အပိုင်း ၂၂၉/ အပိုင္း၂၂၉

652 70 0
                                    

Unicode

အပိုင်း၂၂၉
ယွဲ့ဝမ် သူ့လက်တွေကို ပြန်ရုတ်လိုက်ပြီး သူ့လက်ချောင်းတွေက အနည်းငယ် တုန်ယင်နေသည်။ အဲ့ဒီနောက် တည်ငြိမ်တဲ့ အကြည့်တို့ သူ့မျက်လုံးထဲ ဖြတ်ပြေးသွားပြီး
"ငါ ရိုင်းပျသွားတယ်"
မုယွမ်ယောင်ရဲ့ အတွေးတွေက မတည်မငြိမ် ဖြစ်နေတာကြောင့် သူမ ကြာကြာမနေချင်တော့ပေ။
"ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်မ အရင်သွားနှင့်ပါတော့မယ်..."
"ခဏလေး"
ဘာကြောင့်မှန်းမသိ ယွဲ့ဝမ် သူမကို ဒီတိုင်းလွှတ်ပေးလိုက်လို့ မဖြစ်ဘူးဟု ခံစားလိုက်ရတာကြောင့် သူမကို လှမ်းခေါ်လိုက်သည်။
"ငါ မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ကြည့်ချင်လား?"
မုယွမ်ယောင် သူမလျှာထိပ်ကို ကိုက်လိုက်ပြီး စူးရှသည့် နာကျင်မှုကြောင့် စိတ်တည်ငြိမ်မှု ပြန်ရသွားသည်။
"ဘာလက်ဆောင်လဲဆိုတာ ကျွန်မသိချင်ပါတယ်"
အကယ်၍ သူမက ပုံမှန်မဟုတ်သလို ဆက်ဆံနေလျှင် ယွဲ့ဝမ် အတွေးလွန်နေလိမ့်မည်။ ထို့ကြောင့် စိတ်ထဲ ဘယ်လောက်ဗြောင်းဆန်နေပါစေ ခပ်တည်တည် နေပြလိုက်တာ ပိုအဆင်ပြေမည်။
ယွဲ့ဝမ်က စားပွဲဆီသို့ လျှောက်သွားပြီး သေးငယ်တဲ့ လှောင်အိမ်လေးတစ်ခုကို ယူလာသည်။
မုယွမ်ယောင် လှမ်းကြည့်လိုက်တော့ သူမမျက်လုံးတွေ ပြူးကျယ်သွားပြီး စိတ်ထဲက မအီသာမှုကိုတောင် ခဏတာ မေ့လျော့သွားသည်။
သစ်သားလှောင်အိမ်ထဲတွင် သေးငယ်တဲ့ နှင်းဖြူအကောင်လေးက အဝိုင်းလေးလို ခွေနေသည်။ သူ့ရဲ့ ခန္ဓာကိုယ်ကို ကြီးမားသော အမြှီးဖြင့် ဖုံးထားတာကြောင့် သူ့ပုံစံကို သေချာမမြင်ရပေ။ ယွဲ့ဝမ်က လှောင်အိမ်ကို ယူလာပြီး ဖွဖွလေး ခါလိုက်တော့ အထဲမှ အကောင်လေးက မငြိမ်မသက် ဖြစ်လာပြီး မကျေမနပ်ဖြစ်ကာ မတ်တပ်ရပ်လာသည်။ ထိုအခါမှသာ မုယွမ်ယောင် ရှင်းရှင်းလင်းလင်း မြင်ရတော့သည်။ တခြားဘာအရောင်မှ မရောဘဲ နှင်းဖြူရောင် အမွေးတွေနဲ့ သေးငယ်သောခန္ဓာကိုယ်၊ ကြီးမားသောအမြှီး၊ ပန်းရောင်သန်းကာ ထောင်မတ်နေတဲ့ အမွေးထူ နားရွက်လေးတွေနဲ့ သေးငယ်ပြီး နူးညံတဲ့ နှာခေါင်းထိပ်လေးက အရမ်းချစ်ဖို့ကောင်းတယ်လို့ ခံစားရစေသည်။
"ဒါက..."
မုယွမ်ယောင် မနေနိုင်ဘဲ ရှေ့ကိုနှစ်လှမ်းတိုးလိုက်သည်။ အထဲက အကောင်ငယ်လေးက သူ့နှာခေါင်းနဲ့ ရှေ့လက်ဖဝါးလေးကို လှောင်အိမ်အပြင်ဘက် ထုတ်ထားသည်။ ပြီးတော့ သနားစရာကောင်းစွာ ခေါင်းကလေးမြှောက်ပြီး တအီအီ လုပ်နေလေသည်။
မုယွမ်ယောင် သဘောကျသွားပြီး ထိုအကောင်လေးရဲ့ လက်ဖဝါးလေးတွေကို ထိကြည့်ဖို့ လက်လှမ်းလိုက်သည်။ သူမ ၎င်းကို ထိတော့မယ့်အချိန်မှာ ယွဲ့ဝမ်က ရုတ်တရက် ရောက်လာပြီး သူမလက်ကို နောက်ပြန်ဆွဲသည်။
အစက လှောင်အိမ်ထဲမှ အကောင်လေးက ချစ်ဖို့ကောင်းပြီး ကောင်းကောင်းမွန်မွန် ပြုမူသည့် အကောင်လေးပင်။ ယခု သူ့ပစ်မှတ်ကို လွတ်သွားတဲ့အခါမှာတော့ အစွယ်တွေကို ဖြဲပြပြီး အမြှီးပေါ်က အမွေးတွေ ထောင်နေသည်။ သူ့ကြည့်ရတာ အရမ်းကို ဒေါသထွက်နေသည့်ပုံပင်။
မုယွမ်ယောင်က ခြေသည်းတွေ ထွက်လာတဲ့ သူ့ရဲ့ ရှေ့ဖဝါးတွေကို ကြည့်လိုက်သည်။ ၎င်းတို့က တကယ်ကို ချွန်ထက်လှသည်။ အကယ်၍ သူမသာ ထိလိုက်လျှင် အရေပြားနဲ့ အသားတွေ ပြဲလန်သွားမှာ သေချာသည်။
"သတိထား၊ အဲ့တာက အနောက်ပိုင်း ကွမ်းတုံက နှင်းမြေခွေးပဲ။ သူက ဉာဏ်များပြီး လူတွေကို လှည့်ဖျားရတာ ကြိုက်တယ်"
ယွဲ့ဝမ်က အလျင်အမြန် သတိပေးသည်။
လှောင်အိမ်ထဲမှ နှာမှုတ်နေသော နှင်းမြေခွေးကို မုယွမ်ယောင် စိတ်ဝင်စားနေပြီး သူမ မျက်လုံးတွေက တောက်ပသွားသည်။
"သူ့ပုံစံက ထူးထူးခြားခြား နူးညံ့ပြီး ချစ်ဖို့ကောင်းပေမယ့် စိတ်ကတော့ ထက်ရှနေတာပဲ"
"နှင်းမြေခွေးက ရိုင်းပြီး မယဥ်ပါးတဲ့ မြေခွေးပေမယ့် တစ်ကြိမ်ယဥ်ပါးသွားရင် သူတို့က သူတို့သခင်အပေါ်မှာ အတော်လေး သစ္စာရှိတယ်။ နောက်ပြီး နောက်ပိုင်းကွမ်းတုံက မြေခွေးက အဆိပ်ရှိမြွေတွေကို အစာအဖြစ် စားကြတာ။ အဲ့တာကြောင့် သူတို့ရဲ့ အစွယ်တွေနဲ့ လက်သည်းတွေက သေစေနိုင်တယ်။ သာမန်လူ အကိုက်ခံရရင် အသက်သေဆုံးနိုင်တယ်။ ဒါကြောင့် သူတို့ကို ထိတဲ့အခါ သတိထားဖို့လိုတယ်"
"မုယွမ်ယောင်က လှောင်အိမ်ထဲက နှင်းမြေခွေးကို ကြည့်လိုက်သည်။ ၎င်းက ထောင့်စွန်းတွင် မှီနေကာ ဘေးပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်နေသည်။ ၎င်းရဲ့သေးငယ်တဲ့ နားရွက်တွေက တဆတ်ဆတ် တုန်ခါနေပြီး သူ့ကြည့်ရတာ အင်မတန် နိုးကြားနေပုံရသည်။
"ဘယ်လို ယဥ်ပါးအောင် လုပ်သင့်လဲ"
"နောက်ပိုင်းကွမ်းတုံက နှင်းမြေခွေးတွေက ဉာဏ်အရမ်းကောင်းပြီး တစ်ကောင်နဲ့တစ်ကောင်ကလည်း စရိုက်မတူကြဘူး။ အဲ့တာကြောင့် သူတို့ကို ယဥ်ပါးအောင် လုပ်ရတဲ့ နည်းတွေကလည်း ကွာခြားတယ်။ ဒါပေမယ့် အကြမ်းဖျင်းအားဖြင့်ဆို နှင်းမြေခွေးတွေကို ကြောက်အောင်လုပ်ရမယ်။ နှင်းမြေခွေးက မင်းကို တစ်ကြိမ် ကြောက်သွားပြီဆိုရင် သူ့သခင်ကိုသတ်ဖို့ တွေးတောင်မတွေးရဲတော့ဘူး။ ပြီးတော့ သူ့ကို ကောင်းကောင်းလေး ဆက်ဆံပေးရင် ယဥ်ပါးအောင် လုပ်လို့ရပြီ"
"ဒါက နင်းစစ်ယဲ့ ကျွန်မကို ပေးတဲ့လက်ဆောင်ပေါ့?"
"အင်း… အကယ်၍ မင်းကြိုက်တယ်ဆိုရင် သူ့ကို ယဥ်ပါးအောင်လုပ်ဖို့ တစ်ယောက်ယောက် ခေါ်ပေးမယ်။ နောက်ကျ သူလည်း မင်းကို ကာကွယ်ပေးနိုင်တာပေါ့"
"မလိုပါဘူး"
မုယွမ်ယောင်က နှင်းမြေခွေးကို စိတ်ဝင်စားစွာဖြင့် ကြည့်လိုက်သည်။
"ဒါက နင်းစစ်ယဲ့ဆီက လက်ဆောင်ဖြစ်နေမှတော့ ကျွန်မကိုယ်တိုင် ယဥ်ပါးအောင် လုပ်ပေးသင့်တာပေါ့"
သူမ နှင်းမြေခွေးကို မြင်ပြီးကတည်းက စုမိသားစုမှ အကြီးမ ပျိုးထောင်ထားသည့် မျက်လုံးပြာရှိသော မြွေပါကတိုးကို တွေးမိသွားသည်။ ကြားတာတော့ စုချင်းဝမ် တောင်ပိုင်းတောင်တန်းတွေဆီ သွားတော့ နှင်းမြွေပါကတိုးကို ဖမ်းဖို့ ဆယ်ရက်လောက် နေလိုက်ရတယ်တဲ့။ ထိုအကောင်ကို စုမိသားစုမှ သခင်မလေးက ရတနာတစ်ခုလို သဘောထား၏။ သူမသာ နှင်းမြေခွေးကို ယူသွားလိုက်ရင် နောက်ဆုံးမှာ ဘယ်သူ အသာစီးရမလဲ?
"ဒါပေမယ့်..."
ယွဲ့ဝမ်က အနည်းငယ် စိုးရိမ်သွားသည်။ နောက်ပိုင်းကွမ်းတုံ နှင်းမြေခွေးတွေက တခြားနေရာက မြေခွေးတွေလို မဟုတ်ပေ။ သူမသာ ထိခိုက်သွားရင်...!
သို့ပေမယ့် မုယွမ်ယောင်က နှင်းမြေခွေးရှိတဲ့ လှောင်အိမ်ဆီသို့ လျှောက်သွားပြီး မယူလိုက်သည်။ ထို့နောက် သူမက ယွဲ့ဝမ်ကို အရိုအသေ ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် နင်းစစ်ယဲ့၊ ကျွန်မအတွက် လက်ဆောင်ကို ယူသွားပါတော့မယ်။ နှုတ်ဆက်ပါတယ်"
လမ်းတစ်လျှောက်တွင် မုယွမ်ယောင်က နှင်းမြေခွေးကို ခဏခဏ ကြည့်နေကာ သူမမျက်လုံးကလည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသည်။ သူတို့ အိမ်ပြန်ရောက်တော့ ရုတ်တရက် တစ်ခုခုမမှန်သလို ခံစားလိုက်ရပြီး စုချင် ထွက်လာတာကိုမြင်တော့ ဂရုတစိုက် တွေးကြည့်လိုက်သည်။ သူမက အလျင်အမြန် နှင်းမြေခွေးကို ပြကာ ပြောလိုက်သည်။
"အမေ ဒီမှာကြည့်ဦး ဒီမြေခွေးလေး ဘယ်လိုနေလဲ?"
စုချင်က လှောင်အိမ်ထဲမှ နှင်းမြေခွေးကို တစ်ချက်ကြည့်လိုက်ပြီး သူမအကြည့်တွေကို မုယွမ်ယောင်ဆီသို့ ပြန်ပြောင်းလိုက်သည်။ သူမရဲ့ အမူအရာက အထူးသဖြင့် တည်ငြိမ်နေပြီး ပြောလာသည်။
"ယောင်အာ သမီး...အမေနဲ့ အထဲကို မြန်မြန်လိုက်ခဲ့"
မုယွမ်ယောင်က သူမခေါင်းကို မငုံ့လိုက်ခင် ခဏလောက် ကြောင်နေသည်။ ထို့နောက် သူမစိတ်ထဲတွင် စိတ်ရှုပ်သွားသည်။ အခု သူမ လှောင်အိမ်ထဲက နှင်းမြေခွေးကိုသာ ဂရုစိုက်နေမိခဲ့သည်။ သူမ ခန္ဓာကိုယ်ပေါ်က ဝတ်ရုံကို တကယ်ကို မေ့နေတာပင်!
စုချင်ရဲ့ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ သူမက မုယွမ်ယောင်ကို နောက်ဖက်ခြံဝန်းထဲသို့ ခေါ်လာပြီးနောက် ပြောလိုက်သည်။
"သမီး ဝတ်ထားတဲ့ ဝတ်ရုံက ဘယ်လိုဖြစ်ရတာလဲ?"
မုယွမ်ယောင် အလျင်အမြန်ပဲ သူမဝတ်ရုံကို ချွတ်လိုက်ပြီး မြေခွေးလှောင်အိမ်ရဲ့ ဘေးတွင် ချထားလိုက်သည်။ သူမမျက်နှာက အပြုံးဖျော့ဖျော့ ရှိနေသည်။
"ဖန်လုံအိမ်ကိုသွားတော့ သမီးဝတ်ထားတဲ့ အင်္ကျီက ပါးနေတယ်လေ။ နောက်တော့ နင်းစစ်ယဲ့နဲ့ တွေ့တယ်။ သမီးအင်္ကျီကို ပြန်လဲဖို့ကလည်း အဆင်မပြေဘူးတာနဲ့ သမီးကို ဝတ်ရုံငှားပေးလိုက်တာ"
မုယွမ်ယောင်ကို ကြည့်ရတာ ဘာမှသိပ်ဂရုမစိုက်ပုံပင်။ စုချင်က သူမ ရင်ဘတ်ထဲတွင် အသက်ရှုကြပ်သွားသလို ခံစားလိုက်ရသည်။
"ဒီကလေးမလေးကတော့ ပုံမှန်ဆို ဉာဏ်ကောင်းသလိုလို ထက်မြက်သလိုလိုနဲ့ အခုမှ တုံးအသလို လုပ်နေတယ်။ ဒီဝတ်ရုံကို ဖြစ်သလို သုံးလို့ရမတဲ့လား?"
အကယ်၍ တစ်ဖက်လူက မိန်းကလေးဆိုလျှင် အဆင်ပြေပေမယ့် တစ်ဖက်က စတုတ္ထသခင်လေး ဖြစ်နေသည်။
မုယွမ်ယောင်က ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သည်။
"အဲ့တုန်းက စတုတ္ထသခင်လေးလည်း ရှိနေတော့ သမီးအတွက် အဝတ်အစားလဲဖို့ အဆင်မပြေဘူးလေ။ ဒါပေမယ့် သမီးက အဝတ်ပါးလေး ဝတ်သွားတာဆိုတော့ အိမ်ပြန်ရောက်တဲ့အချိန်ဆို ခဲတောင့်နေလောက်ပြီ။ ဝတ်ရုံငှားဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူး"
"အာ စတုတ္ထသခင်လးက... မေ့လိုက်တော့ ဒီဝတ်ရုံကို သေချာလျှော်ဖွတ်ထား၊ ပြီးရင် အမေ ပြန်ပေးဖို့ တစ်ယောက်ကို လွှတ်လိုက်မယ်၊ အဲ့တာကြောင့် စိုးရိမ်မနေနဲ့"
စုချင်က သူမဖာသာ တွေးလိုက်သည်။ ယွမ်ယောင်က ငယ်သေးပြီး အဲ့လိုအရွယ်ရောက်ဖို့ လိုသေးသည်။ ဒါထက် စတုတ္ထသခင်လေးက ယွမ်ယောင်ထက် ကြီးတာကြောင့် သူက သူမကို ကလေးတစ်ယောက်လိုပဲ သဘောထားမှာပါ။ သူ့မှာ တခြားအတွေးတွေ မရှိလောက်ပါဘူး။ နောင်မှာတော့ သူမ သေချာဂရုစိုက်သင့်သည်။
စုချင်က ဒီကိစ္စကို လွှတ်ထားပေးလိုက်တော့ မုယွမ်ယောင်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဘာကြောင့်မှန်းမသိ စုချင်နဲ့ ယွဲ့ဝမ်အကြောင်း ဆွေးနွေးရတဲ့အချိန် သူမစိတ်ထဲ ခက်ခဲမှုတို့ ခံစားရသည်။
"အမေ မြန်မြန်လေး နှင်းမြေခွေးကို လာကြည့်ပါဦး။ အဲ့တာ နောက်ပိုင်းကွမ်းတုံကနေလာတာ၊ သူက ဉာဏ်နီဉာဏ်နက်များပြီး လူကိုကုတ်ရတာလည်း ကြိုက်တယ်…"
ထိုမှသာ စုချင်က လှောင်အိမ်ထဲက မြွေခွေးလေးဆီကို စိတ်ရောက်သွားတာ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူမ တကယ်ကို သဘောကျသွားသည်။
"သူက တကယ်ကို နူးညံပြီး ချစ်ဖို့ကောင်းတာပဲ၊ ဒီလို နှင်းမြေခွေးမျိုးက တွေ့ရဖို့ရှားတယ်"
သူမက ပြောပြီးသည်နှင့် လက်လှမ်းလိုက်ပြီး ထိလိုက်သည်။ နှင်းမြေခွေးက တူညီတဲ့ လှည့်စားမှုကို လုပ်ချင်ပေမယ့် သူ့ခြေသည်းတွေ အပြင်သို့ မထုတ်မှီ မုယွမ်ယောင်က သူ့လက်ဖဝါးနှစ်ဖက်ကို စားပွဲပေါ်တွင် ဖိထားလိုက်သည်။ သစ်သားလှောင်အိမ်က သူတို့နှစ်ယောက်ကြားတွင် ရှိနေကာ သူ့ကို အတော်လေး နာကျင်စေတာကြောင့် မြေခွေးက သူ့မသိစိတ်ရဲ့ စေ့ဆော်မှုအရ ကိုက်ချလိုက်သည်။ ဒါပေမယ့် သူမလက်ဆီတောင် မရောက်နိုင်ဘဲ မုယွမ်ယောင်က သူ့မေးရိုးကို ညှစ်လိုက်ပြီး သူ့လျှာကို ဆွဲဆိတ်လိုက်သည်။
သူမက နှင်းမြေခွေးအတွက် သင့်လျော်တဲ့ ကစားကွက်တစ်ခုလို ကျွမ်းကျင်ပိုင်နိုင်သော အပြုံးဖြင့် ပြုံးလိုက်သည်။
နှင်းမြေခွေးရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ ၎င်းက ပြန်ဆုတ်ဖို့ ရုန်းကန်နေပေမယ့် မုယွမ်ယောင်က အားသုံးလိုက်သည်။ နာကျင်တာကြောင့် နှင်းမြေခွေးက နောက်တစ်ကြိမ် မလှုပ်ရဲတော့ပေ။
မုယွမ်ယောင်ရဲ့ လှုပ်ရှားမှုကိုမြင်တော့ စုချင်က ပြုံးလိုက်သည်။
"သမီး သတိထားမှဖြစ်မယ်။ သူက လူတွေကို ကုတ်ရတာ ကြိုက်တယ်လို့ သမီးပြောခဲ့တယ်မလား?"
နှင်းမြေခွေးရဲ့ အမွေးတွေက ပိုးသားကဲ့သို့ နူးညံ့ပြီး ချောမွေ့လှသည်။ စုချင်က လှောင်အိမ်ထဲမှ သူ့ကို ထိကြည့်ပြီး ပြုံးလိုက်သည်။
"မင်းက တကယ်နာခံတတ်တာပဲ"
မုယွမ်ယောင်ကလည်း မျက်လုံးမှေးကျဥ်းအောင် ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်တယ်၊ သမီးလည်း သူက တော်တော်နာခံတယ်လို့ ထင်တယ်"
စုချင်က နောက်ပြန်ဆုတ်လိုက်ပြီး မုယွမ်ယောင်ကလည်း သူမလက်ကို ရုတ်လိုက်သည်။ နှင်းမြေခွေးက မုယွမ်ယောင်ကို ဒေါသတကြီးဖြင့် အော်ဟစ်ခြိမ်းခြောက်ပေမယ့် သူမကတော့ အလေးအနက်မထားပေ။
သို့ပေမယ့် စုချင်က ကြောက်လန့်ပြီး ထခုန်လိုက်သည်။
"ဒီမြေခွေးလေးက ကြည့်ရတာ ဒေါသထွက်နေသလိုပဲ။ အကယ်၍ သမီးသဘောကျတယ်ဆိုရင် သေချာ ဂရုစိုက်ပေးသင့်တယ်။ နောက်မှ အမေ စတုတ္ထသခင်လေးနင်းအတွက် ကျေးဇူးတင်လက်ဆောင်လေး ပြင်လိုက်မယ်"
"ဟုတ်ကဲ့ပါ"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now