အပိုင်း ၂၀၈/ အပိုင္း၂၀၈

832 78 0
                                    

Unicode

အပိုင်း၂၀၈

ဖျားနာနေတာ အဆင်မပြေပေ။ မုယွမ်ယောင် စုချင်ရဲ့ စကားတွေကို ကြားတော့ ပိုပြီးတောင် ဝမ်းနည်းလာ၏။ သူမက စောင်ကို ခေါင်းအထိ ဆွဲခြုံလိုက်ပြီး သူမကိုယ်သူမ ပိုးလုံးအိမ်လို စောင်ဖြင့်ထုပ်ပြီး ခုတင်ပေါ်တွင် လှဲနေလိုက်သည်။

စုချင် ဒေါသလည်းထွက်သလို ရယ်လည်းရယ်ချင်မိသည်။

"အမေ ရတနာရှစ်ပါးထမင်း ချက်ထားတယ်။ နည်းနည်းလောက် မစားချင်ဘူးလား"

ထိုအခါမှသာ မုယွမ်ယောင်က စောင်ကို ဆွဲဖယ်လိုက်ပြီး သနားချင်စရာကောင်းသော မျက်လုံးအစုံဖြင့် ပြောလာသည်။

"စားချင်တယ်"

"မြန်မြန်ထ၊ သမီးကို ရေမချိုးခိုင်းပေမယ့် အစားမစားခင်တော့ လက်ကိုဆေးရမယ်"

စုချင် စိတ်ပူနေတယ်ဆိုတာ သိတာကြောင့် မုယွမ်ယောင် ခေါင်းမာမနေတော့ပေ။ ရတနာရှစ်ပါးထမင်း စားပြီးနောက် စွပ်ပြုတ် တစ်ပန်းကန်သောက်ပြီး အိပ်ရာပေါ်တွင် ပြန်လှဲနေရသည်။

တစ်နေကုန် အလွန်အကျွံ အိပ်လိုက်တာကြောင့်ပဲလား တခြားကြောင့်လားတော့ မသိပေ။ ညရောက်တော့ မုယွမ်ယောင်တစ်ယောက် အားအင်တွေပြည့်ပြီး အိပ်မပျော်နိုင် ဖြစ်နေသည်။ စုချင်က သူမအနားမှာနေပြီး စောင့်ကြည့်ချင်ပေမယ့် နောက်ဆုံး မုယွမ်ယောင်က သူမကို ပြန်သွားဖို့ သိမ်းသွင်းနိုင်ခဲ့သည်။ ထို့ကြောင့် ကျင်းလန်ကိုသာ အပြင်မှာ စောင့်နေဖို့ စုချင် မှာခဲ့ရသည်။

မုယွမ်ယောင် ပြတင်းပေါက်ကို ကြည့်လိုက်သည်။ မနေနိုင်ဘဲ မနေ့ညက ရေခဲမီးအိမ်အကြောင်း ပြန်တွေးမိသွား၏။ အရည်များ ပျော်သွားခဲ့တာလား? ချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့ ကြောင်လေးအတွက်ကတော့ သနားစရာပဲ...

ပြန်တွေးနေချိန် မုယွမ်ယောင်ရဲ့ အမူအရာက အနည်းငယ် မှိုင်တွေတွေ ဖြစ်နေ၏။ သူမ သတိပြန်ဝင်လာတော့ ပြတင်းပေါက်မှ နွေးထွေးတဲ့ အလင်းတစ်ခု တောက်ပသွားသလို ဖျတ်ခနဲ စိတ်ထဲထင့်သွားသည်။

မုယွမ်ယောင် ထလိုက်ပြီး သူမ အဝတ်တွေကို ဝတ်ဆင်လိုက်ပြီးနောက် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ပြတင်းပေါက်အစွန်းတွင် ဖယောင်းတိုင် မီးထွန်းထားသော ယုန်မီးအိမ်တစ်ခုကို မြင်လိုက်ရ၏။ အလင်းရောင်က နွေးထွေးလှပြီး လေနှင့်အတူ လှုပ်ယမ်းနေပေမယ့် ငြိမ်းမသွားပေ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now