အပိုင်း ၂၁၇/ အပိုင္း၂၁၇

735 68 0
                                    

Unicode

အပိုင်း၂၁၇

တရားသူကြီးကျောက်ရဲ့ မျက်လုံးထဲတွင် လေးစားမှုတို့ ဖြတ်ပြေးသွားသည်။

"ကောင်းပြီ သမားတော်ကို ခုချက်ချင်း ပင့်လာခဲ့!"

မကြာခင်မှာပဲ ရန်ရှန်းထန်ရဲ့ သမားတော် ကျန်းချွင်းက ဆေးသေတ္တာနဲ့အတူ အပြေးအလွှား ဝင်လာသည်။

"ရန်ရှန်းထန်က သမားတော်ကျန်းချွင်း သခင်ကျောက်ကို အရိုအသေပေးပါတယ်"

"စားပွဲပေါ်က လက်ဖက်ရည်ခွက်တွေကို တစ်ချက်ကြည့်ပေးဖို့ ကျုပ် သမားတော်ကျန်းကို ဒုက္ခပေးရတော့မယ်"

ထန်ပါးဝမ်က ရုတ်တရက် မေးလာသည်။

"ခဏနေပါဦး! သခင်ကျောက်၊ သမားတော်ကျန်းက ကျင်းလင်မြို့ကလေ။ သူ့ကို မုယွမ်ယောင်က ကူညီခိုင်းဖို့ ခေါ်ထားတာဆိုရင် ဘယ်လိုလုပ်မှာလဲ?"

"ဒါဆို မင်း ဘယ်လိုအကြံပြုချင်လဲ"

ထန်ပါးဝမ်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"တရားမျှတမှုကို ပြဖို့အတွက် စားပွဲပေါ်မှာ ကျွန်တော့ငယ်သား သောက်ခဲ့တဲ့ လက်ဖက်ရည်ခွက်နဲ့အတူ လက်ဖက်ရည်ခွက် ဆယ်ခွက်ကို ရောထားမယ်။ ပြီးရင် သမားတော်ကျန်းက တစ်ခွက်ချင်းစီ စစ်ဆေးလိမ့်မယ်။ သူက အဆိပ်မရှိဘူးလို့ပြောရင် အဲ့ဒီခွက်ကို သူသောက်ပြရမယ်။ သူ သတ္တိရှိတယ်ဆိုရင် ဘက်မလိုက်ဘူးဆိုတာ သက်သေပြပြီး အမှန်အတိုင်း ပြောလိမ့်မယ်!"

တရားသူကြီးကျောက်က မျက်မှောင်ကြုတ်လိုက်သည်။

“မဖြစ်ဘူး။ လူတစ်ယောက်ရဲ့ အသက်က ကစားစရာမဟုတ်ဘူး"

"ကျောက်တာ့ရန်၊ ကျောက်တာ့ရန်ရော သမားတော်ကျန်းက မုယွမ်ယောင်ကို ကူညီမယ်လို့ ထင်လား"

"ကျုပ် အဲ့လိုမပြောဘူး"

"ဒါဆို ကျွန်တော့်နည်းလမ်းက ဘာကြောင့် အလုပ်မဖြစ်ရမှာလဲ? သမားတော်ကျန်းက ရိုးသားပြီး သမာသမတ်ကျနေသရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဒါက ဆေးဖက်ဝင်လက်ဖက်ရည် ခွက်အနည်းငယ်လောက် သောက်ရုံပါပဲ။ ကိစ္စပြီးပြီဆိုရင် သမားတော်ကျန်းရဲ့ ထိတ်လန့်မှုအတွက် ငွေလျန်တစ်သောင်း ပေးဆောင်ပါ့မယ်"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now