြမ်းတမ်းရက်စက်လွန်းတယ်။ အားဘယ်လောက်တောင် သုံးပြီး ရိုက်နှက်ခဲ့တာလဲ?

“ဝမ်မော့မော့၊ အဘွားဆီက ညွှန်ကြားချက်တစ်ခုခု ရှိလို့လား?”

“သခင်မကြီးက မနေ့က နေမကောင်းဖြစ်နေတာကြောင့် အလွန် စောစီးစွာ အနားယူခဲ့တာ။ ဒီမနက် သခင်မလေးအကြောင်း ကြားတော့ ချက်ချင်း စိုးရိမ်သွားတာ။ သခင်မကြီးက ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီး အခု အိပ်ရာထဲကတောင် မထနိုင်တာကြောင့် သခင်မလေးဆီ ဒီအစေခံကို အရင် စေလွှတ် ကြည့်ရှုစေခဲ့တာပါ”

မုယွမ်ယောင်ရဲ့ မျက်လုံးတွေထဲတွင် အေးစက်တဲ့ အလင်းရောင် ဖြတ်သွားသည်။ မသိတဲ့သူတွေကတော့ သခင်မကြီးက သူမရဲ့ ဒီမြေးမလေးကို ဘယ်လောက်တောင် ချစ်တယ်ဆိုတာ တွေးမိမှာ မဟုတ်ဘူး။

“အဘွားက ကျွန်မအတွက် စိတ်ပူပေးတာပဲ"

ဝမ်မော့မော့က မုယွမ်ယောင်ရဲ့ မျက်နှာပေါ်က ခံစားချက်ကို ဖတ်ချင်တာကြောင့် သူမကို သေချာ အကဲခတ် ကြည့်ရှုပေမယ့် ခဏကြာအောင် ကြည့်ပြီးနောက်မှာ ဘာမှ မသိနိုင်ခဲ့ချေ။

“သခင်မလေး၊ သခင်မကြီးက သခင်မနဲ့ သခင်မလေးကို ဒီနှစ်တွေ အကုန်လုံးမှာ မမျှမတ ဆက်ဆံခဲ့တာကို သိတာကြောင့် စိတ်နှလုံးသားတစ်ခုလုံးနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် နောက်ဆုံးတော့ မိသားစုကြီးထဲမှာ ကိစ္စရပ်များစွာ ရှိနေတယ်။ မနေ့က သခင်မလေးမုန့်လိုမျိုးပေါ့၊ သူမက အကြီးဆုံးသခင်မလေးကို ဆန့်ကျင်တယ်ဆိုရင် သူမ ပေးဆပ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် သခင်မလေးမုန့်ရဲ့ အဘိုးက နန်းတွင်း ကျင့်ဝတ်မှုးကြီးဖြစ်ပြီး သူမရဲ့အဘွားက ချင်းနင်ရဲ့ မင်းသမီးဖြစ်တယ်။ သူမလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ သွယ်ဝိုက်ပတ်သက်မှုတွေ အလွန်များစွာ ရှိတယ်။ ကျွန်မတို့တွေ နည်းနည်းလေး အပျော်ပျက်တာကြောင့်နဲ့ ဆက်ဆံရေး တင်းမာအောင် မလုပ်နိုင်ပါဘူး။ အဲ့ဒီလိုဖြစ်မယ်ဆိုရင် စုမိသားစုတစ်ခုလုံး အန္တရာယ်ကျရောက်ပါလိမ့်မယ်”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now