Unicode
အခန်း ၂၀၉ - ဧကရာဇ်ရဲ့ ဆုလာဘ်
ယွီယိနဲ့ ယွီဟိန်တို့က အထိန်းတော်ချင်းနောက်ကနေ တိတ်တဆိတ် အတူထွက်လာကြသည်။ အခန်းထဲက ထွက်ပြီးနောက် သူတို့က အထိန်းတော်ချင်းကို ခြံဘေးသို့ အတင်းဆွဲခေါ်သွားလိုက်ကြသည်။
အထိန်းတော်ချင်းက ဒေါသအလွန်ထွက်ကာ သူတို့နှစ်ယောက်ကို ခေါင်းခေါက်လိုက်ပြီး
“မင်းတို့တွေ ရူးသွားပြီလား? လူကြီးသူမကို ထိတ်လန့်အောင် မလုပ်ရဘူးဆိုတာ မသိဘူးလား!”
ယွီယိက ပြုံးစိစိနဲ့ အမြန်တောင်းပန်လိုက်သည်။
“လူကြီးမင်းချင်း၊ ဒီလူငယ်လေးကို အမှန်အတိုင်း ပြောပြစမ်းပါ။ သခင်က ဘေးအိမ်ကတစ်ယောက်ကို ကြွေနေတာမလား…?”
သူက စကားပြောရင်း စုအိမ်တော်ဘက်ဆီ လက်ညှိုးထိုးပြသည်။
ဘေးမှာရပ်နေတဲ့ ယွီဟိန်က အထိန်းတော်ချင်းကို စိုးရွံ့စွာ ကြည့်လာသည်။ သူ ခေါင်းညိတ်ပြတာ မြင်လိုက်ရတော့ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး
“ခုနက သခင်ပြောတာကို ယုံလိုက်မိတော့မလို့။ သခင်က သူပြောတာကို တကယ်မဆိုလိုတဲ့သူ ဖြစ်မယ်လို့ ထင်မထားခဲ့ဘူး!”
အထိန်းတော်ချင်း သူတို့နှစ်ယောက်ကို တစ်ချက်စီ ထပ်ကျွေးလိုက်သည်။
“ဘာဆက်ဖြစ်မယ်ဆိုတာ ငါလည်း မသိသေးဘူး။ မင်းတို့နှစ်ယောက် ရုတ်ရုတ်ရက်ရက် လုပ်လို့ လုံးဝမဖြစ်ဘူးနော်”
“စိတ်မပူပါနဲ့၊ လူကြီးမင်းချင်းရဲ့။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က ယုံကြည်စိတ်အချရဆုံးသူတွေပါ”
ယွီဟိန်က သူ့ရင်ဘတ်သူ အမြန်ပုတ်လို့ အာမခံသည်။
အထိန်တော်ချင်းက မနေနိုင်ဘဲ မျက်လုံးလှန်ကြည့်ကာ
“ဒီနေ့ ဝမ်ရယ်ရဲ့ အပြုအမူသာ အရမ်းသိသာမနေခဲ့ဘူးဆိုရင် မင်းတို့နှစ်ယောက် ဒါကို ဘယ်တော့မှ သိမယ်ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ။ မင်းတို့ကိုယ်မင်းတို့ ယုံကြည်စိတ်ချရပါတယ်လို့ ပြောရဲသေးတယ်!”ယွီယိက ခစ်ခနဲ ရယ်လိုက်သည်။
“ဒါဆို ကျွန်တော်တို့ နောက်နောင် မိန်းကလေးမုနဲ့ တွေ့တဲ့အခါ ပိုပြီး ရိုသေလေးစားသင့်တာပေါ့နော်”
YOU ARE READING
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)
Historical Fictionစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...