အပိုင်း ၃၄၂/ အပိုင္း ၃၄၂

165 26 0
                                    

Unicode

အပိုင်း ၃၄၂ - ကျင်းလင်ကလူတွေရဲ့ကောင်းမှု

မုယွမ်ယောင်ထပြီးတော့ သူမထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။ ရင်ထဲမှာလည်း အတောမသတ်နိုင်တဲ့ အကြောက်တရားနဲ့ပေါ့။ သူမမှာ ဖုန်းကွယ်စရာ ဘာမှမရှိသကဲ့သို့ ဧကရာဇ်နဲ့ တော်ဝင်သမီးကြီးယိသဲ့ရှေ့မှာ လှည့်ကွက်အနည်းငယ်ပြ‌ချင်ခဲ့သည်။ ကံကောင်းစွာနဲ့ပဲ သူမမှာ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုမှမရှိပဲ ပြည်သူတွေအတွက် ကောင်းစေချင်တဲ့ဆန္ဒသာရှိခဲ့သည်။ မဟုတ်ရင်တော့ သူမ ထိန်းထားနိုင်မှာမဟုတ်ပေ။

အဲ့ဒီအချိန်မှာပဲ နန်းတွင်းအစေခံတစ်ယောက်ဝင်လာပြီး တင်ပြသည်။

"ဧကရာဇ်ကိုတင်ပြပါတယ်၊ ကျင်းလင်မြို့က လူများက လက်ဆောင်ပို့လိုက်ပါတယ်၊ အဲ့ဒါက နန်းတော်တံခါးဝမှာ ရောက်ရှိလို့နေပါပြီ"

ဧကရာဇ်ခဏရပ်တန့်သွားပြီးနောက် မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာသည်။

"ကျင်းလင်မြို့တစ်မြို့လုံးက လက်ဆောင်ပို့လိုက်တယ်လို့ ပြောနေတာလား?"

"ဟုတ်ပါတယ်၊ လက်ဆောင်များကို စောင့်ကြပ်တဲ့အရာရှိက အဲ့လိုပဲပြောပါတယ်"

"ဟုတ်ပြီ၊ လက်ဆောင်ကို အခုယူလာခဲ့ချေ၊ ငါကိုယ်တော် ကြည့်ချင်တယ်"

မကြာခင်မှာပဲ ‌ကျင်းလင်မြို့မှလက်‌ဆောင်ကို အစောင့်များ ယူဆောင်လာသည်။ လက်ဆောင်မှာ နှစ်မျိုးပါရှိသည်။ ပထမတစ်ခုကတော့ အစေ့အ‌ဆံများကို ရှည်လျားတဲ့ ခြင်းတောင်းထဲမှာ အထူးသဖြင့် စပါးနှံတွေနဲ့ ပြည့်နေအောင် ဖြည့်ထားပုံက ‌ပြည့်ဖြိုးပြီးဝင်းဝါလို့နေကာ အားရဖွယ်ကောင်းလှသည်။

တခြားပစ္စည်းတစ်ခုကတော့ အနန္တမြို့သူမြို့သားတွေရဲ့ထီးပဲဖြစ်သည်။ ထီးအဖုံးက အလွန်ကြီးပြီး များစွာသော သေချာသီထားတဲ့ ကြိုးများကထီးဖုံးမှတွဲကျနေသည်။ ပုံစံက သိပ်မလှပေမယ့် လက်ရာမြောက်ပြီး ထူးခြားလှတဲ့အဓိပ္ပာယ်ရှိသည်။

တော်ဝင်မင်းသမီးကြီးယိသဲ့ရဲ့ မျက်နှာပေါ် မှာအပြုံးတစ်ပွင့်ပေါ်လာပြီး ဧကရာဇ်ကိုထကာ ဂုဏ်ပြုလိုက်သည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now