အပိုင်း ၃၀၈/ အပိုင္း ၃၀၈

309 30 0
                                    

Unicode

အပိုင်း ၃၀၈ - အမေနဲ့သား သဘောထား ကွဲလွဲခြင်း

အကြီးဆုံးသခင်မက စုယွီယိရဲ့လက်ကို စိတ်ကျေနပ်စွာပုတ်ပေးကာ ပြောလိုက်သည်။

“ဒီနေ့ကိစ္စကိုကြည့်ကြည့်ရင် သခင်မကြီးရဲ့သဘောထားက ရှင်းလင်းနေပြီ၊ သူက အဲ့မြေးကို စိတ်ထဲတောင်ရှိတာမဟုတ်ဘူး၊ မနှစ်မြို့တာတောင်ဖြစ်နိုင်တယ်။ ဒါ့ကြောင့်မို့ သူ့လိုလူအတွက်နဲ့တော့ သမီးလက်တွေကို အညစ်ပတ်မခံနဲ့”

စုယွီယိက သံသယဖြစ်စွာဖြင့် ထုတ်မေးလာသည်။

“အမေ သမီးနားမလည်တာရှိသေးတယ်၊ လင်းယွီဟန်ကမတုံးဘူးလို့ အမေပြောတယ်လေ၊ သူ့ပြောတာကိုယုံလို့ရပါ့မလား”

“လင်းယွီဟန်က မုန့်ယန့်ရန်ဖိအားပေးလို့ ဒဏ်ရာအကြောင်းကိုဖုံးဖိပေးတာလို့ သမီးထင်လား၊ လင်းယွီဟန် ဘယ်လိုလူမျိုးလဲဆိုတာ သမီးသိသင့်နေပြီ၊ သခင်မကြီး ခြေရင်းမှာမွေးထားတဲ့ ခွေးတစ်ကောင်သာသာပဲ။ ပုံမှန်ဆို သခင်မကြီးက စိတ်တည်ငြိမ်အောင် အနားမှာအဖော်ပြုခိုင်းတယ်၊ သူသဘောမတွေ့တဲ့သူရှိရင်တော့ လင်းယွီဟန်ကို ‌ထွက်ကိုက်ခိုင်းတယ်။ လင်းယွီဟန်က တရားဝင်အစေခံဆိုတော့ စာချုပ်ချုပ်ထားတဲ့အစေခံတွေလို မဟုတ်ဘူး၊ သူ့အတွက်က စုမိသားစုကနေ ထွက်မသွားနိုင်မှတော့ သခင်မကြီးပြောသမျှ လိုက်နာရုံပဲတတ်နိုင်တယ်လေ၊ ကြည့်လေ သူ့ထက်ကောင်းတဲ့ခွေးမျိုး ရှိပါဦးမလား”

စုယွီယိက အကြီးဆုံးသခင်မ ပြောချင်တဲ့စကားရဲ့အဓိပ္ပာယ်ကို နားလည်လာတာနဲ့အမျှ မျက်လုံးတွေတုန်ရီလာသည်။ လင်းယွီဟန်က ဆေးပညာအကြောင်းနားလည်တဲ့သူမို့ လူကယ်နည်းလည်းသိသလို ထိခိုက်အောင်လည်း လုပ်နိုင်သည်။ သခင်မကြီး လင်းယွီဟန်ကို အနားမှာခေါ်ထားရတဲ့ အကြောင်းအရင်းက ဒီအချက်ကြောင့်လည်း ဖြစ်နိုင်သည်။

“ဒါဆို ဒီနေ့ကိစ္စကလည်း သခင်မကြီးရဲ့အမိန့်လို့ အမေထင်လား”

အကြီးဆုံးသခင်မက ပြုံးရင်းသာ ပြန်မေးလိုက်သည်။

“ဘယ်လိုထင်လဲ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now