အပိုင်း ၃၀၇/ အပိုင္း၃၀၇

306 33 0
                                    

Unicode

အပိုင်း၃၀၇_ စုချင်ရဲ့ အမုန်းတရား

ကျင်းလန်နဲ့ ကျင်းချောင်တို့က လုယီဆောင် ဝင်ပေါက်တွင် တစ်ချိန်လုံး စိုးရိမ်စွာ စောင့်နေခဲ့ကြသည်။ ခြံဝန်အတွင်းက ကျယ်လောင်တဲ့ ဆူညံသံတွေ ကြားတော့ သူတို့ အမြန် အထဲဝင်သွားပေမယ့် တံခါးကို စောင့်ကြပ်နေတဲ့ အစေခံကြီးတွေရဲ့ နှင်လွှတ်ခြင်း ခံလိုက်ရသည်။

သူတို့တွေ ပြန်သွားပြီး သူမကို ခေါ်ဖို့ လျိုလျန်ကို သွားရှာချင်စိတ် မထိန်းနိုင်ဖြစ်လာချိန်မှာပဲ မုယွမ်ယောင် ဖြည်းဖြည်း လမ်းလျှောက်ထွက်လာတာကို သူတို့ တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ပျော်ရွှင်မှုကြောင့် တကယ်ပင် မျက်ရည်ကျလာပြီး သူမကို ဘေးနှစ်ဖက်ကနေ အမြန် တွဲကူပေးကြသည်

“သခင်မလေး၊ ဘာဖြစ်တာလဲ?”

မုယွမ်ယောင် မျက်နှာပေါ်က ဒဏ်ရာတွေနဲ့ သူမရဲ့ ပုံမှန်မဟုတ်တဲ့ လမ်းလျှောက်ဟန်ကို ကြည့်ပြီး ကျင်းလန် စိတ်နှလုံးသား ချက်ချင်း နစ်မြှုပ်သွားရသည်။ သူမက မုယွမ်ယောင်ရဲ့ လက်ကို ကျစ်ကျစ် ဆုပ်ကိုင်ကာ မုယွမ်ယောင်အတွက် အားစိုက်မှု လျော့ပါးစေလျက် သူမကို ပိုလွယ်လွယ် မှီနိုင်အောင် ကူညီပေးသည်။

“ဘာမှမဖြစ်ပါဘူး။ ကျီယွဲ့ဉယျာဉ်ဆီ ပြန်ကြရအောင်”

စုချင်က ခြံဝန်းပေါက်မှာ စိတ်ပူရင်း စောင့်ဆိုင်းနေခဲ့သည်။ မုယွမ်ယောင်ကို တွဲကူပေးလာရတာ မြင်တော့ သူမ အမြန် ပြေးသွားသည်။ မုယွမ်ယောင်ရဲ့ ပုံပန်းသွင်ပြင်ကို မြင်ပြီး စုချင် နှလုံးသား ရင်ဘတ်ထဲက ပေါက်ထွက်တော့မလို ခံစားလိုက်ရသည်

“ယောင်အာ? သမီး…၊ သမီး…”

မုယွမ်ယောင် စုချင်ရဲ့ ရင်ခွင်ထဲ မှီချလိုက်ပြီး သူမနားရွက်ကို အသာ ပွတ်သပ်သည်။ သူမ အသံမှာ နူးညံ့တဲ့ အရိပ်အယောင်ပါဝင်ပြီး ပြောလာသည်။

“အမေ၊ သမီး မှားသွားခဲ့တယ်။ သမီး အကောင်းတိုင်း ပြန်လာမယ်လို့ ပြောခဲ့ပေမယ့် အခု သမီးက ဒဏ်ရာ သယ်လာပြီး အမေ့ကို စိတ်ပူစေမိပြီ”

စုချင် မျက်ရည်တွေ သွင်သွင် စီးလို့နေသည်။ ဒီစကားကို ကြားတော့ သူမစိတ်ထဲ အပေါက်ကြီးတစ်ခု ဖြစ်သွားသလို ခံစားရပြီး နှလုံးတစ်ခုလုံး နာကျင်မှုနဲ့ ဆုတ်ဖြဲခံလိုက်ရသလိုပင်။ သူမက လက်လှမ်းကာ မုယွမ်ယောင်ကို ကူညီ ပွေ့ဖက်ကာ အခန်းဆီသို့ ငိုယိုရင်း တွဲခေါ်သွားပေးသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now