Unicode
အပိုင်း ၂၄၉ - သဝန်တိုနေတဲ့ယွဲ့ဝမ်
မုယွမ်ယောင် စာကြည့်ဆောင်ဆီရောက်တော့ အဝတ်တောင်မလဲရသေးဘဲ ဒူးထောက်နေတဲ့ မင်ယင်းကို တွေ့လိုက်ရသည်။ သူမမျက်နှာကဖြူဖျော့နေပြီး အတော်လေး သနားချင့်ဖွယ်ဖြစ်နေ၏။ မုယွမ်ယောင်က ယွဲ့ဝမ်ဘက်လှည့်ကြည့်ပြီး မေးလိုက်သည်။
"ဒါ ဘာအတွက်လဲ"
ယွဲ့ဝမ်က ခေါင်းမော့လာ၏။
"မင်ယင်းက အလုပ်ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ အပြစ်ပေးဖို့ထိုက်တန်တယ်"
"ရှင် အဲ့ဒီအတွက် မင်ယင်းကို အပြစ်တင်လို့မရဘူးလေ။ လီမုနျန် ရုတ်တရက် ဝင်နှောင့်ယှက်လိုက်လို့မဟုတ်ရင် အဲ့ကိစ္စက ချောချောမွေ့မွေ့ပြီးသွားမှာ။ မင်ယင်း ထပါ"
မင်ယင်းက မုယွမ်ယောင်ဘက်ကို လှည့်ကြည့်ပြီး အရိုအသေပေး၏။
"သခင်မလေး ဒီအခွင့်အရေးလွတ်သွားတာက သခင်မလေးရဲ့အစီအစဉ်ကို ပျက်စီးစေရုံတင်မဟုတ်ပါဘူး၊ ကျွန်မအတွက်လည်း အတိတ်ကနာကြည်းချက်တွေကို ဘယ်အချိန်မှ ပြန်တုံ့ပြန်နိုင်မလဲဆိုတာ မသေမချာ ဖြစ်သွားခဲ့တာပါ။ ဒီအစေခံစိတ်ထဲ သက်တောင့်သက်သာ မရှိနိုင်ပါဘူး၊ အပြစ်ပေးပါ သခင်မလေး"
"ဒီအခြေအနေကို ဖြေရှင်းဖို့နည်းလမ်း ရှိပါသေးတယ် အလျင်လိုစရာမလိုဘူး…"
ယွီယိက ထိုစကားကိုပြောရင်း ဝင်လာသည်။
"စစ်ယဲ့ လျန်ကျန်းဘုရင်ခံလီယွမ်ယီ ပြန်လာပါပြီ။ သူက မိန်းကလေးယွီနဲ့ အထိန်းတော်ချင်းကို လာဧည့်ခံပေးဖို့ ပြောနေပါတယ်"
စာကြည့်ဆောင်ထဲရှိလေထုက ရုတ်ချည်းအေးစက်သွားတာမို့ ယွီယိတစ်ယောက် ခေါင်းပိုငုံ့သွား၏။ သူခံစားမိတာဆိုလို့ သတ်ဖြတ်ချင်နေတဲ့ အငွေ့အသက်တွေကိုပင်။ လီယွမ်ယီကတော့ အသက်ရှည်ရှည်မနေချင်တော့ဘူးထင်တယ်၊ ဝမ်ရယ်နှစ်သက်တဲ့သူကိုမှ ကြံစည်ရဲတယ်!
မုယွမ်ယောင်က မတ်တပ်ထရပ်လိုက်သည်။
"အခြေအနေတွေက သိပ်မဆိုးသေးပါဘူး။ ကျွန်မ အခုသွားတွေ့လိုက်မယ်။ အခွင့်အရေးရရင် လျန်ကျန်းဘုရင်ခံရဲ့ တံဆိပ်ကို ယူလာခဲ့မယ်။ မရရင်တော့ နောက်တစ်နည်းစဉ်းစားရမှာပေါ့"
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Ficción históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...