Unicode
အပိုင်း ၃၄၁ - တိုက်ရိုက်သတ်လိုသည့် ရည်ရွယ်ချက်
ဧကရာဇ်မင်းက သူမကို ဖွင့်ဟပြောဆိုလာလိမ့်မယ်လို့ မုယွမ်ယောင် မထင်ထားခဲ့ပေ။ ထိုအချိန်တွင် သူမပါးစပ်ထဲတွင် အဆာပြေမုန့်ရှိနေခဲ့ပြီး မျိုလည်းမချရသေး၊ ထွေးလည်းမထွေးထုတ်ရသေးချေ။
သူမသည် ရာဇပလ္လင်ကိုသာ မျက်လုံးအပြူးသား ကြောင်ကြည့်နေမိတော့၏။
ဧကရာဇ်မင်းက လူအုပ်ဆီသို့ သာမန်ကာလျှံကာ တစ်ချက်မျှ ကြည့်လိုက်ပြီး...သူမရဲ့ လက်ရှိပုံစံကို မြင်လိုက်သောအခါ ချက်ချင်း အော်ရယ်တော့သည်။
"မုယွမ်ယောင်၊ ငါကိုယ်တော်ခေါ်တာ မကြားဘူးလား? ဘာကြောင့် အမြန် အရိုအသေမပေးသေးတာလဲ"
မုယွမ်ယောင် တိတ်တိတ်ကလေး ညည်းညူမိသည်။ ဧကရာဇ်မင်း ပါးစပ်ဟလျှင်ဟချင်း လူတိုင်း၏အကြည့်က ချက်ချင်း သူမဆီ ကျရောက်လာ၏။ လူတွေဝိုင်းကြည့်နေတာကြောင့် သူမ မုန့်ကိုထွေးမထုတ်တော့ဘဲ မျိုချလိုက်ရသည်။
စိတ်ဖိစီးမှုကြောင့်ပဲလား အလွန် စိတ်လှုပ်ရှားသွားခြင်းကြောင့်ပဲလားမသိ မျိုချလိုက်တဲ့မုန့်က လည်ပင်းထဲ သီးသွားတော့သည်။
ဧကရာဇ်မင်းပင် ဒီလို ကြုံရာကျပန်း စကားလေးက မုယွမ်ယောင်ကို သီးသွားစေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ချေ။ ထိုအခိုက်တွင် သူမ မျက်နှာက နီရဲလာပြီး မျက်လုံးများက သီးသွားတာကြောင့် မျက်ရည်များဝဲတက်လာတော့သည်။ သူမ မျက်လုံးပြူးပြီး ကြောင်ကြည့်နေမိပြီး မျက်ရည်များက ကျလုမတတ်ပင်...ဒါကို မြင်ရသူတွေအဖို့လည်း မရှင်းပြတတ်လောက်အောင် ရယ်ချင်လာကြသည်။
ဧကရာဇ်မင်းလည်း ချက်ချင်းထရယ်လိုက်ပြီး..
"ငါ့နန်းတော်က မုန့်တွေက အတော်အရသာရှိပုံပဲ၊ နန်းတွင်းစားဖိုဆောင်က စားတော်ကဲကို ကောင်းကောင်း ဆုချီးမြှင့်ခိုင်းရဦးမယ်"
မုယွမ်ယောင်ကို မြင်လိုက်ရသည့်အခါ တော်ဝင်မင်းသမီးကြီးယိသဲ့ ခေတ္တမျှ ငေးကြည့်နေမိသည်။ သူမရှေ့က မိန်းမငယ်လေးတွင် ကြည်လင်လှပသော မျက်ဝန်းအစုံရှိ၏။ ပါးများက အနီရောင်သန်းနေပြီး ခြုံကြည့်လျှင် သူမဆီတွင် ညှို့ဓာတ်တစ်မျိုးရှိနေသည်။ သို့ပေမယ့် သာမန်လူတွေလို ဟိတ်ဟန်များလည်း မရှိပေ။ ဆန့်ကျင်ဘက်အနေနဲ့ မြင်ရသူကို ပျော်ရွှင်ကြည်နူးစေသည့် အကောင်းဆုံးကျောက်စိမ်းကဲ့သို့ ထိုးဖောက်မြင်ရလောက်အောင် ကြည်ကြည်လင်လင် ရှိနေချေသည်။
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Tarihi Kurguစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...