Unicode
အပိုင်း၃၂၇- စုချင်းဝူ၏အတွေးများ
မုယွမ်ယောင်နဲ့ စုယို့က စင်္ကြန်လမ်းအစွန်က ခုံပုလေးတစ်ခုမှာ ထိုင်လိုက်ကြသည်။ သူတို့ဘေးမှာက ရွှေဝါရောင်ဝတ်ဆံနှင့် ပန်းရောင်ပွင့်ဖတ်တွေရှိသည့် ဂန္ဓာမာပန်းတွေ အတန်းလိုက်ရှိနေသည်။ ရှည်လျားပြီး သေးသွယ်တဲ့ ပွင့်ဖတ်တွေက အပေါ် ကော့တက်နေ၏။ ပွင့်ဖတ်အလွှာတွေက လှပစွာ အစီအရီရှိနေကြသည်။ နောက်ခံမြင်ကွင်းနဲ့ ဆန့်ကျင်လျက် အစိမ်းရောင်ရေပြင်ပေါ်မှာ ပန်းရောင် ကြာပန်းတွေ ပွင့်နေသည့်အတိုင်းပင် သာမန်ထက် သာလွန်စွာနဲ့ နူးညံ့သိမ်မွေ့ကာ သာယာကြည်နူးဖွယ် ကောင်းသည်။
မုယွမ်ယောင် အကြည့်က အဲ့ဒီအပေါ် ကျရောက်နေတာ မြင်ပြီး စုယို့ မျက်မှောင်ကြုတ်သွားသည်။
“အဲ့ဒီဒုက္ခပေးတဲ့ အရှုပ်ထုပ်တွေ အကြောင်း မပြောကြရအောင်။ အချို့လူတွေက သာယာအေးချမ်းတဲ့ ဘဝကို နေထိုင်ကြချင်ပေမယ့် အချို့က အကြောင်းမဲ့ ပြဿနာရှာရတာကို ကြိုက်ကြတယ်”
သူမ မုန့်ယန်ရန့်ရဲ့ အတွေးတွေကို နားမလည်နိုင်ပါ။ သူမမှာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိပြီး သူမရဲ့မိဘတွေကို သေချာ အဖော်ပြုပေးနိုင်ပြီး လှပတဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားရင်း အရသာရှိတဲ့ အစားအသောက်တွေ မြည်းစမ်းစားသောက်ပြီး နေလို့ရပါရဲ့… ဘာကိစ္စ ဒုက္ခရှာရတာလဲ?
မုယွမ်ယောင် ဟက်ခနဲ ရယ်လိုက်ပြီး လက်ညှိုးနဲ့ ဂန္ဓမာပန်းရွက်တို့ကို လှမ်းပြီး တို့ထိလိုက်သည်။ ပန်းရောင် ဂန္ဓမာပွင့်တို့ အနည်းငယ် ယိမ်းနွဲ့သွားတာကို မြင်တော့ သူမ အပြုံးက ပို၍ပင် ပီပြင်လာသည်။
သူမအမူအရာကို ကြည့်ပြီး စုယို့ နှုတ်ခမ်းစေ့ပြီး အကြည့်ကို ပြန်ရုတ်လိုက်သည်။
“မင်း ဒီဂန္ဓမာပန်း အမျိုးအစားကို မသိဘူးလို့တော့ မပြောလိုက်နဲ့နော်? ဒါကို ပန်းမက်မွန်လို့ ခေါ်တာက ပွင့်ဖတ်တွေက ပန်းရောင် မက်မွန်သီးလေးတွေကို ပွင့်လန်းပြီး နာမည်ကြီးတာကြောင့်ပဲ။ ပြောရရင် ဂန္ဓမာပန်းက ဂန္ဓမာပန်းပဲ၊ ဘာ မက်မွန်ပန်းလဲ၊ အဝါရောင်ပွင့်ရင် မကောင်းတာလား? အကြောင်းမဲ့ ညည်းငွေ့ဖို့ ကောင်းလိုက်တာ။ သိပ် စိတ်ရှုပ်စရာကောင်းတာပဲ”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Исторические романыစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...