အပိုင်း ၃၀၉/ အပိုင္း ၃‌၀၉

344 34 0
                                    

Unicode

အပိုင်း ၃‌၀၉ _ဧကရာဇ်မင်းက မုယွမ်ယောင်ကို တွေ့ချင်တယ်?

အစက မုယွမ်ယောင် ဘာမှမတွေးမိအောင် ကြိုးစားသေးသည်။ဒါမှသာ သူမ ခံစားနေရသောဝေဒနာတွေ အနည်းငယ် သက်သာနိုင်မည်မဟုတ်ပါလော..။ သူမက ကျင်းလန် အမေးကို ကြားလိုက်ပြီးနောက် ရုတ်တရက် အသိစိတ်ပြန်ဝင်လာကာ ပြောလိုက်သည်။

"သူ့လူတွေကို ပြန်သွားဖို့ ပြောလိုက်၊ ပြီးတော့ ပြင်းထန်တဲ့‌ဒဏ်ရာတွေကိုကုဖို့ သုံးနေကျဆေးတွေ ပြင်ဆင်ထားတယ်လို့ ၊ဒါကြောင့် သမားတော်ကို ထပ်ခေါ်ပြီး စစ်ဆေးခိုင်းစရာ မလိုတော့ဘူးလို့ ပြောလိုက်၊ နောက်ပြီး အနီရောင်အနာဆေးပုလင်းကို ယူသွား‌ပေးပြီး ရောက်လာတဲ့လူကိုလည်း ပြောဖို့မှာလိုက်ဦး၊ ဝမ်းကွဲအစ်ကိုကို သူ သူ့ကိုယ်သူ ကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်တယ်လို့"

ယနေ့ သူမက စုချင်းဝူကိုယ်မှ သွေးနံ့ရခဲ့ပြီး သူ တစ်နေရာရာတွင် ထိခိုက်ထားတာ ဖြစ်နိုင်သည်။ စိတ်ရင်း စေတနာကို ဖော်ပြတဲ့လူ ပထမဆုံး ဖြစ်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူမဘက်က တုန့်ပြန်ရပေမည်။ သူက အနာဂတ်မှာ အသုံးဝင်လာနိုင်သည် မဟုတ်ပါလော။

"ဟုတ်ကဲ့ပါ သခင်မလေး"

စုချင်ဝူက သူ့ငယ်သားဆီမှ ဆေးပုလင်းကိုယူလိုက်ပြီး လက်ချောင်းများဖြင့် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။သူ့မျက်လုံးများက အင်မတန်စူးရှသည့်ပုံ ပေါ်‌ နေသည်။

သူ့ငယ်သားက ကျင်းလန်မှာလိုက်သော စကားများကိုသာ ထပ်တလဲလဲ ပြန်ပြောနေရှာသည်။

".....သခင်လေး၊ ကျေးဇူးပြုပြီး စောစောနားလိုက်ပါလား၊ တတိယမင်းသားက အလုပ်မအားလို့ အိမ်တော်ကို လာနိုင်မှာမဟုတ်ဘူး လို့ပြောပါတယ်"

"ငါ နားလည်ပြီ၊ မင်း အခုသွားလို့ရပြီ"

သူ၏ငယ်သားထွက်သွားပြီးနောက် စုချင်းဝူက လက်ထဲရှိ ဆေးပုလင်းကိုသာ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ သူဟာ နက်နက်ရှိုင်းရှိုင်း တွေးနေသည့်ပုံပေါ်နေပေမယ့် သူဘာတွေးနေလဲ သူမသိချေ။ထို့နောက် ဆေးပုလင်းကို အံဆွဲထဲထည့်လိုက်ကာ အိပ်ရာပေါ် အနားယူဖို့ လှဲလိုက်လေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now